backup og meta

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း အကြောင်း ကြားဖူးတဲ့သူရှိသလို ၊ အဲဒီ ပစ္စည်းလေးကို ကိုယ်တိုင် အသုံးပြုနေတဲ့ သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ သန္ဓေတားပစ္စည်း အကုန်လုံးနီးပါးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်ကြသလို ပုံမှန် လာနေတဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတတ်တယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ ဒီဆောင်းပါးလေးထဲမှာ သသားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတဲ့ အကြောင်း ပြောပြပေးတော့မှာပါ။

    IUCD ဆိုတာဘာလဲ ။ ဘယ်နှစ်မျိုးရှိလဲ ။။

    IUCD ဆိုတာ သားအိမ်တွင်းကို ထည့်ထားရတဲ့ သန္ဓေတားပစ္စည်းလေးဖြစ်ပြီး ဆရာဝန်ထည့်ပေးမှရတဲ့ သန္ဓေတားပစ္စည်းလေးပါ။

  • ဟော်မုန်းပါတဲ့ IUCD နဲ့
  • Copper IUCD ဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်။
  • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတော့

    ဟော်မုန်းပါတဲ့ IUCD

    • ဟော်မုန်းပါတဲ့ IUCD ထည့်ပြီးပြီးချင်း ၆ လ အတွင်းမှာ ရာသီသွေးဆင်းတအားများသလို ရက်လည်းရှည်တတ်ပါတယ်။
    • ၆ လနောက်ပိုင်းမှာတော့ အရင်တည်းက ရာသီလာနည်းတတ်တဲ့သူတွေ ၂၀ ရာခိုင်နှုန်းလောက်က IUCD ထည့်ပြီး ရာသီလုံးဝ မလာတော့သလို အရင်က ရာသီလာတာများတဲ့သူ ၅ ရာခိုင်နှုန်းက ရာသီသွေးလုံးဝ ရပ်သွားတယ်လို့ ဆိုပါတယ်။

    ဒါတွေကို ကြည့်ခြင်းအားဖြင့် ဟော်မုန်းပါတဲ့ IUCD တွေဟာ ရာသီစက်ဝန်းကို နှောင့်ယှက်နိုင်တယ်ဆိုတာ သိသာပါတယ်။ လူတစ်ယောက်ချင်းစီ ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။

    Copper IUCD

  • Copper IUCD ကျတော့ စစချင်းထည့်ပြီးပြီးချင်း ၆လ အတွင်းမှာ ာရာသီသွေးဆင်းများတတ်ပြီး ရာသီ ကြောင့်ကိုက်ခဲမှုတွေကို ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ထည့်ပြီး ၆လ ကြာရင်တော့ အားလုံးပုံမှန် ပြန်ဖြစ်သွားပါတယ်။
  • ဟော်မုန်းမပါတဲ့အတွက် သင့်ရာသီစက်ဝန်းကို ရပ်စေမှာမဟုတ်ဘဲ ပုံမှန်အတိုင်းပဲ ဖြစ်စေမှာပါ။
  • IUCD တွေကို ရာသီလာနေတဲ့ အချိန် ထည့်လို့ရလား ။ ။

    ရာသီလာနေတဲ့အချိန် သင်ကတော့ IUCD ကို မထည့်ချင်ပေမယ့် ဆရာဝန်တော်တော်များများက IUCD ကို ရာသီလာနေတဲ့အချိန် ထည့်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့

  • ရာသီလာနေအချိန်မှာ သားအိမ်ခေါင်းက ပျော့ပျောင်းနေတတ်ပြီး ပိုကျယ်နေတဲ့အတွက်ကြောင့် IUCD ထည့်ရတာ ပိုပြီးလွယ်ကူလို့ပါ။
  • ရာသီလာနေတယ်ဆိုတော့ ကိုယ်ဝန်မရှိဘူးဆိုတာ သေချာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာ IUCD သွားထည့်လိုက်မိမယ်ဆိုရင် မိန်းမကိုယ်ပိုးဝင်တာ၊ ကလေးပျက်ကျတာ၊ ကလေးကို နေ့မစေ့ဘဲ မွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
  • ဟော်မုန်းပါတဲ့ IUCD တွေက ရာသီလာနေစဉ် ထည့်ရင် ကိုယ်ဝန်ကို တန်းပြီး ကာကွယ်ပေးပါတယ်။ အခြားရက်တွေမှာထည့်မယ်ဆိုရင်တော့ IUCD ရဲ့ အာနိသင်ရဖို့အတွက် ၇ရက်စောင့်ရမှာ ဖြစ်လို့ အတူနေတာကို ၇ရက် ရှောင်ရပါမယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးသုံးပါ။

    Copper IUCD ကျတော့ ရာသီစက်ဝန်းအပေါ်မှီခိုတာမျိုး မရှိဘဲ ထည့်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန်ကို တန်းပြီး တားဆီးပေးပါတယ်။ အကာအကွယ် မသုံးဘဲ အတူတူ ၅ ရက်လောက်နေပြီးမှ Copper IUCD ထည့်မယ်ဆိုရင်တောင် သူက ကိုယ်ဝန်ကို တားဆီးပေးပါသေးတယ်။

    နောက်တစ်ခု အရေးကြီးတာက တစ်လတစ်ခါ ရာသီလာတိုင်း IUCD သူ့နေရာ အတည်တကျမှာ ရှိနေလား မရှိတော့ဘူးလားဆိုတာကို အဖြေပေးတဲ ကြိုးလေးကို စစ်ပေးဖို့ပါ။ ကြိုးကို မစမ်းမိတော့ဘူးဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ဘာကြောင့်လဲဆိုတော့ IUCD ဟာ ရာသီသွေးနဲ့ အတူ ကိုယ်ခန္ဓါ အပြင်ဘက်ကိုထွက်သွားတာဖြစ်နိုင်သလို ဗိုက်ထဲပေါက်ပြီး ရောက်သွားတာမျိုးလဲ ဖြစ်တတ်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement