backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hair Loss (အမွှေးကျွတ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Hair Loss (အမွှေးကျွတ်ခြင်း)

အမွှေးကျွတ်ခြင်း ဆိုတာဘာလဲ။

သင်၏ဦးရေပြား(သို့)သင်၏တစ်ကိုယ်လုံးတွင်အမွှေးကျွတ်နိုင်ပါသည်။

မျိုးရိုးကြောင့်ဖြစ်စေ၊ဟော်မုန်းပြောင်းလဲမှုများကြောင့်ဖြစ်စေ၊ကျန်းမာရေးအခြေအနေများကြောင့်ဖြစ်စေ(သို့)ဆေးဝါးများကြောင့်ဖြစ်စေ ဖြစ်ပွားတတ်ပါသည်။ အမျိုးသား၊အမျိုးသမီးနှင့် ကလေးများ မည်သူမဆို အမွှေးကျွတ်နိုင်ပါသည်။

အမွှေးသည် ဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်မူတည်ပြီး နည်းမျိုးစုံကျွတ်နိုင်ပါသည်။

ရုတ်တရက်ဖြစ်စေ ဖြည်းဖြည်းဖြစ်စေဖြစ်လာနိုင်ပြီး ဦးရေပြား(သို့)တစ်ကိုယ်လုံးတွင်ဖြစ်ပွားလာနိုင်ပါသည်။ အချို့သောအမွှေးကျွတ်ခြင်းမှာ ယာယီသာဖြစ်ပြီး တခါတရံတွင် ထာဝရဖြစ်သွားနိုင်ပါသည်။

အမွှေးကျွတ်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

အမွှေးကျွတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အမွှေးကျွတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ခေါင်းထိပ်တွင် တဖြည်းဖြည်းပါးလားခြင်း – အဖြစ်အများဆုံးသောအမွှေးကျွတ်ခြင်းပုံစံဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါ အမျိုးသားအမျိုးသမီးများတွင်ဖြစ်ပွားသည်။ အမျိုးသားများတွင် အက္ခရာM ပုံစံဖြင့် ခေါင်းဦးပိုင်းမှ စ၍ အမွှေးကျွတ်လာတတ်သည်။ အမျိုးသမီးများသည် အများအားဖြင့် ခေါင်းဦးပိုင်းတွင် ဆံပင်များကျန်တတ်သော်လည်း ဆံပင်များကျဲလာတတ်သည်။
  • စက်ဝိုင်း(သို့)အကွက်လိုက်ထိပ်ပြောင်ခြင်း – အချို့သူများတွင် ချောမွတ်သော ဒဂါးပြားအရွယ်အစားရှိအကွက်လိုက်ဆံပင်ကျွတ်တတ်ပြီး ဦးရေပြားတွင်အများအားဖြင့် ဖြစ်ပွားတတ်သော်လည်း မုတ်ဆိတ်မွှေး(သို့)မျက်ခုံးမွှေးများတွင်လည်းဖြစ်တတ်သည်။ အချို့သောအခြေအနေများတွင် သင်၏အရေပြားသည် အမွှေးမကျွတ်ခင်တွင် ယားရံခြင်း(သို့)နာကျင်ခြင်းတို့ဖြစ်လာနိုင်ပါသည်။
  • ဆံပင်များကျွတ်ချင်သလိုဖြစ်ခြင်း – ကာယပိုင်းဆိုင်ရာ(သို့)စိတ်ပိုင်းဆိုင်ရာ ရှော့ခ်တခုမှ အမွှေးများကျွတ်ချင်သလိုဖြစ်လာတတ်သည်။ ဘီးဖီးရင်း(သို့) ခေါင်းလျှော်ရင်း(သို့)ဆံပင်အားအသာအယာဖွခြင်းတို့ပြုလုပ်နေစဉ်တွင်ပင် ဆံပင်များလက်တစ်ဆုပ်စာကျွတ်လာနိုင်ပါသည်။ ထိုသို့ဖြစ်ပွားခြင်းဖြင့် အကွက်လိုင်ပြောင်မနေစေသော်လည်း ဆံပင်အုံပါးလာနိုင်ပါသည်။
  • အမွှေးများတစ်ကိုယ်လုံးအနှံ့ကျွတ်ခြင်း – အချို့သောအခြေအနေများနှင့် ကင်ဆာဆေးသွင်းခြင်းကဲ့သို့သော ဆေးကုသမှုများသည် တစ်ကိုယ်လုံးအနှံ့အမွှေးကျွတ်လာနိုင်သည်။ ထိုသို့ကျွတ်ပါက ပြန်ပေါက်နိုင်ပါသည်။
  • ဦးရေပြားအပေါ်တွင် အကွက်များပေါ်လာခြင်း။ ပွေးရောဂါကြောင့်ဖြစ်ပြီး ခံပင်ပျက်စီးခြင်း၊ဦးရေပြားနီမြန်းရောင်ရမ်းခြင်းနှင့် သွေးစိမ့်ထွက်ခြင်းတို့လဲဖြစ်ပွားလာနိုင်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ဆံပင်ကျွတ်လာသောကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်လာခြင်း
  • ရုတ်တရက်(သို့)ဆံပင်အကွက်လိုက်ကျွတ်ခြင်း(သို့)ဘီးဖီးခြင်း၊ခေါင်းလျှော်ခြင်းဖြင့် သာမန်ထက်ပိုများသောဆံပင်များကျွတ်လာခြင်း။ ရုတ်တရက်ဆံပင်များကျွတ်လာပါက ကုသမှုခံယူရန်လိုသည့် ကျန်းမာရေးအခြေအနေတခုခုကို ဆိုလိုတတ်သည်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက အမွှေးကျွတ်ခြင်း ဖြစ်ပွားစေသလဲ။

အမွှေးကျွတ်ရသည့်အကြောင်းအရင်းအတိအကျကို နားလည်ကြခြင်းမရှိသေးချေ။ သို့သော် အောက်ပါ အကြောင်းအရာတခုဖြင့်(သို့)တခုထက်ပို၍ ပတ်သတ်နိုင်သည်။

  • မျိုးရိုးုလိုက်ခြင်း – အမွှေးကျွတ်ရသည့် အဖြစ်အများဆုံးအကြောင်းအရင်းမှာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ပြီး အမျိုးသားပုံစံ(သို့)အမျိုးသမီးပုံစံထိပ်ပြောင်ခြင်းဟူ၍ ရှိသည်။ အမျိုးသားများတွင်ဆံပင်အကွက်လိုက်ကျွတ်၍

ပြောင်နေခြင်းဖြစ်ပြီး အမျိုးသမီးများတွင်ဆံပင်အုံပါးလာခြင်းဖြစ်သည်။ မျိုးရိုးလိုက်ခြင်းသည်ဆံပင်များစကျွတ်သည့် အသက်အရွယ်၊

ဆံပင်ကျွတ်နှုန်းနှင့် ထိပ်ပြောင်သည့်ပမာဏတို့အပေါ်လည်း သက်ရောက်မှုရှိသည်။

  • ဟော်မုန်းပြောင်းလဲမှုများ – ဟော်မုန်းပြောင်းလဲမှုများနှင့် မညီမျှမှုများသည် ယာယီဆံပင်ကျွတ်ခြင်းကို ဖြစ်ပွားစေတတ်သည်။ ထိုသို့ဖြစ်ခြင်းမှာ ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးခြင်း(သို့)သွေးဆုံးမှုစတင်ခြင်း တို့ကြောင့်ဖြစ်တတ်သည်။ သိုင်းရွိုက်အကျိတ် များသည်ဟော်မုန်းပမာဏများအပေါ်သက်ရောက်မှုရှိသောကြောင့်သိုင်းရွိုက်ပြဿနာများသည်လည်း ဆံပင်ကျွတ်စေနိုင်သည်။
  • ကျန်းမာရေးအခြေအနေများ – ဦးရေပြားပိုးဝင်ခြင်း၊အရေပြားရောဂါများနှင့် ဆံပင်ကျွတ်နိုင်သည့် ရောဂါများကြောင့် လည်းဆံပင်ကျွတ်နိုင်သည်။
  • ဆေးကုမှုများ – ကင်ဆာ၊အဆစ်အမြစ်နာ၊စိတ်ကျရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါနှင့် သားဆက်ခြားမှုအတွက် အသုံးပြုသောဆေးများနှင့် ဗီတာမင်အေအလွန်အကျွံသောက်သုံးခြင်း သည် ဆံပင်ကျွတ်စေတတ်သည်။
  • အခြားအကြောင်းအရင်းများ – ကာယပိုင်းဆိုင်ရာ(သို့)စိတ်ပိုင်းဆိုင်ရာရှော့ခ်ရခြင်း၊အချို့သောဆံပင်ပုံစံများနှင့် ကုသမှုများသည်လည်း ဆံပင်ကျွတ်စေနိုင်ပါသည်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက အမွှေးကျွတ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အမွှေးကျွတ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆံပင်ကျွတ်သည့် မျိုးရိုးရာဇဝင်ရှိခြင်း
  • အသက်အရွယ်ကြီးရင့်ခြင်း
  • အာဟာရချို့တဲ့ခြင်း
  • ဆီးချိုနှင့်SLE ကဲ့သို့သောရောဂါအခြေအနေများရှိခြင်း
  • စိတ်ဖိစီးခြင်း စသည်ဖြင့် ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

အမွှေးကျွတ်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်တွင် အမွှေးကျွတ်နိုင်သည်ဟုသင်သံသယရှိပါက သင်၏ဆရာဝန်သည် ပထမဦးစွာ သင်နှင့် သင့်မိသားစုကျန်းမာရေးအခြေအနေများနှင့် ရောဂါရာဇဝင်များကို ရှေးဦးစွာမေးမြန်းတတ်သည်။ ထို့နောက် ဆရာဝန်သည် သင့်ကို စမ်းသပ်မှုအချို့နှင့်စစ်ဆေးရန် အားပေးတတ်ပါသည်။

  • သွေးစစ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းနှင့် ပတ်သတ်သည့် သိုင်းရွိုက်ရောဂါကဲ့သို့သောရောဂါအခြေအနေများကို သိရှိနိုင်ပါသည်။
  • ဆံပင်အားဆွဲ၍စမ်းသပ်ခြင်း – သင်၏ဆရာဝန်သည် ဆံပင်အများအပြားကို ညင်သာစွာဆွဲကြည့်ပြီး ဆံပင်မည်မျှကျွတ်သည်ကို ကြည့်ရှူကာ ဆံပင်ကျွတ်သည့် အဆင့်ကိုခန့်မှန်းနိုင်သည်။
  • ဦးရေပြားအသားစယူခြင်း – ဦးရေပြားမှ ဆံပင်အနည်းငယ်(သို့)အရေပြားစအချို့ကိုခြစ်ယူကာ ပိုးဝင်နေခြင်းရှိမရှိကို ဆံပင်အမြစ်များအား စစ်ဆေးကြည့်ရှူခြင်းဖြစ်သည်။
  • အလင်းရောင်ပါသည့် မိုက်ခရိုစကုပ်ကြည့်ခြင်း– သင်၏ဆရာဝန်သည် အထူးကိရိယာတခုကိုသုံးကာ ဆံပင်ရင်းတွင် အဖျားရှူးနေခြင်းရှိမရှိ ကြည့်ရှူကာ ဆံနွယ်၏ ဖြစ်ပွားနိုင်သည့် ရောဂါများကို ဖော်ထုတ်တတ်သည်။

အမွှေးကျွတ်ခြင်း ကို ဘယ်လိုကုသလဲ။

အချို့သောဆံပင်ကျွတ်သည့် ပုံစံများအတွက် ကုသမှုကို ရယူနိုင်သည်။ သို့သော်လည်း အချို့အခြေအနေများတွင် ကုမရနိုင်ပဲထာဝရဖြစ်ကာ အချို့တွင် ယာယီသာဖြစ်ပွားတတ်ပါသည်။

သင်၏အခြေအနေအပေါ်မူတည်၍ သင်၏ဆရာဝန်သည် သင့်အတွက် ဆေးကုသမှု၊ခွဲစိတ်မှု၊လေဆာဖြင့်ကုသမှု၊ဆံပင်တု (သို့)ဆံပင်အပိုင်းအစအချို့ကို ကုသမှုအဖြစ်ပေးနိုင်ပါသည်။ ရည်ရွယ်ချက်မှာ ဆံပင်များပြန်ရှည်စေရန် နှင့် ဆံပင်ကျွတ်ခြင်းကို နှေးကွေးစေခြင်းဖြစ်သည်။

ဆေးဝါးကုသမှုများ

အကယ်၍သင်၏ဆံပင်ကျွတ်နေခြင်းမှာ ရှိပြီးသားရောဂါတခုခုကြောင့်ဖြစ်ပါက ထိုရောဂါအတွက် ကုသမှုခံယူသင့်ပါသည်။ အကယ်၍ ဆေးဝါးတခုခုမှ ထို သို့ဆံပင်ကျွတ်နေစေပါက သင်၏ဆရာဝန်သည် ထိုဆေးကို ဖြတ်ရန် ညွှန်ကြားတတ်သည်။ ထိပ်ပြောင်ခြင်းကို ကုသသည့်ဆေးများမှာ minoxidil နှင့် finasteride တို့ဖြစ်သည်။

မည်သည့်ဆေးကိုမျှစမ်းမသုံးခင် သင်၏ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

ခွဲစိတ်ခြင်း

အဖြစ်အများဆုံးသော ကုမရသည့် ဆံပင်မွှေးကျွတ်ခြင်းသည် ခေါင်း၏ထိပ်ပိုင်းတွင်သာဖြစ်ပွားခြင်းကို တွေ့ရှိရသည်။

ဆံပင်အစားထိုးခြင်း(သို့)ပြန်စိုက်သောခွဲစိတ်မှုတို့ကိုလည်းသင့်၏ကျန်ရှိသောဆံပင်အများစုမှပြန်လည်လုပ်ဆောင်ပေးနိုင်ပါသည်။

ထိုသို့ပြုလုပ်စဉ်တွင် သင်၏ခွဲစိတ်ဆရာဝန်သည် ဆံပင်အနည်းငယ်ပါသောအရေပြားစအသေးလေးများကို သင့်ဦးရေပြား၏အနောက်(သို့) ဘေးဘက်မှ ဖြတ်ယူပြီး ကွက်လပ်ဖြစ်နေသောသင်၏ဦးရေပြားတွင် ပြန်စိုက်ပေးသည်။ ထိုသို့ခွဲစိတ်ပြီး ရလဒ်များကောင်းစေရန် သောက်ဆေးများ သောက်ရန်လည်း ညွှန်ကြားခံရနိုင်သည်။ ခွဲစိတ်မှုအစီအစဉ်များသည် အကုန်အကျများပြီး အလွန်နာကျင်နိုင်ပါသည်။ ဖြစ်ပွားနိုင်သောဘေးထွက်ဆိုးကျိုး

များမှာ ပိုးဝင်ခြင်းနှင့် အမာရွတ်ကျန်နေခြင်းတို့ဖြစ်သည်။

ဆံပင်တုနှင့် ဆံပင်အပိုင်းအစများ

ကုသမှုဖြင့် တိုးတက်မှုမရှိပါက(သို့)ဆေးကုသမှုအစား မူကွဲနောက်တစ်မျိုးအနေနဲ့အသုံးပြုတတ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမွှေးကျွတ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမွှေးကျွတ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အာဟာရမျှတသောစားသောက်မှုပုံစံကို အသုံးပြုခြင်း
  • တင်းကျပ်သော ဆံပင်ပုံစံများ ဥပမာ ဆံထုံးထုံးခြင်း၊ဆံပင်တွင် အပတ်ပတ်ခြင်း(သို့)ကျပ်ဆံမှီးကျစ်ခြင်းစသည်တို့ကို ရှောင်ကြဉ်ခြင်း
  • သင်၏ဆံပင်အား ပြင်းထန်စွာလိမ်ခေါက်ခြင်း၊ပွတ်တိုက်ခြင်း(သို့)ဆွဲခြင်းတို့ကို ရှောင်ကြဉ်ခြင်း
  • ခေါင်းလျှော်စဉ်တွင် သင်၏ဆံပင်ကို ညင်သာစွာကိုင်တွယ်ပါ။ သွားစိပ်ကြဲသောဘီးများကို အသုံးပြုခြင်းဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါသည်။
  • ဆံပင်အား လိပ်စေသည့်သံများသုံးခြင်း၊အပူဖြင့်လိပ်ထားခြင်း၊ပူလောင်သည့် ဆီများဆံပင်ကို လိမ်းခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hair Loss (အမွှေးကျွတ်ခြင်း) ကဘာလဲ။

PasteTextHere

Hair Loss (အမွှေးကျွတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

PasteTextHere

လက္ခဏာများ

Hair Loss (အမွှေးကျွတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

PasteTextHere

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

PasteTextHere

အကြောင်းရင်းများ

Hair Loss (အမွှေးကျွတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hair Loss (အမွှေးကျွတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

PasteTextHere

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hair Loss (အမွှေးကျွတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

PasteTextHere

Hair Loss (အမွှေးကျွတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

PasteTextHere

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement