backup og meta

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

    ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

    ကျန်းမာသန်စွမ်းပုံမပေါက်ဘဲ မွဲခြောက်ခြောက်ဖြစ်နေသည့်အပြင် ခြောက်သွေ့တဲ့ဆံပင်တွေဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြောက်သွေ့နေတဲ့ဆံပင်ရှိရင် အမြန်ဆုံးထိန်းသိမ်းသင့်တာပေါ့။

    ဆံပင်တွေရဲ့ အပြင်လွှာတွေဟာ လုံလောက်တဲ့အစိုဓါတ်ကို မထိန်းသိမ်းနိုင် မစုပ်ယူနိုင်တော့တဲ့အခါမှာ ဆံပင်တွေ ခြောက်လာပါတယ်။ ရလဒ် အနေနဲ့တော့ ကြွပ်ဆတ်ပြီး စွမ်းအားမရှိတဲ့ပုံ ပေါက်လာတော့တာပါပဲ။ ဒါကလည်း ဖျားနာခြင်း၊ အာဟာရ လိုအပ်ခြင်း ပြင်းထန်တဲ့ ဆံပင်အလှကုန် တွေသုံးစွဲခြင်း ၊ ခေါင်းလျှော်များခြင်း၊ ကလိုရင်း ပါတဲ့ ရေနဲ့အထိအတွေ့များခြင်းနဲ့ အပူပေးထားတဲ့ ဆံပင်ပုံဖော်ကိရိယာတွေ အသုံးများခြင်း သို့မဟုတ် ဆံပင်ဆေးဆိုးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

    သင့်ဆံပင်ကို ကောင်းကောင်းဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ သင့်ဆံပင်အမျိုးအစားအတွက် သင့်လျော်ကောင်းမွန်တဲ့ ဆံပင်အလှကုန် တွေသုံးတာ နဲ့ ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ ပျော့ဆေးတွေကိုသုံးတာက သင့်ဆံပ င်ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အခြားရိုးရှင်းတဲ့ အိမ်တွင်းသုံးပစ္စည်းတွေကလည်း ခြောက်သွေ့နေတဲ့ဆံပင်ကို ပြုပြင်ပေးနိုင်ပြီး နဂိုမူလကျန်းမာသန်စွမ်းပြီးတောက်ပတဲ့ဆံပင်ကို ပြန်လည် ပိုင်ဆိုင်စေပါတယ်။

    1. သံလွင်ဆီ

    သံလွင်ဆီဟာ ခြောက်သွေ့တဲ့ဆံပင်အတွက် လူကြိုက်အများဆုံးပစ္စည်းပါ။ vitamin E နဲ့ antioxidants တွေ ကြွယ်ဝများပြားစွာပါဝင်ခြင်းက ပျက်စီးနေတဲ့ဆံပင်တွေကို ဆံသားအပြင်လွှာကို အစိုဓါတ်နဲ့ထိန်းထားလိုက်ခြင်းအားဖြင့် ပြန်လည်ကုသပေးနိုင်ပါတယ်။ သံလွင်ဆီကို ဆံပင်သားအလွန်ခြောက်သွေ့နေသူတွေအတွက် ဆံပင်ကိုပြန်လည်အားဖြည့်ပေးခြင်း၊ ပိုမိုတောက်ပလာစေခြင်းနဲ့ အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးခြင်းတို့ဖြစ်စေဖို့ Hot oil treatment အနေနဲ့ အသုံးပြုလို့ရပါတယ်။

    • သင့်ဆံပင်အရှည်အတွက် လုံလောက်မယ့် သံလွင်ဆီပမာဏကို ခွက်ထဲထည့်ပြီး Microwave ထဲမှာ ဖြည်းဖြည်းချင်းအပူပေးပါ။

    • ပူနွေးနေတဲ့ဆီတွေကို ဦးရည်ပြားနဲ့ ဆံပင်အပေါ်ယံလွှာတွေကိုလိမ်းပေးပါ။ သင့်ဦးရည်ပြားကို ၅မိနစ်မှ ၁၀မိနစ်ထိ ညင်သာစွာ နှိပ်နယ်ပါ။

    • သင့်ဆံပင်ကို တစ်ညလုံးသို့မဟုတ် အနည်းဆုံးနာရီဝက်ခန့် သဘက်နွေးနွေးနဲ့ ပေါင်းထားပေးပါ။

    • နောက်ဆုံးမှာတော့ သင့်ဆံပင်နဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးသုံးပြီးလျှော်ပေးပါ။

    • သင့်ဆံပင်ကို လိုအပ်တဲ့အာဟာရတွေပေးနိုင်ဖို့နဲ့ ဂရုစိုက်ထိန်းသိမ်းဖို့ ဒါကို အနည်းဆုံး တစ်ပတ်တစ်ခါ လုပ်ပေးနိုင်ပါတယ်။

    2. မရောနိစ်

    မရောနိစ်ဟာ ခြောက်သွေ့တဲ့ဆံပင်ကို အိမ်မှာပြန်လည်ပြုပြင်ဖို့အတွက်ကောင်းမွန်တဲ့ပစ္စည်းတစ်ခုပါ။ သူ့မှာ ပရိုတိန်းတွေအများကြီးပါဝင်ပြီး သင့်ဆံပင်ကို ပျော့ပျောင်းတောက်ပြောင်စေပါတယ်။

    • အဆီအပြည့်အဝပါဝင်တဲ့ မရောနိစ် ခွက်တစ်ခွက်ယူပါ။ စိုထိုင်းနေတဲ့ဆံပင်နဲ့ ဦးရည်ပြားပေါ်မှာ ထူထူလေးလိမ်းပေးပါ။

    • ဦးရည်ပြားထဲကို မရောနိစ်ဝင်အောင် နှိပ်နယ်ပေးပြီး ဆံပင်အရင်းမှအဖျားထိ မရောနိစ်ဝင်အောင်ပြုလုပ်ပါ။

    • ပလတ်စတစ်ဦးထုပ်နှင့် သင့်ဆံပင်နဲ့ခေါင်းကို တစ်နာရီခန့်အုပ်ထားပါ။

    • ကြက်သီးနွေးရေကိုသုံးပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ချလိုက်ပါ။

    • အလွန်အမင်းခြောက်သွေ့တဲ့ဆံသားတွေကို ရေဓါတ်ဖြည့်ပေးဖို့ အပတ်တိုင်းလုပ်ပေးပါ။

    3. ကြက်ဥ

    ကြက်ဥတွေဟာ ခြောက်သွေ့ပျက်စီးနေတဲ့ဆံပင်တွေအတွက်လည်းကောင်းမွန်ပါတယ်။ ပရိုတိန်းနဲ့ lecithin အရင်းအမြစ်ကောင်းဖြစ်တဲ့ ကြက်ဥဟာ ပျက်စီးပြီး ဆံသားသေနေတဲ့ဆံပင်တွေကို အစိုဓါတ်ဖြည့်ပေးခြင်းအားဖြင့် သန်မာလာစေပြီး တောက်ပပျော့ပျောင်းလာစေပါတယ်။

    • ကြက်ဥအကာကို ကြက်သီးနွေးရေ စားပွဲဇွန်း၂ဇွန်းနဲ့ခေါက်ပါ။ အရောကို စိုထိုင်းနေတဲ့ဆံပင်နဲ့ဦးရည်ပြားပေါ်လိမ်းပြီး လက်ချောင်းထိပ်တွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေအေးနဲ့ခေါင်းလျှော်လိုက်ပါ။ သင့်ဆံပင်အခြေအနေပေါ်မူတည်ပြီး တစ်ပတ် တစ်ခါ သို့မဟုတ် ၂ခါ လုပ်ပေးနိုင်ပါတယ်။

    • ကြက်ဥ၃လုံး၊ သံလွင်ဆီ စားပွဲဇွန်း၂ဇွန်းနဲ့ ပျားရည် စားပွဲဇွန်း၁ဇွန်းကိုရောမွှေပါ။ အရောကို စိုနေတဲ့ဆံပင်နဲ့ ဦးရည်ပြားပေါ်လိမ်းပေးပါ။ shower cap နဲ့ နာရီဝက်ခန့်အုပ်ထားပေးပါ။ ပြိးရင်တော့ ရေအေးနဲ့ ခေါင်းလျှော်ရည်အပျော့စားကိုသုံးပြိးခေါင်းလျှော်လိုက်ပါ။ သင့်ဆံပင် ပိုးသားလိုပျော့ပျောင်းတောက်ပနေဖို့အတွက် တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။

    4. ဘီယာ

    ဘီယာကလည်း ဆံပင်ပျော့ဆေးအဖြစ် အတော်အသုံးတည့်ပါတယ်။ ဘီယာထဲမှာပါဝင်တဲ့ ပရိုတိန်းဓါတ်ဟာ ပျက်စီးနေတဲ့ ဆံပင် အပေါ်ယံလွှာတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံပင်အရင်းအမြစ်တွေကို အာဟာရဖြည့်ပေးပါတယ်။ ဒါကသင့်ဆံပင်ကို တောက်ပချောမွတ်စေတယ်လေ။

    • သင့်ဆံပင်ကို ပုံမှန်အတိုင်းလျှော်ပြီး ဘီယာအနည်းငယ် ဖြန်းပေးပါ။ ဆံပင်ကို ဒီတိုင်းခြောက်သွားအောင် ထားလိုက်ပါ။ ခြောက်သွားတဲ့အချိန်မှာ သင့်ဆံပင်က ချောမွတ်တောက်ပနေပါလိမ့်မယ်။

    • သင့်ဆံပင်ကို လေမှုတ်ပြီး အခြောက်မခံခင် သို့မဟုတ် ပုံမသွင်းခင်လည်းဘီယာကိုဖြန်းပေးနိုင်ပါတယ်။

    5. ထောပတ်သီး

    ထောပတ်သီးမှာပါဝင်တဲ့ အဆီ၊ ဗီတာမင် A, E ၊ ပရိုတိန်းနဲ့ အခြားသော သတ္တုဓါတ်အမျိုးမျိုးဟာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင်တွေအတွက် ကောင်းကျိုးဖြစ်စေမှာပါ။ ထောပတ်သီးဟာ ခြောက်သွေ့နေတဲ့ ဆံပင်အပေါ်ယံလွှာတွေကို အစိုဓါတ်ဖြည့်ပေးပြီး သင့်ဆံပင်တွေကို သန်စွမ်းစေပါတယ်။

    • ထောပတ်သီးမှည့်တစ်လုံးကို အခွံခွာပြီးခြေလိုက်ပါ။ wheat-germ oil နဲ့ jojoba oil လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီကိုရောပြီး ချောမွေ့တဲ့ အနှစ်ရအောင်လုပ်ယူပါ။ ဒီအရောကို ခေါင်းလျှော်ပြီးစ ဆံပင်မှာ အရင်းကနေ အဖျားထိလိမ်းပြီး shower capနဲ့အုပ်ထားပါ။ နာရီဝက်ခန့် ထားပြီးတဲ့နောက်မှာတော့ ကြက်သီးနွေးရေနဲ့ ခေါင်းပြန်လျှော်လိုက်ပါ။ တစ်ပတ်တစ်ခါ သို့မဟုတ် ၂ခါ ပြုလုပ်ပေးပါ။

    • အခွံခွာပြီးသား ထောပတ်သီးမှည့်တစ်လုံးကို ခြေပြီး သံလွင်ဆီ စားပွဲဇွန်း၂ဇွန်းနဲ့ရောပါ။ စေးပျစ်ချောမွတ်နေတဲ့အထိ သေချာမွှေပေးပါ။ ခေါင်းလျှော်လိုက်ပါ။ ဒီအရောကို သင့်ဆံပင်မှာလိမ်းပြီး နာရီဝက်ခန့်ထားပါ။ နောက်ဆုံး ရေဆေးချလိုက်ပါ။ ဒါကိုတော့ တစ်ပတ်တစ်ခါလုပ်ပေးပါ။

    6. ငှက်ပျောသီး

    ငှက်ပျောသီးဟာ အလွန်အမင်းခြောက်သွေ့ ပျက်စီးနေတဲ့ ဆံပင်အတွက် တကယ်ကောင်းတဲ့ပစ္စည်းတစ်မျိုးပါပဲ။ potassium မြင့်မားစွာပါဝင်ပြီး အစိုဓါတ်တွေပါဝင်ခြင်းက အဖျား၂ခွဖြစ်တာကိုကာကွယ်ပေးပြီး ဆံပင်ကို ပျော့ပျောင်းစေကာ ကြုံ့ဆန့်နိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။

    • အမှည့်လွန်နေတဲ့ ငှက်ပျောသီး သို့မဟုတ် ငှက်ပျောသီးမှည့်တစ်လုံးကိုခြေပြီး သင့်ဆံပင်အနှံ့အရင်းမှ အဖျားထိ သေချာလိမ်းပေးပါ။ တစ်နာရီကျော်ကျော်ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။ အကျိုးသက်ရောက်မှုကောင်းစေဖို့ တစ်ပတ်ကို တစ်ခါလုပ်ပေးပါ။

    • ဒါမှမဟုတ် ငှက်ပျောသီးမှည့် သို့မဟုတ် အမှည့်လွန်ငှက်ပျောသီးတစ်လုံးကို ဗာဒံဆီ စားပွဲဇွန်းတစ်ဇွန်း၊ ပျားရည် စားပွဲဇွန်း၂ဇွန်းနဲ့ ရောမွှေပေးပါ။ ဒီအရောကို သင့်ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်၂၀မှ ၃၀ထိထားပြီး ကြက်သီးနွေးရေနဲ့ သေချာ ဆေးကြောပေးပါ။ ချောမွေ့တောက်ပြောင်တဲ့ ဆံပင်ရဖို့ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါလုပ်ပေးပါ။

    7. ပျားရည်

    ပျားရည်ကလည်း ခြောက်သွေ့တဲ့ဆံပင်အတွက် ဆေးကောင်းတစ်လက်ပါ။ ပျားရည်ဟာ သင့်ဆံပင်ထဲကို အစိုဓါတ်တွေထည့်သွင်းပေးနိုင်ပြီး ပျော့ပျောင်းတောက်ပစေကာ အာဟာရကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။

    • ခေါင်းလျှော်ပြီးစ စိုစွတ်နေတဲ့ဆံပင်ထဲကို ပျားရည်ခွက်တစ်ဝက်ထည့်ပြီး ဦးရည်ပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။ shower cap ကို နာရီဝက်ခန့်ဆောင်းထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချပါ။ အကျိုးသက်ရောက်မှု ကောင်းမွန်စေဖို့ တစ်ပတ် ၂ကြိမ်လုပ်ပေးပါ။

    • သံလွင်ဆီ စားပွဲဇွန်း၄ဇွန်း၊ glycerin စားပွဲဇွန်း၂ဇွန်းနဲ့ ပျားရည် စားပွဲဇွန်း၂ဇွန်းကိုရောပါ။ သင်ခေါင်းလျှော်ပြီးတိုင်းမှာ ပျော့ဆေးအဖြစ် အသုံးပြုပါ။ သင့်ဆံပင် အရမ်းခြောက်နေတယ်လို့ ခံစားရတိုင်း ဒီလိုလုပ်ပေးပါ။

    • နောက် နည်းလမ်းတစ်ခုကတော့ သင်သုံးနေကျ ပျော့ဆေးထဲမှာ ပျားရည်ကိုရောလိုက်ပါ။ ဒါကိုတော့ တစ်ပတ်တစ်ခါထက်ပိုပြီးမလုပ်ပါနဲ့။

    8. ရှားစောင်းလက်ပတ်

    ဗီတာမင်တွေ သတ္တုဓါတ်တွေနဲ့ အမိုင်နိုအက်စစ်တွေ ပြိုင်ဘက်မရှိရောနှောပါဝင်နေတဲ့ ဒီရှားစောင်းဟာ ခြောက်သွေ့ပျက်စီးနေတဲ့ဆံပင်တွေအတွက် ကောင်းကျိုးများစွာဖြစ်ပေါ်စေမှာပါ။

    • ရှားစောင်းဂျယ် ခွက်တစ်ဝက်၊ ကြက်ဆူဆီနဲ့ ပဲနံ့သာမှုန့်တွေ လက်ဖက်ရည်ဇွန်း၂ဇွန်းစီ ၊ ပင်စိမ်းမှုန့် လက်ဖက်ရည်ဇွန်း၁ဇွန်းတို့ကိုရောမွှေပါ။ အရောကို ဦးရည်ပြားနဲ့ ဆံပင်မှာလိမ်းပေးပြီး shower cap အုပ်ကာ ညအိပ်လိုက်ပါ။ နံနက်ရောက်ရင်တော့ ခေါင်းလျှော်ရည်အပျော့စားသုံးပြီးခေါင်းလျှော်ပါ။ တစ်လ ၂လအတွင်း ကောင်းမွန်တဲ့ရလဒ်ရလာဖို့ အနည်းဆုံးတစ်ပတ် တစ်ကြိမ်တော့လုပ်ပေးပါ။

    9. ရှာလကာရည်

    ရှာလကာရည်ဟာ ဆံပင်ခြောက်သွေ့ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ခေါင်းလျှော်ရည်နဲ့အခြားပစ္စည်း အကြွင်းအကျန်တွေစုပုံနေတာကို ဖယ်ရှားပေးပါတယ်။ ရှာလကာရည်ဟာ ဦးရည်ပြားရဲ့ ပုံမှန် pH လယ်ဗယ်ကိုထိန်းထားပေးနိုင်ပြီး ဆံပင်ခြောက်တဲ့လူတွေမှာ အဖြစ်များတဲ့ယားယံခြင်းနဲ့ ဗောက်ထခြင်းတွေကို ကာကွယ်ပေးပါတယ်။

    • ဗီနီဂါခွက်တစ်ဝက်ကို ရေတစ်ခွက်နဲ့ရောပါ။ ဒီအရည်ကို ခေါင်းလျှော်ပြီးရေဆေးချတဲ့နေရာမှာသုံးပါ။ ၁၀မိနစ်ခန့်ထားပြီး ရေသေချာပြန်ဆေးပါ။ ဒါကိုတော့ တစ်ပတ်မှ တစ်ခါပဲ သုံးသင့်ပါတယ်။

    • ဒါမှမဟုတ် ရေ၂ခွက်ကို ဗီနီဂါတစ်ခွက်ခွဲနဲ့ရောပါ။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဆံပင်ကိုလိမ်းပြီးနှိပ်နယ်ပေးပါ။ တစ်နာရီကျော်ထားလိုက်ပြီး ကြက်သီးနွေးရေနဲ့ဆေးချပါ။ ဒါကိုလည်းတစ်ပတ်မှာတစ်ကြိမ်သာလုပ်ပါ။

    အထက်ပါနည်းလမ်းတွေအားလုံးကို ခြောက်သွေ့ပြီးဆံသားသေနေတဲ့ ဆံပင်တွေနဲ့ရင်ဆိုင်ရာမှာ အသုံးပြုပါ။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတာတောင်မှ သင့်ဆံပင်အခြေအနေမတိုးတက်လာဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement