backup og meta

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်

    အမျိုးသားတွေ လိင်စိတ်ခံစားမှု ရှိသလို အမျိုးသမီးတွေဟာလည်း သွေးသားဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကသာ ငယ်ကတည်းက (မှားသည်/မှန်သည် အသာထား) လိင်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ နီးစပ်ကြပြီး အမျိုးသမီးဟာ လိင်စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားဖို့နဲ့ လိင်ဆက်ဆံခြင်းဟာ ကြောက်စရာ၊ ရှက်စရာ၊ ရွံစရာကောင်းတယ်ဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ဒါကြောင့်လည်း အမျိုးသမီးနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်း ဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။

    ဒါပေမဲ့ မိန်းကလေးတွေဟာလည်း တစ်ကိုယ်ရေ အာသာဖြေခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့် လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကတော့…

    အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်

    ၁။ ခန္ဓာကိုယ်ကို ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။

    အာသာဖြေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး Endorphins လို့ခေါ်တဲ့ နေထိုင်ကောင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဦးနှောက်က ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့များ အာသာဖြေခြင်းကနေတစ်ဆင့် ဆန္ဒပြီးမြောက်ခြင်း ဖြစ်စေခဲ့မယ်ဆိုရင် စိတ်ကြည်လင်လန်းဆန်းခြင်းကိုပါ အမြတ်အနေနဲ့ ရရှိဦးမှာ ဖြစ်သလို ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ အာသာဖြေခြင်းက စိတ်ဖိစီးမှုတွေ ကင်းဝေးစေပါတယ်။

    ၂။ အိပ်မပျော်ခြင်း ဝေဒနာ (insomnia) ကို ကုစားပေးနိုင်ပါတယ်။

    ညဘက်မှာ တစ်ကိုယ်ရေ အာသာဖြေခြင်းက လူကို ပင်ပန်းစေပါတယ်။ ပြီးတော့ လူကို သက်သောင့်သက်သာဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်သလို ဆန္ဒပြီးမြောက်သွားတဲ့အခါတွေမှာ စိတ်ကို ငြိမ်းချမ်းစေတဲ့ Oxytocin နဲ့ Endorphins တွေကို ထုတ်ပေးတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

    ၃။ တင်ပါးဆုံကွင်း (Pelvic Floor)၊ တင်ပါး နဲ့ ပေါင်တွေကို လေ့ကျင့်ခန်း လုပ်ပေးသလို ဖြစ်စေပါတယ်။

    တစ်ကိုယ်ရေ အာသာဖြေခြင်းက သီးသန့် လေ့ကျင့်ခန်း လုပ်သလို အကျိုးဆက်တွေကို ပေးနိုင်တယ်ဆိုရင် အံ့ဩမသွားပါနဲ့။ ဒီလို လှုံ့ဆော်ပေးလိုက်ခြင်းက ကြွက်သားတွေကို လှုပ်ရှားစေပြီး တင်းအားတစ်ခုပေးတာကြောင့် ပေါင်အတွင်းပိုင်းတွေ၊ တင်ပါးတွေကို လေ့ကျင့်ခန်းသေးသေးလေး လုပ်ပေးလိုက်သလို အကျိုးဆက်တွေ ရရှိစေနိုင်မှာပါ။

    ပြီးတော့ မိန်းမကိုယ်ကြွက်သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက် လုပ်ပေးတဲ့ Kegels လေ့ကျင့်ခန်းတွေက တင်ပါးဆုံကွင်းတွေကို သန်မာစေတယ်မဟုတ်လား။ ဒီလိုပဲ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ ကြွက်သားတွေကို တစ်ခါတည်း လေ့ကျင့်ပေးနိုင်ပါတယ်။

    ဒီကြွက်သားတွေကို လေ့ကျင့်ပေးခြင်းက မိန်းမကိုယ် ကျုံ့ဆန့်အားကို ပိုကောင်းစေတာမို့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေကို ပြေလည်သွားစေနိုင်တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပိုပြီး ပြည့်ပြည့်ဝဝ ခံစားရစေနိုင်ပါတယ်။ ကြွက်သား လေ့ကျင့်ခန်းတွေအပြင် နှလုံးခုန်နှုန်း နဲ့ အသက်ရှူတာလည်း မြန်စေတဲ့အတွက် သွေးလည်ပတ်မှုကို ပိုကောင်းမွန်စေတာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။

    ၄။ မိန်းမကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

    မိန်းမကိုယ်မှာ ကောင်းတဲ့ ဘက်တီးရီးယားတွေရှိသလို မိန်းမကိုယ်ထဲက ထွက်တဲ့ အရည်၊ အချွဲတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဆဲလ်သေတွေကို ရှင်းထုတ်ပေးတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပြီးသားပါ။

    တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ ထွက်လာတဲ့ အရည်တွေက မိန်းမကိုယ် အတွင်းပိုင်းတွေကို သန့်စင်စေပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေကို စွန့်ထုတ်ပစ်ပါတယ်။

    ပြီးတော့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ အမျိုးသမီးတွေကို မေးမြန်းထားတဲ့ စစ်တမ်းတွေအရ တစ်ကိုယ်ရေအာသာဖြေခြင်း ပြုလုပ်တဲ့အခါ နာကျင်မှုတွေ လျော့သွားပြီး ပိုသက်သောင့်သက်သာ ဖြစ်လာတယ်လို့ တွေ့ရပါတယ်။ မိန်းမကိုယ်က အချွဲတွေနဲ့အတူ မွေးလမ်းကြောင်းက ဘက်တီးရီးယားတွေလည်း ရှင်းသွားပါတယ်။

    ၅။ လက်တွဲဖော်၊ အိမ်ထောင်ဖက် နဲ့ ပိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

    ကိုယ့်ခန္ဓာကိုယ်အကြောင်းကို ကိုယ်အသိဆုံးပါပဲ။ တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိလာတာမို့ လက်တွဲဖော်ကို လမ်းညွှန်ပေးနိုင်သလို နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အနေအထားတွေကို ညှိယူနိုင်တာကြောင့် အိမ်ထောင်ရေးသုခ ပိုပြီး ပြည့်ဝစေမှာပါ။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement