backup og meta

သွေးဆုံးခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်၅ချက်


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်၅ချက်

    သွေးဆုံးတယ်ဆိုဟာ မိန်းမတွေရဲ့ဘဝမှာ ရှောင်လွဲလို့ မရပါဘူး။ ပြီးတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်စေပါတယ်။ အဲဒီ စိတ်ရောကိုယ်ပါ အပြောင်းအလဲတွေကို မိန်းမတွေ ကြုံတွေ့ရမှာပါ။ သွေးဆံးုတယ်ဆိုတာ စိတ်ဖိစီးမှုတော်တော် ဖြစ်တယ်ဆိုတာတောင်မှ တချို့မိန်းမတွေက ဝါသနာအသစ်တွေနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို သူတို့ ဖြတ်လတ်တက်ကြွနေစေဖို့ လုပ်နေတတ်ကြပါတယ်။

    သွေးဆုံးခြင်းနဲ့ ပါလာတဲ့ အပြောင်းအလဲအခက်အခဲတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ကို ယနေ့ဖော်ပြမဲ့ ဆောင်းပါးမှာ လေ့လာကြည့်ပေးပါ။

    ကိုယ်အလေးချိန် တက်လာမယ်။

    ဟော်မုန်းအပြောင်းအလဲက အဆီတွေကို သင့်ခန္ဓါကိုယ် သိမ်းဆည်းနေကျ မဟုတ်တဲ့ နည်းလမ်းနဲ့ သိမ်းဆည်းစေလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိအားနဲ့အတူ ခန္ဓါကိုယ်က ကယ်လိုရီတွေကို သိုလှောင်လာလိမ့်မယ်။ အဲဒါတွေကြောင့် ဝကာ ကိုယ်အလေးချိန် တက်လာပါလိမ့်မယ်။ စားနေကျဓါတ်စာက သွေးဆုံးနေတဲ့အချိန်မှာ သိပ်အလုပ်မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က ကယ်လိုရီတွေကို လိုတာထက်ပို သိုလှောင်နေလို့ပါ။ အဲဒါကြောင့် ဆန်ချောတွေ ရှောင်ပါ။ မရှောင်နိုင်ရင် လျော့စားပေးပါ။ အမျှင်ဓါတ်နဲ့ အရည်အသွေးပြည့်ဝတဲ့ အသားဓါတ်တွေ ပါတဲ့အစားအစာတွေ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးနဲ့ အစိတွေက ရတဲ့ ကောင်းသော အဆီတွေက သင့်ရဲ့ သွေးထဲရှိ သကြားဓါတ်နဲ့ အဆီသိုလှောင်ခြင်းကို လျော့နည်းစေတာကြောင့် သွေးဆုံးနေတဲ့အချိန်မှာ အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်မှာပါ။

    ဆံပင်တွေ ကျွတ်လာမယ်။

    သွေးမဆုံးခင်အချိန်နဲ့ သွေးဆုံးပြီး အချိန်တွေမှာ မိန်းမတော်တော်များဟာ ဆံပင်ကျွတ်ခြင်းနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ တရားခံကတော့ စိတ်ဖိစီးမှုပါပဲ။ အဲဒါက သင့်ဦးရေပြားကို ထိခိုက်စေမှာပါ။ တစ်ချိန်တည်းမှာပဲ ဟော်မုန်းအပြောင်းအလဲက သင့်ရဲ့ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပေါက်ခြင်း စက်ဝန်းကို ထိခိုက်စေမှာပါ။ ဗီတာမင်နဲ့သံသတ္ထုဓါတ်တွေဖြစ်တဲ့ B6 B12, C ,D, E, သံဓါတ်နဲ့ ကော့ပါးဓါတ်တွေကို ဖြည့်စည်းပေးပါ။ ငါးနဲ့ ငါးကြီးဆီက ရတဲ့ ကယ်ဆီယမ်၊ မက်ဂနီဆီမယမ်၊ ဇင့် နဲ့ ဖက်တီးအက်စစ်တွေက သင့်ကို ကောင်းကျိုးတွေ ပေးမှာပါ။

    အိပ်မပျော်တာတွေ ဖြစ်လာမယ်။

    စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာပါပဲ။ အိပ်ရေးဝခြင်းက စိတ်ဖိစီးမှုတွေကို သက်သာစေရုံသာမက အစာခြေခြင်းအတွက်ပါ အကျိုးရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒါကြောင့် စိတ်မတင်မကျဖြစ်နေတဲ့ အရာတွေကို အချိန်ရှိတုန်း ထလုပ်လိုက်ပါ။ မပြီးပြတ်သေးတဲ့အရာတွေကို ရေးချထားပြီး နောက်နေ့ပြန်လုပ်ဖို့ ကြိုးစားပါ။ အဓိက ကတော့ သင့်စိတ်ကို လွတ်လပ်စေဖို့ပါ။ အိပ်ရာမဝင်ခင် နာရီဝက်လောက် စိတ်အေးလက်အေးနေပါ။ အဲဒါမှ လွယ်လွယ်နဲ့ အိပ်ပျော်နိုင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ အကျင့်ကို ရမှာပါ။

    စိတ်တွေ ဂယောက်ဂယက် ဖြစ်လာမယ်။

    သွေးဆုံးချိန် စိတ်ဂယောက်ဂယက်ဖြစ်ခြင်းက ထင်တာထက် ပိုပြီး စိုးရိမ်ရပါတယ်။ စိတ်ခံစားချက်တွေ မတည်မငြိမ်ဖြစ်လာမယ်။ အဲဒါက သင့်တစ်ယောက်တည်းကိုသာ ထိခိုက်စေတာမဟုတ်ပဲနဲ့ သင့်ပတ်ဝန်းကျင်က လူတွေကိုပါ ထိခိုက်စေမှာပါ။ ယင်းအခြေအနေမှာတော့ ကိုယ်လက်အားကစားလုပ်ခြင်းက အကောင်းဆုံး ရွေးချယ်ခြင်း ပါပဲ။ ကိုယ်လက်အားကစားလုပ်ခြင်းက သင့်ကို တက်ကြွပျော်ရွှင်စေမယ့် ဓါတုဒြပ်ပေါင်းတွေကို ဦးနှောက်ထံသို့ ပို့လွှတ်ပေးပါမယ်။ ဒါ့အပြင့် သင့်ကိုယ်သင် အကောင်းမြင်တတ်ဖို့ ကြိုးစားပါ။ ခံစားချက်တွေကို စာရွက်ပေါ်မှာရေးချပေးပါ။ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ မျိုသိပ်ထားတာက စိတ်ဖိစီးမှုကို တိုးလာစေဖို့ပဲ ရှိပါတယ်။

    အရိုးပွတာတွေဖြစ်လာမယ်။

    အသက်လေးဆယ်မတိုင်ခင် သွေးဆုံးတဲ့ မိန်းမတွေဟာ အရိုးပွနိုင်ခြေပိုများပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးအခံ၊ ဘယ်ရောဂါတွေ ဖြစ်ခဲ့လဲ နဲ့ လူနေမှုပုံစံတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ မိမိကျန်းမာရေးကို အကောင်းဆုံးဖြစ်နေဖို့ ကယ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ကိုနေ့တိုင်း လုံလောက်စွာစားပေးပါ၊ ကိုယ်လက်အားကစားကို ပုံမှန်လုပ်ပေးပါ၊ အရိုးပွရောဂါ ရှိလားမရှိလားဆိုတာ ၆လတစ်ခါ အနည်းဆုံး စစ်ဆေးပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement