အနီရောင်ဆံကေသာပိုင်ရှင်တွေနဲ့ ယှဉ်တွဲနေတဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာတွေကတော့ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ အချစ်နှင့်ပတ်သက်လျှင် စိတ်ကူးယဉ်ဆန်တတ်ခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း၊ ညှို့ငင်ဆွဲဆောင်နိုင်ခြင်း၊ ဒေါသကြီးခြင်း၊ ပေါက်ကွဲတတ်ခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ ခေါင်းမာခြင်းတို့ပဲ ဖြစ်ပါတယ်။
ရွှေရောင်ဆံပင်
ရှားပါးတဲ့အမျိုးအစားထဲမှာ ပါဝင်တဲ့ သဘာဝရွှေရောင် ဆံကေသာပိုင်ရှင်တွေဟာ မြောက်ဥရောပနဲ့ အမေရိကမှာပဲရှိတယ်လို့ လူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် တောင်ပစိဖိတ်ဒေသက ဆော်လမွန်ကျွန်းစုတွေမှာ နေထိုင်သူလူဦးရေရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းဟာလည်း ရွှေရောင်ကေသာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ များသောအားဖြင့် ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတွေဟာ သူတပါးအာရုံစိုက်မှုကို အလွန်အမင်း လိုလားကြတယ်လို့ ထင်ကြေးပေးကြသလို အိမ်ထောင်ကွာရှင်းမှုနှုန်းလည်း မြင့်မားတယ်လို့ စစ်တမ်းတစ်ခုက ဆိုထားပြန်ပါတယ်။
မိန်းမဆန်ခြင်း၊ ပျိုမြစ်ခြင်း၊ ပြောတိုင်းယုံတတ်ခြင်း၊ နာခံတတ်ခြင်းတို့ဟာ ရွှေရောင်ဆံပင်ရှိသူတွေရဲ့ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ပုရိသတွေက ဆံပင်ရွှေရောင်မလေးတွေကို ပိုပြီးသဘောတွေ့ကြတာ ဖြစ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။