backup og meta

လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း

    ဒီနေရာမှာ သိထားဖို့ လိုတာကတော့ အနံ့ဆိုးနဲ့ ရိုးရိုးအနံ့ဟာ မတူဘူးဆိုတာပါ။ အနံ့ဆိုးဆိုတာကတော့ ချွေးအပြင် ဘက်တီးရီးယားပိုးတွေပါ အောင်းနေလို့ ထွက်ရတာပါ။ ရိုးရိုးအနံ့ကတော့ မိန်းမကိုယ်မှ မဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း အနံ့အသက်က အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒါကတော့ သဘာဝပါပဲ။ အဓိကက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အနံ့ဆိုးကင်းအောင် ဂရုစိုက်ပြီး ကိုယ့်ပုံမှန် ကိုယ်နံ့လောက်ပဲ ရှိနေအောင် ထိန်းသိမ်းခြင်းဟာ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒီတော့ လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း တွေကို သိထားလိုက်ရအောင်လား။

    လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း

    လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း တွေကတော့ အရမ်းကြီး မခက်ခဲပါဘူး။ အလွန်အကျွံ ထိန်းသိမ်းနေဖို့၊ ဂရုစိုက်နေဖို့ မလိုပါဘူး။ ကိုယ့်မှာ အနံ့ဆိုးရှိနေရင်တောင် စိတ်အေးအေးထားပြီး ဒီအချက်တွေကို ပုံမှန်လေး လုပ်ပေးနေရင် ရပါတယ်။ အဓိကက တန်ဆေး၊ လွန်ဘေးပါပဲ။

    ၁။ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ အဓိကသော့ချက်ပါ။

    မိမိကိုယ်ကိုယ် သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက် နေထိုင်ခြင်းဟာ ခန္ဓာကိုယ်အနံ့ဆိုး ထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့ နေရာမှာ

  • တစ်နေ့ကို တစ်ကြိမ် ပုံမှန်ရေချိုးသန့်စင်ပေးခြင်း
  • ဆီးသွားပြီးတိုင်း ရေနဲ့သေချာဆေးပေးခြင်း
  • မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းအောင် ထားထားခြင်း စတာတွေ ပါဝင်ပါတယ်။
  • ဒါက နေ့တိုင်း မဖြစ်မနေ လုပ်ပေးရမယ့် သန့်ရှင်းရေးအချက်တွေ ဖြစ်ပြီး ကိုယ်ပုံမှန်လုပ်နေသမျှ ကာလပတ်လုံး အနံ့အသက်ဆိုးတွေ ကင်းစင်နေအောင် ထိန်းသိမ်းပေးထားနိုင်မှာပါ။

    ၂။ အတွင်းခံကို နေ့စဉ် လဲလှယ်ပါ။

    ဒါကတော့ ကျန်းမာရေးကို အလေးထားသူတိုင်း မဖြစ်မနေ လိုက်နာရမယ့်အချက်ပါ။ အတွင်းခံတွေဟာ လိင်အင်္ဂါနဲ့ နီးကပ်စွာ ထိကပ်နေရတာဖြစ်ပြီး ချွေးနဲ့ ဘက်တီးရီးယားပိုးတွေကို အထဲမှာ ခိုအောင်းထားသလို ဖြစ်စေတဲ့အတွက် အပြင်ကနေ ပြန်လာတာနဲ့ အတွင်းခံကို အရင်ဆုံး ချွတ်လဲဖို့ လိုအပ်ပါတယ်။

    နောက်တစ်ခု သိထားသင့်တာကတော့ ဝတ်တဲ့ အတွင်းခံရဲ့ အသားပါ။ မိန်းမကိုယ်က အမြဲလိုလို စိုထိုင်းနေတာ ဖြစ်လို့ ချွေးစုပ်နိုင်လောက်မယ့် ချည်သားမျိုးကိုပဲ အဓိက ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ချည်သားဟာ ချွေးကိုစုပ်ပေးသလို အသားအေးစေတယ်။ အသားက မကြမ်းလို့ ပွတ်တိုက်ရင်တောင် မိန်းမကိုယ်ကို သိပ်ပြီး မယားယံစေပါဘူး။ ဒါကြောင့် ချည်သားအတွင်းခံမျိုးကိုပဲ အဓိကရွေးချယ်ပါ။

    ၃။ မိန်းမကိုယ်ကို ရေနဲ့သာ ဆေးကြောပါ။ 

    မိန်းမကိုယ် ကျန်းမာစေဖို့နဲ့ ရောဂါဘယရှင်းပြီး အနံ့ကင်းစေဖို့ pH level ဟာ သတ်မှတ်ထားတဲ့ အဆင့်မှာပဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလိုထိန်းသိမ်းဖို့ ဆပ်ပြာတွေအစား ရိုးရိုးရေနဲ့သာ ဆေးလို့ ရပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တောင်မှ သိပ်မလိုပါဘူး။ သုံးချင်ရင်တော့ စိတ်ချရတဲ့ တံဆိပ်ပဲ သုံးပါ။

    မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ကိုယ်တိုက်ဆပ်ပြာအပြင်းတွေ သုံးတာထက် မိန်းမကိုယ်သန့်စင်ဆေးရည် ဒါမှမဟုတ် ရိုးရိုးရေကိုပဲ သေချာသုံးပေးရပါမယ်။ သန့်ချင်ဇောနဲ့ အတင်းပွတ်တိုက်တာ၊ နှိုက်ချွတ်ဆေးကြောတာမျိုး လုပ်ဖို့ မလိုပါဘူး။

    ၄။ မိန်းမကိုယ်ရောဂါများကို ကုသခြင်း

    အကြောင်း အမျိုးမျိုးကြောင့် မိန်းမကိုယ်မှိုစွဲတာ၊ ပိုးဝင်တာကြောင့် အနံ့ဆိုးတွေ ထွက်နေတတ်ပါတယ်။ ဒီပြဿနာအတွက် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ဖြစ်တဲ့ ပြဿနာပေါ် မူတည်ပြီး မှီဝဲလို့ ရပါတယ်။ တကယ့်အကြောင်းရင်း ပြဿနာကို ကုသပျောက်ကင်းပြီးသွားတာနဲ့ အနံ့ဆိုးထွက်တာ သက်သာသွားနိုင်ပါတယ်။

    ခုပြောပြခဲ့တဲ့ အချက်တွေကို နေ့စဉ်ပုံမှန် လိုက်နာခြင်းဖြင့် မိန်းမကိုယ်ကျန်းမာစေဖို့နဲ့ သန့်ရှင်းနေအောင် ဂရုစိုက်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလုပ်ပေးရင် မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေ သိသိသာသာ လျော့နည်းသွားတာကို သတိထားမိမှာပါ။

    အနံ့ဆိုးထွက်တာ အရမ်းပြင်းတယ်ဆိုရင်တော့ တခြားကျန်းမာရေးပြဿနာရှိ၊ မရှိ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြည့်သင့်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement