backup og meta

မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ

    မခွဲစိတ်ဘဲ မိန်းမကိုယ်ကျဉ်းအောင် လုပ်သည့် နည်းလမ်းများ (လေဆာဖြင့် ကုသနည်း) သည် ခွဲစိတ်ကုသခြင်းများထက်စာလျှင် ပိုစိတ်ချရပါသည်။ သို့သော် မည်သည့် ကုသမှုမျိုးမဆို မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။

    အောက်ပါတို့သည် ကုသမှုများခံယူပြီး ချိန်တွင် ပြုလုပ်ရမည့် ထိန်းသိမ်းမှုများ ဖြစ်ပါသည်။ ဘယ်လို ထိန်းသိမ်းမှုတွေ လုပ်ဆောင်ရမလဲ။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘာတွေကို သတိထားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ ဖြစ်ပါသည်။

    မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ

    မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်း အကြောင်း သိကောင်းစရာများအကြောင်း အောက်ပါတို့ကို လေ့လာထားသင့်ပါသည်။

    မခွဲစိတ်သော နည်းလမ်းများသည် ပိုလည်း စိတ်ချရသလို ပြုလုပ်ပြီးလျှင်လည်း အချိန်မယူရပါ။ သို့သော် သင်သည် ဆေးခန်းကို အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာရအောင် အချို့သော အချက်များကို သိထားသင့်ပါသည်။

    မိန်းမကိုယ် ကျဉ်းစေသော ကုသမှု (လေဆာဖြင့် ကုသနည်း)သည် မိန်းမကိုယ်တစ်ဝိုက်တွင် ပူလောင်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေသည့်အတွက် ထိုသို့ မခံမရပ်နိုင်အောင် ဖြစ်လာလျှင် မှီဝဲရန်ဆေးများကို ဆရာဝန်အား မေးထားပါ။ ထို့ပြင် မိန်းမကိုယ် တဝိုက်တွင် အနာလေးများ ဖြစ်လာနိုင်ပါသည်။ မစိုးရိမ်ပါနှင့်။

    ကုသမှု ခံယူပြီး ချိန်တွင် ပုံမှန်အတိုင်း နေ့စဉ်အလုပ်များကို ပြန်လုပ်နိုင်ပါသည်။ သို့သော် မိန်းမကိုယ်အတွက် လေ့ကျင့်ခန်းများကို ရက်အတော်ကြာ ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပုံမပျက်သွားအောင် ကူညီပေးပါသည်။

    ကုသမှုအပြီး ၂ ပတ် ကျော်မှသာလျှင် လိင်ကိစ္စများကို ပြုလုပ်ရပါမည်။ ရေနွေးဖြင့် ရေစိမ်ချိုးခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

    အရေးကြီးဆုံး အချက်မှာ ကုသမှုခံယူပြီး ချိန်တွင် သင့်ကိုယ်ခန္ဓာမှ အနာကျက်အား ကောင်းစေရန် အပန်းဖြေ အနားယူရပါမည်။ ပေါ့ပေါ့ပါးပါးနေပါ။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို စားပါ။ သို့မှသာ အနာကျက်မြန်စေပြီး တက်ကြွလှုပ်ရှားမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

    မမျှော်လင့် ထားသော ဘေးထွက်ဆိုးကျိုးများ မဖြစ်အောင် ဆရာဝန် ညွှန်ကြားချက်များ နှင့်အညီ နေထိုင်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်ပါ။ ကုသမှု ခံယူပြီးသွားသော်လည်း ထိုကုသမှု၏ နောက်ဆက်တွဲများ ဖြစ်နိုင်သေးသည်ကို သတိပြုပါ။ မူမမှန်သော အရာ တစ်ခုခု ဖြစ်လာပါက ဆရာဝန်နှင့် ဆွေးနွေးကာ အကောင်းဆုံး အဖြေရှာပါ။ အချို့ အမျိုးသမီးများသည် မိန်းမကိုယ် ကျန်းမာရေး အပေါ် မူတည်ပြီး တစ်နှစ်တစ်ခါ ဖြစ်စေ ရက်ချိန်း ပြရလေ့ရှိပါသည်။

    အချုပ်ဆိုရသော် မိန်းမကိုယ်ကျဉ်းအောင် ကုသမှုများ ခံယူပြီး ချိန်တွင် သင့်ကိုယ်သင် မျက်ခြေမပြတ် ဂရုစိုက်ရန် လိုအပ်ပါသည်။ ထိုမှသာ မိန်းမကိုယ် အတွက် မမျှော်လင့်ထားသော ဆိုးကျိုးများကို ကာကွယ်ရာ ရောက်သလို တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း သွယ်ဝိုက်သော နည်းဖြင့် ဂရုစိုက်ရာလည်း ရောက်ပါသည်။

    မိန်းမကိုယ် ကျဉ်းစေသော ကုသမှု

    မိန်းမကိုယ် ကျဉ်းစေသော ကုသမှု (လေဆာဖြင့် ကုသနည်း)သည် မိန်းမကိုယ်တစ်ဝိုက်တွင် ပူလောင်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေသည့်အတွက် ထိုသို့ မခံမရပ်နိုင်အောင် ဖြစ်လာလျှင် မှီဝဲရန်ဆေးများကို ဆရာဝန်အား မေးသွားပါ။ မိန်းမကိုယ် တဝိုက်တွင် အနာလေးများ ဖြစ်လာနိုင်ပါသည်။ မစိုးရိမ်ပါနှင့်။
    ကုသမှု ခံယူပြီး ချိန်တွင် ပုံမှန်အတိုင်း နေ့စဉ်အလုပ်များကို ပြန်လုပ်နိုင်ပါသည်။ သို့သော် မိန်းမကိုယ် အတွက် လေ့ကျင့်ခန်းများကို ရက်အတော်ကြာ ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပုံမပျက်သွားအောင် ကူညီပေးပါသည်။

    ရေးသားသူ- Dr Sandar Lin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement