backup og meta

မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

    မိန်းကလေးတွေအတွက် အမြဲသတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မိန်းမကိုယ်သန့်ရှင်းရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ယောက်ျားလေးတွေထက် ပိုပြီး ယားယံလွယ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတာကြောင့် မိန်းကလေးတွေအတွက်တော့ ဒီနေရာကို ပိုပြီးဂရုစိုက်ရတာ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်ပေါ်မူတည်ပြီး ဘာကြောင့် ဒီအရောင်ဖြစ်ရတာလဲဆိုတာကို ခွဲခြားပေးပါမယ်။

    မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

    ၁။ အနီရောင်၊ အညိုရောင်

    အမျိုးသမီးတွေ ရာသီလာချိန်မှာ အနီရောင် သို့မဟုတ် အညိုရောင်ရှိတဲ့အရည်တွေ မကြာခဏ ထွက်တာ သဘာဝပါပဲ။ ရာသီလာကာစမှာ ချယ်ရီသီးလို အနီရောင်တောက်တောက်ကနေ ရာသီလာတဲ့နောက်ဆုံးရက်မှာ အညိုရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။ တစ်ခါတလေ ရာသီလာစမှာကို အညိုရောင်ဆင်းတာလည်း ရှိတတ်ပါတယ်။ ဒါပုံမှန်ပါပဲ။

    ဒီလိုရာသီလာနေတဲ့အချိန် မဟုတ်ဘဲ တခြားအချိန်မှာ ဒီလိုအရည်တွေ ထွက်တာဆိုရင်တော့ နည်းနည်းစဉ်းစားစရာရှိပါတယ်။ အကြောင်းရင်းတွေကတော့

    • ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
    • သန္ဓေတားဆေးကြောင့် ရာသီသွေးထွက်ခြင်း
    • ကိုယ်ဝန်ရှိခြင်း
    • ပုံမှန်မဟုတ်တဲ့အချိန် ရာသီလာခြင်း
    • မိန်းမကိုယ်ပိုးဝင်ခြင်း
    • သားအိမ်၊ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း ဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

    ၂။ နို့နှစ်ရောင်၊ အဖြူရောင်

    ရာသီလာတာအပြင် အဖြူဆင်းတယ်ဆိုတာလည်း အမျိုးသမီးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အဝင်အထွက်ချောမွေ့စေဖို့ မိန်းမကိုယ်ကနေ သဘာဝချောဆီအဖြစ် ထွက်လာတဲ့အရည်တွေမှာ ဒီအရောင်ရှိပါတယ်။

    အဖြူရောင်အရည်တွေအပြင် တခြားမကောင်းတဲ့ ပုပ်အဲ့အဲ့အနံ့တွေ ထွက်လာတယ်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာ၊ မိန်းမကိုယ်မှိုစွဲတာ ဖြစ်နိုင်ပါတယ်။

    ၃။ အဝါဖျော့၊ အစိမ်းဖျော့

    ဒီလိုအရောင်မျိုးဟာ ကိုယ်စားလိုက်တဲ့အစားအစာ၊ သောက်နေတဲ့ဆေးဝါးကြောင့်လည်း ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က လိင်မှုကိစ္စလည်း လုံးဝကင်းရှင်းတယ်ဆိုရင်တော့ စားလိုက်တဲ့အစားအစာတွေမှာ အက်ဆစ်ဓာတ်များနေတာ၊ ဗီတာမင်အားဆေး အသစ်တွေ စမ်းသုံးကြည့်တဲ့အခါမျိုးတွေမှာ ဒီလိုအရောင်မျိုး ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးပြဿနာမှာဆိုရင်

    ၄။ ပန်းနုရောင်

    ရာသီစက်ဝန်းအစောပိုင်းကာလနဲ့ လိင်ဆက်ဆံအပြီး မိန်းမကိုယ်မှ သွေးထွက်ခြင်းကြောင့် ထွက်လာတဲ့အရည်တွေမှာ ပန်းရောင်သမ်းနိုင်ပါတယ်။ သားအိမ်ခေါင်းမှာ ရောဂါပိုးဝင်နေတဲ့အခါမှာလည်း ဒီလိုအရည်မျိုးတွေ ဆင်းလာတတ်ပါတယ်။

    ၅။ အကြည်ရောင်

    ကြက်ဥအကာလိုမျိုး အရည်ကြည်ပျစ်ချွဲချွဲတွေဟာလည်း ပုံမှန်အမျိုးသမီးကိုယ်မှ ထွက်လာတတ်တဲ့ အရည်တွေထဲမှာ ပါဝင်ပါတယ်။ pH မျှခြေထိန်းညှိပေးဖို့နဲ့ သန့်ရှင်းစေဖို့ မိန်းမကိုယ်မှ သဘာဝအတိုင်းထွက်လာတဲ့ အရည်ပါ။ ပုံမှန်အားဖြင့်

  • မမျိုးဥကြွေချိန်
  • ကိုယ်ဝန်ရှိနေတဲ့အခါ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
  • လိင်စိတ်ဆန္ဒဖြစ်ပေါ်လာချိန်မှာ ဒီလိုအကြည်ရောင်အရည်တွေ မိန်းမကိုယ်မှ စီးဆင်းတတ်ပါတယ်။
  • ၆။ မီးခိုးရောင်

    အရောင်က အဖျော့ဖြစ်ဖြစ်၊ အရင့်ဖြစ်ဖြစ် မီးခိုးရောင်လိုဖြစ်နေတဲ့ အရည်တွေ ထွက်လာပြီဆိုရင်တော့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis – BV) ဖြစ်နိုင်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဘက်တီးရီးယားပိုးသတ်ဆေး၊ လိမ်းဆေး၊ သောက်ဆေးတွေ ပေးသွားမှာဖြစ်ပြီး ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း မှီဝဲပေးရမှာဖြစ်ပါတယ်။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

    ကိုယ့်ရဲ့ မိန်းမကိုယ်ကနေ ပုံမှန်ထွက်နေကျမဟုတ်တဲ့ အရောင်တွေနဲ့ အရည်ဆင်းလာပြီဆိုရင်တော့ သေချာစောင့်ကြည့်သင့်ပါတယ်။ ဆက်တိုက်ဆိုသလို ထွက်လာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာအပြင်

    • ယားယံတာ
    • နာကျင်တာ
    • ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ
    • ပြင်းထန်ပြီး ပုပ်အဲ့အဲ့အနံ့ထွက်လာတာ
    • ထွက်လာတဲ့အရည်က အမြှုပ်တွေထနေတာ
    • အလွန်ပျစ်ချွဲစေးကပ်ပြီး ချိစ်တွေလို ပျော့အိအိအဖတ်တွေပါ ထွက်လာတာ
    • ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ
    • အရည်က မီးခိုးရောင်ဖြစ်နေတာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြပေးပါ။

    မိန်းမကိုယ်က အရည်ဆင်းခြင်းဆိုတာ ကျန်းမာနေတဲ့ အမျိုးသမီးတစ်ယောက်မှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့ အရမ်းတော့ စိုးရိမ်စရာမလိုပါဘူး။ မိန်းမကိုယ်က သူ့ဘာသာ သဘာဝအလျောက်သန့်စင်ပေးဖို့ ကိုယ်ခန္ဓာကနေ အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်လိုက်တာဖြစ်ပြီး ဒီလိုအရည်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပါသွားတတ်တဲ့အတွက် ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။

    ဒါကြောင့် မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေမှာ ဘယ်လိုအရောင်ရှိလဲ၊ ဘယ်အရောင်က ဘယ်လိုကျန်းမာရေးအခြေအနေကို ပြနေလဲဆိုတာ သေချာသိထားမှ ကိုယ့်အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု၊ ကုသမှုတွေ လုပ်လို့ရမှာဖြစ်တဲ့အတွက် ဒီဆောင်းပါးကို ဗဟုသုတအနေနဲ့ ဖတ်ထားဖို့ အကြံပေးလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement