( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone ) ထုတ်လုပ်မှုကိုဟန့်တားခြင်းဖြင့်အလုပ်လုပ်ပါသည်။ မျိုးရိုးဗီဇအရထိပ်ပြောင်ခြင်းဖြစ်နိုင်ခြေရှိသူများတွင် ထိုဟော်မုန်းသည် ဆံပင်ရင်းရှိဆံအိတ်လေးများထဲသို့ လွယ်ကူစွာရောက်ရှိပြီးဆံရင်းအိတ်သေဆုံးအောင်ပြုလုပ်သည်။ လူအများစုတွင် ဖီနာစထရိုက် သည်ထိပ်ပြောင်ခြင်းဖြစ်စဉ်ကိုဟန့်တားနိုင်စွမ်းရှိသည်ကိုတွေ့ရသည်။ ထိုဆေးကိုသောက်သုံးသူများတွင် ဆံပင်များပြန်လည်ရှင်သန်သည်ကိုသိသာစွာသတိထားမိကြသည်။ ပိုမိုကောင်းမွန်သောရလဒ်ရရန်မီနောက်ဆီဒေးလ်နှင့်လည်းတွဲဖက်၍အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် မီနောက်ဆီဒေးလ် (သို့မဟုတ်) ဖီနာစထရိုက် (သို့မဟုတ်) နှစ်မျိုးစလုံးစသဖြင့် ဆန္ဒရှိသလိုသုံးစွဲနိုင်သည်။ သို့သော် သင်ရွေးချယ်ထားသောဆေးနည်းကိုတော့ စွဲမြဲစွာသုံးစွဲဖို့လိုသည်။ ထိပ်ပြောင်ခြင်းအတွက်လုံးဝပျောက်ကင်းစေသည့်နည်းလမ်းတော့မရှိပါ။ သင်လုပ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာသင့်ပြဿနာကိုနှေးကွေးဟန့်တားစေရန် ကိုယ်တိုင်အားထုတ်မှုပင်ဖြစ်သည်။ သင်ရွေးချယ်ထားသောကုသမှုကိုရပ်တန့်လိုက်လျှင်သင်၏ဆံပင်များပြန်လည်ကျွတ်ထွက်မည်ဖြစ်ပြီးယခင်ကထက် ပို၍မြန်မြန်ကျွတ်ထွက်ခြင်းပင် ရှိနိုင်ပါသည်။
လုံလောက်သောအချိန်နှင့် အားထုတ်မှုပြုပါကသင့်ဆံပင်များ၏တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ သင်၏ပင်ကိုယ်မျိုးရိုးဗီဇကဆံပင်ကျွတ်ခြင်းပြဿနာဖြစ်စေနိုင်သော်လည်းထိုအတိုင်းမဖြစ်မနေ အဆုံးသတ်ရမည်တော့မဟုတ်ပါ။ အစပိုင်းတွင် မီနောက်ဆီဒေးလ် ဆေးရည်လူးရခြင်း (သို့မဟုတ်) ဖီနာစထရိုက်ဆေးပြားများသောက်ရခြင်းကသင့်အတွက်အဆင်မပြေဖြစ်နိုင်သော်လည်းနောက်ပိုင်းတွင်အသားကျလာပြီးသင့်အနေဖြင့် မလုပ်ရမနေနိုင်ခြင်းမျိုးပင် ဖြစ်လာပါလိမ့်မည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။