backup og meta

ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်မလဲ

    အသည်းကင်ဆာကုသမှုများ မစခင် လူနာအများစုသည် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြပြီး ဘေးထွက်ဆိုးကျိုးများက ဘယ်လိုပုံလဲဆိုတာကို သိချင်ကြ သည်။

    လူနာအများစုတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် သာ ရပြီး အချို့တွင် အနည်းအကျဉ်းနှင့် အခြားလူနာများတွင် လုံးဝမရခြင်းတို့ ရှိသည်။ ထို့အပြင် ထိုဘေးထွက်ဆိုးကျိုး များသည် အချို့လူများတွင် ပြင်းထန်ပြီး အချို့တွင် မပြင်းထန် ပါ။

    ထိုဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။

    ကင်ဆာကုထုံးသည် လျင်မြန်စွာ ကြီးထွားနေသော ဆဲလ် များကို သတ်ရန် စီစဉ်ထားသော အလွန်အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်။ ထိုဆေးများသည် ခန္ဓါကိုယ်အနှံ့ ရောက်ရှိသွားသောကြောင့် ၎င်းတို့သည် ပုံမှန် ကျန်းမာသော ဆဲလ်များကို ထိခိုက်စေနိုင်သည်။

    ဘေးထွက်ဆိုးကျိုးအများစု သည် မှန်းထားသလောက် မဆိုးရွားသော်လည်း မတိကျသော ကောလဟာလများကြောင့် လူနာများသည် ဓါတုကုထုံးခံယူ ရန် စိတ်ပူကြသည်။ ဓါတုကုထုံးကြောင့် ထိခိုက်နိုင်သော ပုံမှန်ဆဲလ်များမှာ ရိုးတွင်းခြင်ဆီမှထုတ်သော သွေးဆဲလ်များ၊ ဆံပင် အမြစ်များ၊ ပါးစပ်မှ တစ်ရှူးများနှင့် မျိုးပွားဆဲလ်များ ဖြစ်သည်။

    အသည်းကင်ဆာ ကုသမှုများခံယူရာတွင် အဖြစ်အများ ဆုံး ဘေးထွက်ဆိုးကျိုးများမှာ အော့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း နှင့် မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်သည်။ အခြား အဖြစ်များ သော ဆိုးကျိုးများမှာ အညိုမဲစွဲခြင်း၊ သွေးထွက်ခြင်း နှင့် ရော ဂါပိုးကူးစက်ခြင်းတို့ ဖြစ်သည်။

    ပျို့တက်ခြင်းနှင့် အော့အန်ခြင်းကို ကာကွယ်ပါ။

    အော့အန်းခြင်းကို တွန်းလှန်ရန် သင့် စားသောက်မှုပုံစံ ကိုပြောင်းနိုင်သည်။ အအန်ပျောက်ဆေးများ သောက်နိုင် သည်။ ထိုအဖျားပျောက်ဆေးများသည် အမျိုးအစားများစွာ ရှိပြီး လူနာနှင့် ကိုက်ညီသည်ကို ပေးရသည်။ တစ်ခါတစ်ရံ သင့်အတွက် သင့်တော်သော ဆေးကို ရရန် အခြား ဆေး အချို့ကို စမ်းသုံးသင့်သည်။

    ဆေးတစ်မျိုးသည် အလုပ်မဖြစ်ပါ က အခြားဆေးတစ်မျိုး ပြောင်းပေးရန် ဆရာဝန်အား မေးပါ။ သို့မဟုတ် မတူသော ဆေးများ ပေါင်းပေးခြင်းလုပ်ရန် မေးပါ။

    ပျို့တက်ခြင်းနှင့် အော့အန်ခြင်းကို သက်သာရန် အောက်ပါ နည်းလမ်းများကို ကြိုးစားကြည့်ပါ။

    • ဓါတုကုထုံး မခံယူမီ အစာ အများကြီး စားခြင်း မပြုပါ နှင့်။ တစ်နေ့လျှင် တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် ပမာဏ များများ စားခြင်းထက် တစ်နေ့လျှင် ပမာဏ နည်းနည်းဖြင့် အကြိမ်ရေများစွာ စားသင့်သည်။
    • အစာစားရင်း အရည်သောက်ခြင်းထက် အစာ မစားမီ သို့မဟုတ် အစာစားပြီး တစ်နာရီကြာမှ ရေ သို့မဟုတ် အရည်များ သောက်သင့်သည်။
    • ဖြည်းညင်းစွာ စားပါ။
    • အလွန်ချိုသော၊ ကြော်ထားသော သို့မဟုတ် အဆီ များစွာပါသော အစာများ၊ ပူစပ်သော သို့မဟုတ် ချဉ်သော ဟင်းလျာများ မစားပါနှင့်။

    ဆံပင်များကျွတ်ပါက ဘာလုပ်သင့်သလဲ။

    ဆံပင်ကျွတ်ခြင်းသည် လူနာများ၏ စိတ်အခြေအနေကို များစွာ ထိခိုက်စေနိုင်သည်။ သို့သော်လည်း ဓါတုကုထုံး အားလုံးသည် ဆံပင်ကျွတ်ခြင်းကို မဖြစ်စေပါ။ လူနာအချို့ သည် အတော်အတန်သာ ဆံပင်ကျွတ်ပြီး မိမိကိုယ်တိုင်သာ သိပါသည်။ ကုသမှု ပြီးနောက် ဆံပင်အများစု ပြန်ပေါက်လာ လိမ့်မည်။ ဆံပင်အသစ်များသည် ပို၍ နူးညံ့ပြီး အရင်ထက် ပိုထူကာ နက်မှောင်ပါသည်။

    အောက်ပါတို့ကို ကြိုးစားကြည့် ပါ။

    • ခေါင်းလျှော်ရည် အပျော့ကို သုံးပါ။
    • ဆံပင်ကို ဖီးရန် နူးညံ့သော ဘီးကို သုံးပါ။
    • ဆံပင်များကို အခြောက်ခံရန် လေမှုတ်ပါက အပူချိန် အနည်းငယ်သာ အသုံးပြုပါ။
    • ဆံပင်များကို လိပ်ပါက ဆံပင်ကောင် ကိရိယာ သို့မ ဟုတ် ဘီးများ မသုံးပါနှင့်။
    • ဓါတုပစ္စည်းများ အသုံးပြုပြီး ဆံပင် ကောက်ခြင်း ဆေးဆိုးခြင်း မပြုပါနှင့်။
    • ဆံပင်တိုတို ညှပ်ပါ။ ဆံပင်တိုသည် သင့်ဆံပင်အား ပိုထူပြီး ပိုပြည့်ပုံ ပေါ်စေသည်။ သင့်အား သန့်ရှင်း၍ သက်တောင့်သက်သာ လည်းဖြစ်စေသည်။

    မောပန်းနွမ်းနယ်ခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

    မောပန်းနွမ်းနယ်ခြင်းသည် ဓါတုကုထုံး ခံယူစဉ်တွင် အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်သည်။ အချို့လူ များသည် အနည်းငယ် သာ မောပန်းကြပြီး အချို့သည် ဘာမှ မလုပ်နိုင်အောင် မောပန်းကြသည်။ လူနာများသည် ကုသမှု၏ အစပိုင်းနှင့် အဆုံးပိုင်းတွင် အများဆုံး မောပန်းနွမ်းနယ်ကြ သည်။ မောပန်းနွမ်းနယ်ခြင်းသည် ကုသမှု ပြီးပြည့်သွားပါက အခြား ဘေးထွက်ဆိုးကျိုးများနှင့်အတူ ပျောက်ကင်းသွားလိမ့် မည်။

    • လုံလောက်စွာ အနားယူပါ။ သို့သော် အလွန် အနား ယူပါက မောပန်းမှု ခံစားရနိုင်သည်ကိုလည်း သတိပြု ပါ။ အကောင်းဆုံးနည်းလမ်းမှာ တစ်နေ့လျှင် အကြိမ် ရေများစွာ အနားယူပေးခြင်း ဖြစ်သည်။ အိပ်မပျော် ခြင်းဖြစ်ပါက ဆရာဝန်အား မေးမြန်းတိုင်ပင်ပါ။
    • ကုသမှု ခံယူနေစဉ်တွင် လေ့ကျင့်ခန်းလုပ်ရမလားကို ဆရာဝန် သို့မဟုတ် သူနာပြုအား မေးမြန်းပါ။ လမ်း လျှောက်ခြင်းကဲ့သို့ အားကစားများသည် သင့်အား မောပန်းမှုကို ပျောက်ကင်းစေနိုင်သည်။
    • အာဟာရ ပြည့်ဝသော အစာများ စားပါ။ အရည်များ များသောက်ပါ။
    • အလုပ်ကြမ်းများ မလုပ်ပါနှင့်။ အလိုအပ်ဆုံး အရာများ ကိုသာ လုပ်သင့်သည်။

    သင်ကိုယ်သင် အလုပ်များများလုပ်ရန် တွန်းအား မပေးပါ နှင့်။ သင်ပုံမှန်လုပ်နိုင်သော စွမ်းရည် မရှိသော အချိန်တွင် ဖြစ်သည်။ အနားယူပါ။ သေးငယ်သော အရာများကို လျစ်လျူ ရှုနိုင်ပြီး သင့်အတွက် အရေးအကြီးဆုံး အရာများကိုသာ အာရုံ စိုက်ထားပါ။ ၎င်းတို့သည် ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ် ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement