backup og meta

အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

    လူရယ်လို့ဖြစ်တာနဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်သလို အမျိုးသမီးတွေဟာလည်း ရောဂါဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့ အချို့သော ရောဂါတွေဟာ အမျိုသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ဥပမာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ပိုပြီးတော့ သိသိသာသာ ဖြစ်ပွားကြတာကို သတိထားမိမှာပါ။ ဒါ့အပြင် ရောဂါဖြစ်ပွားနှုန်း တူညီသည့်တိုင်အောင် အချို့သော ရောဂါတွေဟာ ဖြစ်ပွားခဲ့ပါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအထိနာတတ်ကြပါတယ်။

    နှလုံးရောဂါ         အမေရိကန်ပြည်ထောင်စုမှာ နှလုံးရောဂါဟာ အမျိုးသမီးများ သေဆုံးရခြင်း ရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်လို့နေပါတယ်။ အမျိုသားတွေဟာလည်း နှလုံး ရောဂါကြောင့် သေဆုံးကြပေမဲ့ အမျိုးသမီးရာခိုင်နှုန်းဟာ ပိုမိုများပြားလျက်ရှိကြောင်း တွေ့နေ ရပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ အရေးပေါ်ကုသမှုကို သွားရောက်ခံယူတဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာနေကြလို့ပါ။

    စိတ်ကျန်းမာရေးပြဿနာ             အမျိုးသားတွေနဲ့ယှဉ်ပါက အမျိုးသမီးတွေဟာ စိတ်ကျ ရောဂါနဲ့ စိတ်ဂနာမငြိမ်ခြင်းတွေကို ပိုမိုခံစားနေကြရပါတယ်။ စိတ်ကျရောဂါ (Depression)ဟာ အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနေရကြောင်း ကမ္ဘာနဲ့တစ်ဝန်းကို လေ့လာကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါတယ်။

    အရိုးအဆစ်ရောင်ရမ်းနာရောဂါ။     အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းဖောရောင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရမှာပါ။ ဒါဟာလည်း အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ အခြေအနေ တစ်ခုဖြစ်ကြောင်း ရိပ်စားမိမှာပါ။

    လိင်မှတဆင့် ကူးစက်သောရောဂါများ(STDS/STIS)          လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်ပွားတဲ့အခါ အမျိုးသမီးတွေမှာ ပိုပြီး သက်ရောက်မှုများပါတယ်။ လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်တဲ့အခါ မိန်းမကိုယ်မှာ မှိုရောဂါ ခံစားရခြင်းမှ အစပြုကာ ဆိုးရွားတဲ့ အခြေအနေ မျိုးမှာဆိုရင် မြုံသွားခြင်း (သန္ဓေမအောင်၍ ကလေးမရနိုင်တော့သည်) အထိ ဖြစ်ပွားနိုင်ပါတယ်။

    စိတ်ဖိစီးမှု ပိုများခြင်း။       အမေရိကန်နိုင်ငံရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု ပိုအဖြစ်များတယ်လို့ ဆိုထားပြန်ပါတယ်။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန် ဆောင်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်။ ဒီထက်ဆိုးရွားရင် ကိုယ်ဝန်မဆောင်နိုင်တော့ဘူးလို့တောင် ဆိုထားပါတယ်။

    လေဖြတ်ခြင်း       တစ်နှစ်တစ်နှစ် လေဖြတ်ခြင်းကို ခံစားရသူဟာ အမျိုသမီးတွေများပါတယ်။ လေဖြတ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့

    • မိသားစု မျိုးရိုးရှိခြင်း၊
    • သွေးပေါင်ချိန် မြင့်တက်လာခြင်း၊
    • ကိုလက်စထရော ပမာဏများခြင်း စတာတွေပါဝင်ပါတယ်။

    ဒါကတော့ အမျိုးသားနဲ့ အမျိုးသမီး တူတူပါပဲ။

    အောက်ဖော်ပြပါ အချက်တွေကတော့ အမျိုးသမီးတွေမှာပဲ ရှိနိုင်တဲ့ လေဖြတ်ရခြင်း သီးသန့်အခြေအနေတွေပါ။

    • သန္ဓေတားဆေးသောက်ရခြင်း၊
    • ကိုယ်ဝန်ဆောင်ရခြင်း၊
    • ဓမ္မတာနှင့်ဆိုင်တဲ့ ရောဂါလက္ခဏာ ပျောက်ကင်းရန် ဆေးဝါးများသောက်သုံးရခြင်း၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါ၊
    • သွေးဆုံးပြီးနောက်ပိုင်း သွေးထဲမှာရှိတဲ့ အဆီပမာဏများလာခြင်း၊
    • အဝလွန်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

    ဒီအချက်တွေအရ အမျိုးသမီးတွေမှာ လေဖြတ်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်းတွေ သိသိသာသာပိုများနေမှန်း သိနိုင်ပါတယ်။

    ဆီးလမ်းကြောင်းပြဿနာ   အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက်ပိုတိုပါတယ်။ ဒါကြောင့် ပိုးဝင်ဖို့ အလားအလာ ပိုများပါတယ်။ ဆီးပူ၊ ဆီးကျင်ခြင်းနဲ့ မကြာခဏဆီးသွားခြင်းတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်ရင် ဖြစ်လာမယ့် လက္ခဏာတွေပါ။ ဆီးမထိန်းနိုင်ခြင်း ပြဿနာဟာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် (၂)ဆ ပိုမိုဖြစ်ပေါ်နိုင်ပါသတဲ့။

    အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ။    အမျိုးသားတွေဟာ အရက်ကို ပိုမိုစွဲလမ်းတတ်ကြတာ အသိသာကြီးပါ။ အရက်သောက်သုံးသူတွေကို ကြည့်လိုက်ပါက အမျိုးသားတွေဟာ ပိုမိုများပြား ပါတယ်။ သို့သော် အရက်သောက်သုံးသူ အမျိုးသမီးတွေလည်း ရှိပါတယ်။ အမျိုးသမီးများဟာ အရက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကို အမျိုးသားတွေထက် ပိုခံရပါတယ်။ အရက်သောက်ခြင်းကြောင့် ရင်သားကင်ဆာ၊ နှလုံးရောဂါ၊ ကိုယ်ဝန်ဆောင်အရက်သောက်ပါက မွေးလာတဲ့ကလေးမှာ ဦးနှောက်ဉာဏ်ရည် မဖွံ့ဖြိုးမှုနဲ့ သင်ကြားမှုနှေးကွေးခြင်း၊ ခက်ခဲမှုရှိခြင်းတွေ ခံစားရတတ်ပါတယ်။

    ဒါဟာ အမျိုးသမီးတစ်ယောက် ဖြစ်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ပြောပြထားခြင်းဖြစ်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement