backup og meta

ရင်သား၌ ရောဂါပိုးကူးစက်ခံရခြင်း


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သား၌ ရောဂါပိုးကူးစက်ခံရခြင်း

    နို့အုံရောင်ရမ်းနာဆိုတာဟာ ရင်သား၌ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။ ရင်သားရှိ တစ်ရှူ း(အသားစ)အတွင်း၌ ဖြစ်ပွားလေ့ရှိပါတယ်။ နို့တိုက်မိခင်တွေမှာ အဖြစ်များပါတယ်။ အကြောင်းမှာ ကလေးအားနို့တိုက်စဉ် မိခင်ရဲ့နို့သီးခေါင်း၌ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ ထိုဒဏ်ရာမှတစ်ဆင့် မိခင်နို့အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ခြင်းကြောင့်ဖြစ်တဲ့ နို့အုံရောင်ရမ်းနာအဖြစ်လည်း သိကြပါတယ်။ နို့တိုက်မိခင်မဟုတ်တဲ့ အမျို းသမီး တွေမှာလည်းဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပွားမှုကတော့ လူသိမများပါဘူး။

    ရောဂါပိုးကူးစက်ခံရပြီဆိုရင် ရင်သားရှိ အဆီတစ်ရှူ း၌ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရောင်ရမ်းခြင်း၊နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။

    ရောဂါပိုးကူးစက်ခံရမှုအများစုက ကလေးနို့တိုက်ခြင်း သို့ နို့ပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရာခိုင်နှုန်းအနည်းငယ်ကတော့ ဖြစ်လေ့သိပ်မရှိတဲ့ ရင်သားကင်ဆာအမျို းအစားတွေနဲ့ ဆက်နွယ်နေပါတယ်။

    ဘယ်အရာတွေက ရင်သား၌ရောဂါပိုးကူးစက်ခံရမှုကို ဖြစ်စေတာလဲ။

    ရင်သားရောဂါပိုးကူးစက်ခံရမှုအများစုကို ဖြစ်စေတဲ့အကြောင်ရင်းကတော့ Staphylococcus aureus (စတက်ဖလိုကော့ကပ်စ် အောရီးယပ်စ်)ဆိုတဲ့ ဘက်တီးရီးယားပဲဖြစ်ပါတယ်။ သူဟာ ရောဂါပိုးကူးစက်ခံရခြင်းမှတစ်ဆင့် ပြည်တည်နာတွေကို ဖြစ်စေနိုင်ပါတယ်။Streptococcus agalactia (စတွက်တိုကော့ကပ်စ် အေဂလက်တီအာ)ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပွားမှုကတော့ ဒုတိယအများဆုံးပါပဲ။

    နို့တိုက်မိခင်တွေမှာ နို့ပြွန်တွေပိတ်ဆို့နေတဲ့အခါ နို့ရည်တွေဟာ အတွင်းမှာစုနေပြီး ရောဂါပိုးကူးစက်မှု စတင်ဖြစ်ပွားတတ်ပါတယ်။ ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးတဲ့အခါ မိခင်ရဲ့ နို့သီးခေါင်းနဲ့ နို့ပြွန်တွေမှာ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်မှတစ်ဆင့် ဘက်တီးရီးယားတွေဝင်ရောက်ခြင်းကြောင့်လည်း ရောဂါပိုးကူးစက်ခံရတတ်ပါတယ်။ ထိုဘက်တီးရီးယားတွေကို သာမန်အချိန်မှာတောင် လူတွေရဲ့အရေပြားပေါ်မှာတွေ့ရတတ်ပါတယ်။ သူတို့တွေဟာ ရင်သားတစ်ရှူးထဲဝင်ရောက်သွားရင်တော့ အလွန်မြန်ဆန်စွာ ပွားများလာပြီး မနှစ်မြို့ဖွယ်ရောဂါ လက္ခဏာတွေကိုဖြစ်စေပါတယ်။

    ဘက်တီးရီးယားတွေက ကလေးငယ်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ ဒါကြောင့် နို့အုံရောင်ရမ်းနာဖြစ်နေချိန်မှာလည်း ကလေးအားနို့တိုက်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေဟာ ကလေးအားနို့တိုက်တဲ့ ပထမဦးဆုံးအပတ်တွေမှာ ဖြစ်လေ့ရှိပါတယ်။

    ကလေးနို့တိုက်ခြင်းကြောင့်မဟုတ်တဲ့ နို့အုံရောင်ရမ်းနာဟာ ခုခံအားလျော့နည်းနေတဲ့အမျို းသမီးတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိ ုရောဂါရှိပြီး ဓါတ်ရောင်ခြည်ကုထုံးနဲ့ ရင်သားအကြိတ်ခွဲထုတ်ထားတဲ့ အမျို းသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုကြာင့်ဖြစ်တဲ့ အချို့ ရောဂါလက္ခဏာတွေဟာ ရင်သားကင်ဆာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ဆင်တူနေပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ပွားမှုဟာ အနည်းပဲရှိပါတယ်။

    နို့သီးခေါင်းအောက်ရှိ အကျိတ်တွေပိတ်နေပြီး အရေပြားအောက်မှာ ရောဂါပိုးတွေပြန့်လာပြီဆိုရင် နို့သီးခေါင်းဘေးပတ်လည်ရှိအညိုကွက်လေးရဲ့ အောက်နားမှာ ပြည်တည်ဖုတွေဖြစ်လာပါတယ်။ ဒီပြည်တွေနဲ့ ပြည့်နေတဲ့ အဖုမာမာလေးတွေကို ဖောက်ထုတ်ပစ်ရမှာပါ။ ဒီလိုပြည်တည်ခြင်းမျို းဟာ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာသာ ဖြစ်တတ်တာပါ။ ဖြစ်ပွားမှုနှုန်းကိုတော့ မသိရသေးပါဘူး။

    ရင်သား၌ ရောဂါပိုးကူးစက်ခံရမှုအတွက် ဘယ်လိုဆေးဝါးကုသမှုတွေရနိုင်မလဲ။

    ၁၀ ရက်မှ ၁၄ ရက်အထိဆေးပတ်လည်အောင် ပဋီဇီဝဆေးတွေ သောက်သုံးခြင်းက အထိရောက်ဆုံးပါပဲ။ အမျို းသမီးအများစုမှာ ၄၈ နာရီမှ ၇၂ နာရီအတွင်း သက်သာလာတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ်မဖြစ်ပွားအောင် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကုသမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဆေးသောက်နေစဉ်ကာလအတွင်းမှာ ကလေးအားနို့တိုက်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။ အကယ်၍ နာကျင်မှုကို ခံစားရမယ်ဆိုရင်တော့ နို့ရည်စုပ်ထုတ်ပေးတဲ့ ကိရိယာတွေကို သုံးနိုင်ပါတယ်။ ဒါမှ နို့ရည်ဆုံးရှုံးမှုကို ကန့်သတ်ပေးပြီး သွေးတွေရောပါလာတာကိုလျှော့ချနိုင်မှာပါ။

    ရောဂါပိုးကူးစက်ခံရမှု ပြင်းထန်ပြီး ပြည်တွေတည်နေပြီဆိုရင်တော့ ခွဲစိတ်ကုသပြီး ပြည်တွေကိုဖောက်ထုတ်ပစ်ရမှာပါ။ နို့တိုက်တာကို ခေတ္တရပ်ထားနိုင်ပါတယ်။

    ဆရာဝန်တွေက ရောဂါလက္ခဏာတွေကိုကြည့်ပြီး ရင်သားကင်ဆာဟု သတ်မှတ်လိုက်ပြီဆိုတာနဲ့ ကင်ဆာရောက်ရှိနေတဲ့အဆင့်(ပြင်းထန်မှု)ပေါ်မူတည်ပြီး ကုသမှုတွေကို စတင်ပါလိမ့်မယ်။ ကုသနိုင်တဲ့နည်းလမ်းတွေကတော့ ဓါတုကုထုံး ဓါတ်ရောင်ခြည်ကုထုံးအပြင် ရင်သားနဲ့အနားတွင်ရှိသော ပြန်ရည်ကြောအဖုတွေကို ခွဲစိတ်ဖယ်ရှားပစ်ခြင်းပဲဖြစ်ပါတယ်။

    မိမိကိုယ်ကို ဂရုစိုက်ခြင်း

    ကုသမှုတွေပြုလုပ်နေစဉ်ကာလ၌ အိမ်မှာပင် ကိုက်ခဲနာကျင်ခြင်းတွေသက်သာအောင်ပြုလုပ်နိုင်ပါတယ်။

    • ရေနွေးနဲ့ ရေပတ်တိုက်ပေးခြင်းက နာကျင်မှုကို သက်သာစေပြီး နို့ရည်ထွက်ဖို့အားပေးပါတယ်။ ပူနွေးစိုစွတ်သန့်စင်သော အဝတ်စကိုသုံးပြီး ရောဂါပိုး ကူးစက်ခံရတဲ့နေရာကို တစ်နေ့လေးကြိမ် (တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် ) ဖိကပ် ထားပေးနိုင်ပါတယ်။

    • နာကျင်မှုသက်သာစေဖို့ Ibuprofen(အိုင်ဗျူပရိုဖန်) ကဲ့သို့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အနာသက်သာဆေးဝါးတွေကို သုံးနိုင်ပါတယ်။

    • ပုံစံအနေအထားပြောင်း၍ ကလေးအားနို့တိုက်ပါ။

    • ဖြစ်နိုင်မယ်ဆိုရင် နို့မတိုက်ခင်မှာ သွေးတွေ ထွက်နေတာမျိုးမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။

    • ကလေးအား နို့တိုက်တဲ့ နည်းစနစ် သို့ ပုံစံ အနေအထားပြောင်းဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါမှ နောက်တစ်ကြိမ် ရောဂါပိုး ကူးစက်မခံ ရအောင် ကာကွယ်နိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement