backup og meta

မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

    မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဆိုတာအမျိုးသမီးတွေမှာတွေ့ရတဲ့ မီးယပ်ရောဂါနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်းလေးတွေရဲ့ ညီမျှမှုပျက်စီးတဲ့အခါ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားတတ်ပါတယ်။ ဒီအခါ မကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ဟာကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ကိုကျော်လွန်ပြီးအလျင်အမြန်ပြန့်ပွားတတ်ပါတယ်။

    လက္ခဏာများ

    မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားရင် အောက်ပါလက္ခဏာတွေကို ကြုံတွေ့ရတတ်ပါတယ်။

    • မိန်းမကိုယ်ကထွက်တဲ့ အရည်တွေဟာအရည်ကြဲပြီးရေလိုမျိုးဖြစ်ကာမီးခိုးရောင် (သို့) အဖြူရောင် ရှိတတ်ပါတယ်။
    • မိန်းမကိုယ်ဟာအနဲ့ပြင်းပြီးငါးညှီနဲ့လိုမျိုးမကောင်းတဲ့အနံ့ ရှိတတ်ပါတယ်။
    • မိန်းမကိုယ်အပြင်ဘက်မှာယားယံတတ်ပါတယ်။
    • ဆီးသွားရင် ပူလောင်တဲ့ ခံစားမှုမျိုးရရှိတတ်ပါတယ်။

    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ။

    အောက်ဖေါ်ပြပါ အချက်အလက်တွေ ရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    • အရင်ကသတိမထားမိတဲ့ မိန်းမကိုယ်မှာထူးဆန်းတဲ့ အနံ့နဲ့ ထိတွေ့ခံစားရမှုတွေနဲ့အတူမိန်းမကိုယ်ကအရည်ထွက်တာပါ။ သင့်ဆရာဝန်ဟာရောဂါဖြစ်ခြင်းရဲ့ အကြောင်းရင်းကိုစစ်ဆေးပြီးသင့်တော်တဲ့ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။
    • သင့်မှာအရင်တုံးကမိန်းမကိုယ်ရောဂါပိုးဝင်ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သင့်မိန်းမကိုယ်ကထွက်တဲ့ အရည်ရဲ့ အရောင်ဟာကွဲပြားခြားနားပါတယ်။
    • သင့်မှာလိင်ဆက်ဆံသူအမြောက်အမြား (သို့) မကြာသေးမီကအသစ်တစ်ဦးရှိပါတယ်။ ပြီးတော့မှ သင့်ထံမှာအပေါ်မှာဖေါ်ပြထားတဲ့ ရောဂါ လက္ခဏာတွေ ရှိလာတာပါ။
    • သင် ဆေးဆိုင်မှာတင် ဝယ်လို့ရတဲ့ဆေးတွေကိုလည်းသုံးစွဲပြီးပါပြီ။ ဒါပေမယ့် ရောဂါလက္ခဏာတွေကတော့ ဆက်လက်ရှိနေတုံးပါပဲ။

    အချို့သောလူနာတွေဟာ ပြတ်သားတဲ့ လက္ခဏာတွေကိုခံစားရပေမယ့် လူနာအချို့ကတော့ ဒီလိုမခံစားရပါဘူး။ သင့်မှာ ပြတ်သားတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် သတိထားကြည့်ပြီးသင့်ဆရာဝန်ကိုအတတ်နိုင်ဆုံးစောစော ပြသသင့်ပါတယ်။

    ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအချက်များ

    မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုရှင်းပြမယ့် အကြောင်းရင်းများစွာရှိပါတယ်။ ဖြစ်နိုင်စေများစေတဲ့ အကြောင်းအရာတွေကတော့

    • လိင်ဆက်ဆံသူများခြင်း (သို့) လိင်ဆက်ဆံသူအသစ်တစ်ယောက် ရှိခြင်း။ လိင်ဆက်ဆံမှုနဲ့ မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကြားကဆက်သွယ်မှုကို ပြတ်ပြတ်သားသားမသိပဲသက်သေပြဖို့ အစီရင်ခံချက်တွေလည်းမထုတ်ဝေထားပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံမှုများခြင်း (သို့) လိင်ဆက်ဆံသူအသစ်တစ်ယောက်ရှိခြင်းကအမျိုးသမီးတွေကြားမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုပိုဖြစ်စေတယ်လို့ သိရပါတယ်။ အမျိုးသမီးအချင်းချင်းလိင်ဆက်ဆံခြင်းကလည်းမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်မှုနှုန်းကိုပိုတက်စေပါတယ်။
    • မိန်းမကိုယ်အတွင်းပိုင်းထိသေချာစွာဆေးကြောခြင်း – ဒါဟာမိန်းမကိုယ်ကိုရေ (သို့) သန့်စင်စေတဲ့ အရာတစ်ခုခုနဲ့ ဆေးကြောခြင်းကိုဆိုလိုပါတယ်။ ယေဘုယျအားဖြင့် မိန်းမကိုယ်ဟာသူ့ဘာ့သာသူသန့်ရှင်းရေး ပြုလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာသင့်ခန္ဓါကိုယ်အတွင်းကညီမျှမှုတွေကိုပျက်ပြားစေပါတယ်။
    • သဘာဝအရ lactobacilli ဘက်တီးရီးယားမရှိခြင်း။

    အကျိုးဆက်များ

    မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာအမြဲတမ်းတော့ အကျိုးဆက်တွေ မရှိတတ်ပါဘူး။ ဒါပေမယ့် အချို့သူတွေမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာလျစ်လျုမရှုသင့်တဲ့ ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

    • လမစေ့ပဲကလေးမွေးခြင်း – ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာလမစေ့ပဲကလေးမွေးစေပါတယ်။
    • လိင်မှုတစ်ဆင့် ကူးစက်တတ်သောရောဂါများ – မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာ HIV၊ရေယုန်၊ chlamydia နဲ့ ဂနိုရောဂါစတဲ့ လိင်မှုတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပိုမိုကူးစက်စေပါတယ်။ အပြန်အလှန် အားဖြင့်သင့်မှာ HIV ရှိတယ်ဆိုရင် မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာသင့်ရဲ့ HIV ရောဂါပိုးကိုလိင်ဆက်ဆံဖက်ကိုပိုမိုကူးစက်စေပါတယ်။
    • မီးယပ်ရောဂါ ခွဲစိတ်မှုအပြီးကူးစက်ရောဂါပိုးဖြစ်ပွားမှုနှုန်း -သင့်မှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းရှိတယ်ဆိုရင် သင်ဟာခွဲစိတ်ပြီးကူးစက်ရောဂါပိုးတွေကိုပိုမိုကူးစက်ခံရနိုင်ပါတယ်။
    • တင်ပဆုံအတွင်းရောင်ရမ်းမှုရောဂါ – မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာတခါတရံသားအိမ်နဲ့ မျိုးဥပြွန်တွေ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ တင်ပဆုံအတွင်းရောင်ရမ်းမှုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါဟာကလေးမရရှိနိုင်ခြင်းရဲ့ အဓိကအကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ နိဂုံးမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းအတွက် စိုးရိမ်ပူပန်မှုရှိတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ဆရာဝန်ဟာသင့်ရဲ့ မိန်းမကိုယ်ကဆင်းတဲ့ အရည်ကို ကြည့်ရှုစစ်ဆေးပြီးသင့်တော်တဲ့ဆေးတွေ ညွှန်းပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement