backup og meta

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

    တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ …..

    အစားမတော် တစ်လုတ်၊အသွားမတော် တစ်လှမ်း ဆိုသလိုပဲလူငယ်တွေ သဘာဝ ပျော်ကြပါးကြရင်း အကဲမတော် တစ်သက် ဖြစ်ကြရတာတွေ၊ ဒုက္ခ ဖြစ်တာတွေ ရှိကြပါတယ်။ ခေတ်မီ ပွင့်လင်းလာတဲ့ ကနေ့ခေတ်ရဲ့ လူငယ်တွေကြားမှာ ဆိုရှယ်ကျကျ ပေါင်းသင်းဆက်ဆံရေးတွေ၊ အသောက်အစား ဖက်လာတာတွေအပြင် အပျော်အပါးကြောင့် မတော်တဆ အမှားအယွင်းတွေ ရှိလာတတ်ပါတယ်။ အရာရာ ပွင့်လင်းလာတဲ့ လူငယ်တချို့က ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲအခမ်းအနားတွေမှာ ပျော်ကြပါးကြရင်း မထင်မှတ်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီ ပြဿနာတွေ မဖြစ်လာအောင် ဖြေရှင်းနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းရှိပါတယ်။

    တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

    တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှုကို ဖြစ်စေအောင် အများဆုံလုပ်မိတတ်တာက အရေးပေါ် သန္ဓေတားဆေး ပါ။

    အရေးပေါ် သေန္ဓတားဆေးပ

    အရေးပေါ် သန္ဓေတားဆေး (morning after pills) ဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့အခါ ဒါမှမဟုတ် ပုံမှန် သားဆက်ခြားနည်းလမ်း တစ်ခုခုကိုမေ့လျော့ ပျက်ကွက်မိတဲ့ အခါမျိုးတွေမှာ အရေးပေါ် သုံးကြတဲ့ သောက်ဆေး ဖြစ်ပါတယ်။ သန္ဓေတားနည်း တစ်ခုမှ မသုံးထားဘဲ လိင်ဆက်ဆံပြီးတဲ့အခါ ၃ရက် (၇၂နာရီ) အတွင်း သောက်သုံးရင် အာနိသင် အကောင်းဆုံး ဖြစ်ပေမယ့် ၅ရက် (နာရီ၁၂၀)အတွင်း သောက်သုံးရင်လည်း ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်စွမ်းရှိပါသေးတယ်။ ဒါပေမဲ့ အမြန်ဆုံး သောက်သုံးလေ အာနိသင် အထိရောက်ဆုံး ဖြစ်လေဆိုတာ သတိရထားဖို့ လိုပါတယ်။

    ဒီဆေးက တစ်ကြိမ် သောက်ရုံနဲ့ ဒီလို ကာကွယ်ပေးနိုင်တယ် ဆိုတော့ မပျက်မကွက် နေ့တိုင်း အချိန်မှန် သောက်ဖို့ လိုတဲ့ ပုံမှန် သားဆက်ခြား သောက်ဆေးလို၊ဘယ်နှလခံ ထိုးဆေး ဆိုပြီး မပျက်မကွက် ထိုးရတဲ့ ၃လ/၆လခံ ထိုးဆေးတွေလို အလုပ်မရှုပ်တဲ့ အတွက် အသုံးများလာကြပါတယ်။ အဲဒီထဲမှာ အိမ်ထောင်ရှင်တွေအပြင် အရွယ်ရောက်ပြီးတဲ့ လူငယ်တွေလည်း ပါဝင်နေပါတယ်။ သုံးရလွယ်ပြီး ထိရောက်မှု ရှိတာကြောင့် အသုံးများလာရာကနေ ပုံမှန် သားဆက်ခြားသောက်ဆေးတွေအစား အလွယ် သုံးစွဲလာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သတိထားသင့်တာက အရေးပေါ် သန္ဓေတားဆေး ဆိုတာ အမြဲတမ်း သောက်သုံးဖို့အတွက် အဆင်မပြေလှပါဘူး။

    အရေးပေါ် သန္ဓေတားဆေး ဆိုတာ အရေးပေါ် အခြေအနေတွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်လို့ ပုံမှန် အသုံးပြုသွားလို့ရမယ့် သန္ဓေတားဆေးလိုနေ့တိုင်း သောက်နေလို့ မရပါဘူး။ အခုနောက်ပိုင်းမှာ လူငယ်တချို့က လွတ်လွတ်လပ်လပ် အပျော်လွန်ခဲ့ကြပြီးမှ ဒီဆေးတွေကို အလွယ်တကူ ဝယ်ပြီး သုံးစွဲနေကြတာ တွေ့လာရပါတယ်။ တစ်ပတ်အတွင်းမှာပဲ အကြိမ်ပေါင်းများစွာ သောက်သုံးမယ်ဆိုရင် မသင့်တော်လို့ အကြိမ်ရေများမယ် ဆိုရင်တော့ ပုံမှန်သားဆက်ခြားသောက်ဆေးတွေကို သုံးသင့်ပါတယ်။

    အရေးပေါ် သန္ဓေတားဆေးတွေက ဘေးအန္တရာယ် ဖြစ်စေလို့တော့ မဟုတ်ပါဘူး။ ဒီနည်းက ရေရှည်သုံးလို့ ကောင်းတဲ့ နည်းလမ်း မဟုတ်တာ တစ်ခုပါပဲ။ ထပ်ကာ ထပ်ကာ သုံးစွဲနေတာမျိုးဆိုရင်ဘေးထွက်ဆိုးကျိုးတွေက ယာယီပဲ၊ အန္တရာယ်မရှိဘူးဆိုပေမယ့် ဓမ္မတာ မမှန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ရင်သားတင်းပြီး နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ နွမ်းလျခြင်းတို့ ဖြစ်နိုင်တဲ့အတွက် သိပ်တော့သက်သာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ရသွားနိုင်ခြေကလည်း တခြားသော သန္ဓေတား နည်းလမ်းတွေထက် မြင့်မားပါတယ်။

    ဘာလို့အသုံးများလာသလဲဘာကောင်းကျိုးတွေရှိလဲ

    အရေးပေါ် သန္ဓေတားဆေးတွေက-

  • တစ်ကြိမ်တည်းသောက်လိုက်ရုံပဲ၊
  • ဝယ်ရလွယ်၊သုံးရလွယ်တယ်၊
  • ဆရာဝန်ညွှန်ကြားချက်မလိုဘူး၊
  • လိင်ဆက်ဆံပြီး၅ရက်အတွင်းသုံးလို့ရတယ်၊
  • ကွန်ဒုံးပေါက်ပြဲတာ၊သောက်ဆေးရက်ကျော်သွားတာ၊ထိုးဆေးရက်ကျော်သွားတာမျိုးမှာအရေးပေါ်သုံးလို့ရတယ်၊
  • စရိတ်သက်သာပြီးထိရောက်မှုရှိတယ်၊
  • ဘေးအန္တရာယ်မရှိသလောက်ကင်းတယ်ဆိုတဲ့အချက်တွေကြောင့်လူငယ်တွေအကြားအသုံးများလာတာဖြစ်ပါတယ်။မမျှော်လင့်ဘဲကိုယ်ဝန်ရတဲ့အဖြစ်မျိုးတွေကိုအချိန်မီကာကွယ်နိုင်ဖို့ကအရေးပေါ်သန္ဓေတားဆေးရဲ့အားသာချက်ပါ။
  • ဘယ်အချိန်မှာအသုံးဝင်ဆုံးလဲဆိုတော့ကွန်ဒုံးသုံးဖို့မေ့သွားတဲ့အခါမျိုးအကာအကွယ်မဲ့လိင်ဆက်ဆံပြီးချိန်မှာကိုယ်ဝန်မရသွားအောင်အရေးပေါ်ကာကွယ်ပေးနိုင်ပါတယ်။တစ်ခုထပ်သတိထားသင့်တာကတချို့တွေဟာကွန်ဒုံးမသုံးပေမယ့်အပြင်မှာထုတ်တဲ့နည်းလမ်းကိုသုံးရင်ကိုယ်ဝန်မရနိုင်ဘူးဆိုပြီးကျင့်သုံးနေတာတွေလည်းရှိပါတယ်။တကယ်ကအပြင်မှာထုတ်ခဲ့တယ်ဆိုရင်တောင်မှကိုယ်ဝန်ရသွားနိုင်ခြေရှိပါသေးတယ်။ဒီအတွက်အဲဒီလိုအချိန်တွေမှာလည်းဒီဆေးကိုသောက်သုံးနိုင်ပါတယ်။

    ဒီဆေးသာမကယ်ရင်မတော်တဆကိုယ်ဝန်ကြောင့်ဘဝအတွက်အဆင်သင့်မဖြစ်မီလက်ထပ်လိုက်ရတာ၊အသက်ငယ်ငယ်နဲ့အိမ်ထောင်သည်ဖြစ်သွားရတာ၊မလိုလားတဲ့ကိုယ်ဝန်ကိုဖျက်ချရင်းမိန်းကလေးတွေအသက်အန္တရာယ်ဖြစ်ရတာ၊ကိုယ်ဝန်ကြောင့်ဂုဏ်သိက္ခါကျဆင်းရတာစတဲ့ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။အခုတော့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကူညီပေးမယ့် အရေးပေါ်သန္ဓေတားဆေးကဈေးကွက်မှာရရှိနေပါပြီ။အလွယ်တကူလည်းဝယ်လို့ရနိုင်ပြီမို့လို့စိတ်ချလက်ချရှိနိုင်ပါပြီ။

    တစ်ခုပဲသိထားသင့်တာကဆေးသောက်ပြီးအန်ထွက်ရင်တော့ထပ်သောက်ရပါမယ်။ကိုယ်ကပျို့တတ်တယ်ဆိုရင်အအန်ပျောက်ဆေးနဲ့လည်းတွဲသောက်လို့ရပါတယ်။

    တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာမျိုး မဖြစ်အောင် ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement