backup og meta

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

    သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ……သားအိမ်တွင်း အလုံးအကျိတ် ဖြစ်လို့၊ ရာသီသွေးဆင်း နာကျင်မှုတွေ ခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ် ထုတ်ရပြီဆိုတာဟာ အကြီးစား ခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှု နောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေး အခြေအနေ၊ ခွဲစိတ်မှု နည်းလမ်းတို့ကို မူတည်ပြီး ပြန်လည်ကျန်းမာမယ့် ကြာချိန် ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ဂရုစိုက်မှုက မကောင်းခဲ့ရင် ပြန်လည် သက်သာဖို့ အချိန် ပိုကြာနိုင်ပါတယ်။

    သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

    သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတော့

    (၁) ကိုယ်လက်လှုပ်ရှားမှု နဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ

    ခွဲစိတ်မှု နောက်ပိုင်းမှာ နားနားနေနေ နေရမယ်ဆိုပေမယ့် လုံးဝ မလှုပ်ရဲဘဲ ငြိမ်နေတာလည်း မကောင်းပါဘူး။ အနီးအနား လမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကို ပြန်လည် ကုစားပေးနိုင်စွမ်း ရှိပါတယ်။ ကိုယ်နိုင်သလောက် အတိုင်းအတာကို ဖြည်းဖြည်းချင်း စမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်က ထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက် နားနားပြီး လှုပ်ရှားပေးလို့ ရပါတယ်။

    (၂) အလေးအပင် မ မ ပါနဲ့

    ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက် အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။ အနာချုပ်ရိုး ပြန်ကွဲသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ လှုပ်ရှားမှု လိုတယ် ဆိုပေမယ့် ခွဲစိတ်ပြီး အနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီး အားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကို မလုပ်ပါနဲ့။

    (၃) အာဟာရ ပြည့်ဝမျှတအောင် စားပါ

    အားရှိအောင် စားပါဆိုတာက တွေ့သမျှ အကုန် အများကြီး စားဖို့ မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျှတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ အသားဓါတ်၊ အမျှင်ဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ(အစေ့အဆန်တွေ၊ ငါး) ပါဝင်တဲ့ အစာအာဟာရကို စားပါ၊ တစ်နေ့ ရေ ၈ ခွက်သောက်ပါ။ ခွဲစိတ်မှု နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့ အမျှင်ဓါတ်က အရေးကြီးပါတယ်။ ရေသောက် နည်းလို့၊ လှုပ်ရှားမှု မရှိလို့၊ အမျှင်ဓါတ် မစားလို့ ဝမ်းချုပ်ခဲ့ရင် ဝမ်းပျော့ဆေးတွေ သောက်ရနိုင်ပါတယ်။

    (၄) ချုပ်ရိုးကို သန့်ရှင်းမှုဂရုစိုက်ပါ

    ခွဲစိတ်မှု နောက်ပိုင်းမှာ အနာချုပ်ရိုး ရောဂါပိုး မဝင်စေဖို့ အရေးကြီးပါတယ်။ ခွဲစိတ်ပြီးကာစမှာ အနာကို ရေမထိစေဖို့ ဂရုစိုက်ရမယ်၊ ဖုန်နဲ့ အညစ်အကြေးတွေမကပ်ငြိအောင် ဂရုစိုက်ရမယ်၊ မပွန်းပဲ့စေဖို့ သတိထားရမယ်။ ချုပ်ရိုးမှာ နီမြန်းလာတာ၊ ရောင်ရမ်းလာတာ၊ အရည်ထွက်လာတာ တွေ့ရရင် အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာရင် ဒါမှမဟုတ် ကိုယ်ပူလာရင် ဆရာဝန် ပြန်ပြပါ။

    (၅) အပြောင်းအလဲတွေကို လက်ခံပေးပါ

    သားအိမ် ခွဲထုတ်ပြီးနောက် ပထမရက်အနည်းငယ်အတွင်း အဖြူဆင်းတတ်တာ ပုံမှန်ပါပဲ၊ တစ်ခါတလေသွေးဆင်းတတ်ပါတယ်။ တစ်ရက်၊နှစ်ရက်ကနေ ရှစ်ပတ်လောက်အထိဖြစ်နိုင်ပါတယ်။ သားဥအိမ်ဖယ်ထုတ်တာ အပါအဝင် သားအိမ် တစ်ခုလုံး ဖယ်ထုတ်လိုက်ရပြီးနောက် အရေပြားမှာ ပူရှိန်းရှိန်း ခံစားရတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာ တို့လို သွေးဆုံးလက္ခဏာတွေလည်းခံစားရနိုင်တယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ပိုပင်ပန်းလွယ်လာခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးက လျော့ပါးမသွားဘဲ တာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြန်ပြီးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement