backup og meta

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

    သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။

    ကွန်ဒုံးသုံးပါ။

    ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။

    ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။

    အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ နေမယ်ဆိုရင်တော့ အတွင်းခံတွေကို မေ့လိုက်ပါ။ တစ်နေကုန် လေဝင်လေထွက်ကောင်းစေဖို့ အတွင်းခံ မဝတ်ဆင်သင့်ပါဘူး။

    လေ့ကျင့်ခန်း လုပ်ပါ။

    ကီဂယ် လေ့ကျင့်ခန်းဟာ တင်ပါးဆုံ အတွင်းပိုင်း ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ သင့်ကို ပိုမို ပြင်းထန်တဲ့ လိင်စိတ် အထွတ်အထိပ်ရောက်မှုကို ပေးစွမ်းနိုင်ပြီး ဆီးအိမ်ထိန်းချုပ်မှု ကိုလည်း ပိုကောင်းစေပါတယ်။

    ဒိန်ချဉ် စားပါ။

    ဒိန်ချဉ်မှာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ရောတွေ ပါဝင်တာကြောင့် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓါ အတွင်းမှာ တိုးပွားစေပါတယ်။ ဒါ့ကြောင့် မှိုရောဂါ လိုမျိုး မိန်းမကိုယ်ရောဂါတွေကို ကြောက်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ဒိန်ချဉ်မှာ သကြားပါလားဆိုတာ သတိပြုပါ။ တစ်ချိန်တည်းမှာပဲ သင့်မုန့်တွေဟာ မိန်းမကိုယ်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ ရောဂါပိုးဝင်မှုတွေကို မြင့်တက်စေပါတယ်။

    နှစ်စဉ် စစ်ဆေးပါ။

    သင့်မှာ မီးယပ်ရောဂါတစ်ခုခုရဲ့ လက္ခဏာတွေ မရှိခဲ့ရင် (သို့) ကိုယ်ဝန် မရှိဘူးဆိုသော်လည်း နှစ်စဉ် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျွမ်းကျင်သူတွေဟာ သင်မေးတဲ့ မေးခွန်းတွေဖြစ်တဲ့ ကွန်ဒုံးအကြောင်း၊ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းအကြောင်း၊ ကလေးရခြင်း နဲ့ အခြား လိင်မှုဘဝနဲ့ ပတ်သက်တဲ့ အရာတွေရော ယေဘုယျ ပတ်သက်တဲ့ ကျန်းမာရေး မေးခွန်းတွေကိုပါ ဖြေကြားပေးနိုင်ပါတယ်။

    ချောဆီကို အသုံးပြုပါ။

    တစ်ခါတရံ သင်လိင်ဆက်ဆံတော့မယ်ဆိုရင် မိန်းမကိုယ်ဟာ ခြောက်သွေ့နေနိုင်ပါတယ်။ ဒါဟာ စိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ သင်သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ကလေးမွေးပြီး (သို့) သွေးမဆုံးခင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်လိင်ဆက်ဆံဖက်ကို ပြောဖို့ ဝန်မလေးသင့်ပါဘူး။ ဒါမှသာ ချောဆီတစ်မျိုးမျိုးကို နာကျင်မှုလျော့ပါးဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    မိန်းမကိုယ်အတွင်းပိုင်းကို သန့်စင်ခြင်း မပြုလုပ်ပါနဲ့။

    မိန်းမကိုယ်ဟာ ကိုယ်တိုင် သန့်ရှင်းရေးလုပ်နိုင်တာကြောင့် သူ့အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါ့ပြင် အချို့လေ့လာမှုတွေက အမျိုးသမီးသုံး ထုတ်ကုန်တွေဟာ မိန်းမကိုယ်ကို ခြောက်သွေ့စေရုံသာမက ရောဂါရရှိနှုန်းကိုလည်း မြင့်တက်စေပြီး တင်ပါးဆုံးအတွင်းပိုင်း အင်္ဂါများရောင်ရမ်းခြင်း နဲ့ လိင်မှ ကူးစက်ရောဂါတွေကိုလည်း ပိုမို ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်အတွင်းပိုင်းကို သန့်စင်ခြင်း မပြုလုပ်ပါနဲ့။

    စက်ဘီးစီးစဉ်မှာ မိန်းမကိုယ်ကို ဂရုစိုက်ပါ။

    စက်ဘီးစီးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ကိုယ်လက် လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို မိန်းမကိုယ် ထုံကျင်ခြင်း၊ နာကျင်ခြင်းနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတ်ယ။ ဒီလက္ခဏာတွေကို ရှောင်ကျဉ်ဖို့အတွက် အကာအကွယ်ပါတဲ့ ဘောင်းဘီတိုကို ဝတ်ဆင်သင့်ပြီး ကိုယ်လက် လှုပ်ရှားမှု ပြုသင့်ပါတယ်။

    ပိုးသတ်ဆေးကို သတိနဲ့ သုံးစွဲပါ။

    ပိုးသတ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ကျန်းမာရေးအတွက် အမြဲမကောင်းမွန်ပါဘူး။ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ မိန်းမကိုယ်က ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို လျော့ကျစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို သတိနဲ့ သုံးစွဲပြီး ကိုယ့်သဘောနဲ့ကိုယ် အသုံးမပြုသင့်ပါဘူး။

    လိင်ဆက်ဆံမှုတွေကို သတိထားပါ။

    လိင်ဆက်ဆံမှု ပုံစံတစ်ခုပြောင်းတိုင်း အခြားကွန်ဒုံးတစ်ခု လဲပါ (သို့) မိန်းမကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ပါ။ ဒါဟာ စအိုဝဟာ ဘက်တီးရီးယားပိုးကြွယ်ဝတာမို့ မိန်းမကိုယ်ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

    ဆပ်ပြာကို သတိထား အသုံးပြုပါ။

    အမျိုးသမီးတွေဟာ ကိုယ်ခန္ဓါကို ဆေးကြောဖို့အတွက် ဆပ်ပြာကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် ဆပ်ပြာကို အရေပြားပေါ်သာ အသုံးပြုသင့်ပြီး မိန်းမအင်္ဂါတွေ နားမှာတော့ မသုံးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဆပ်ပြာက အမျိုးသမီး အင်္ဂါတွေကို ခြောက်သွေ့စေပါတယ်။ အဲဒီလိုလုပ်မယ့်အစား ရေနွေးနဲ့ဲ ဆေးကြောသင့်ပြီး ညင်သာကာ အနံ့မပါတဲ့ ဆပ်ပြာအပျော့စားကိုသာ အသုံးပြုသင့်ပါတယ်။

    မိန်းမကိုယ်ကို ကာကွယ်ခြင်းဟာ သင့်လိင်မှုဘဝနဲ့ ကျန်းမာရေးကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ စောစောစီးစီး ကာကွယ်ခြင်းဟာ အမြဲတမ်းပိုမိုကောင်းမွန်ပါတယ်။ သင့်မှာ အခြားလက္ခဏာတွေ ရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement