backup og meta

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

    မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသမီး အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည် ရရှိဖို့၊ ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ် ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့အတွက် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ ရှိပါတယ်။

    ဒီလို ခွဲစိတ်လိုက်ခြင်းက မိန်းမကိုယ်ကို ပြန်လည် တင်းကျပ်သွားစေပြီး တွဲကျတာ၊ ပုံပျက်တာမျိုးတွေကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့ အတွက် ခွဲစိတ်မှု မခံယူမီ ဒီအချက်ကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစား ရပါမယ်။

    မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

    မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ က အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။

    ဒါပေမယ့် မိန်းမကိုယ် တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု ခံယူပြီး ရက်အနည်းငယ် အတွင်းမှာ နာကျင်တာမျိုး၊ အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါပေမယ့် ဒီ လက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ မိန်းမကိုယ် ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့် နောက်ထပ် ပြဿနာ တခု ရှိပါသေးတယ်။ ဒါကတော့ သင့်မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ကာလကြာရှည် ဆုံးရှုံးတာ ဒါမှမဟုတ် အမြဲတမ်း ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ် (မိန်းမကိုယ်မှာ ရှိတဲ့ တစ်ရှူးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားလို့ ဖြစ်ပါတယ်)။

    ဒါပေမယ့် ဒီလို ပြဿနာမျိုးဟာ အင်မတန် ဖြစ်ခဲပြီး ဖြစ်ခဲ့ရင်လည်း ခွဲစိတ်ထားတဲ့ နေရာမှာပဲ အာရုံခံစားနိုင်စွမ်း ဆုံးရှုံးတာမျိုး ဖြစ်တတ်တာပါ။ ခွဲစိတ်လိုက်လို့ သင့်မိန်းမကိုယ် အရမ်းကြီး တင်းကျပ်သွားတယ် ဆိုရင် သင့်အနေနဲ့ မိန်းမကိုယ် တဝိုက်မှာ အနည်းငယ် ကသိကအောင့် ခံစားရပါလိမ့်မယ်။

    တခု ရှိတာက အထက်မှာ ပြောခဲ့သလို မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ဆုံးရှုံးသွားမယ် ဆိုရင်တော့ သင့်အနေနဲ့ လိင်ဆက်ဆံတဲ့အခါ သာယာမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။

    ဒါ့အပြင် အခြားသော ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းဟာ ဆီးအိမ်အောက်ခြေပိုင်း (ဆီးထွက်တဲ့နေရာ) နဲ့ စအို၊အူမကြီးအဆုံးပိုင်း အစရှိတဲ့ နေရာတွေက တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    ခွဲစိတ်ပြီးနောက်မှာ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း မနေထိုင်ရင် ဒါမှမဟုတ် ဆေးထိုး၊ဆေးသောက်ဖို့ ပျက်ကွက်ရင် ပြင်းထန်ဆိုးရွားတဲ့ ကူးစက်ပိုးဝင်ခြင်းတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

    မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ အဖြစ်များဆုံး ပြဿနာကတော့ ခွဲစိတ်မှုရလဒ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်လိုချင်တဲ့ အနေအထား၊ ဖြစ်ချင်တဲ့ ပုံစံနဲ့ပတ်သက်ပြီး ခွဲစိတ်မှု မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

    ဒါမှသာ သင့်ဆရာဝန် အနေနဲ့ သင်ဖြစ်ချင်တဲ့ အနေအထားအတိုင်း အတတ်နိုင်ဆုံး ထပ်တူကျအောင် ခွဲစိတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

    အခြားသော ခွဲစိတ်ကုသမှုတွေ နည်းတူပါပဲ။ မိန်းမကိုယ် ပြုပြင်ခွဲစိတ်တာဟာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မလွှဲမရှောင်သာ ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဒီလိုမျိုး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ဖို့အတွက် ခွဲစိတ်မှု မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ ရိုးသားပွင့်လင်းစွာ အသေးစိတ် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဒါ့အပြင် ရလဒ်ကောင်းတွေကို ရရှိဖို့အတွက် ခွဲစိတ်ပြီးတဲ့အခါမှာလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လည်း လိုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement