backup og meta

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

    ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရပေမယ့် ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီတော့ ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း တွေအကြောင်း လေ့လာလိုက်ရအောင်နော်။

    ဒီအချိန်ဆို လူကနေရခက်နေတဲ့အပြင် ဗိုက်က အနည်းငယ်ပိုပူနေသလိုဖြစ်နေတာမို့ ဝိတ်ပဲပိုတက်လာသလိုလိုနဲ့ မိန်းကလေးတွေ စိတ်ညစ်ရပါတယ်။

    ဘာလို့ ဒီလိုဖြစ်ရတာလဲ

    ပရိုဂျက်စထရုန်း နဲ့ အက်စထရိုဂျင် ဟော်မုန်းတို့ ပမာဏ အပြောင်းအလဲကြောင့် ရာသီမလာခင်နဲ့ ရာသီလာကာစ ရက်မှာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ရာသီမလာခင် တစ်ပတ်/နှစ်ပတ် အလိုမှာ ဖြစ်တတ်တဲ့ ရာသီမလာခင် ခံစားရတဲ့ဝေဒနာစု(PMS)လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ PMS ရဲ့တခြားလက္ခဏာတွေက –

    • စိတ်အပြောင်းအလဲမြန်တာ
    • ပင်ပန်းနွမ်းနယ်တာ
    • ဗိုက်အောင့်တာ
    • ဝက်ခြံထွက်တာ
    • စားချင်သောက်ချင်စိတ်များနေတာ
    • ရင်သားတွေ ကြီးလာတာ
    • ခေါင်းကိုက်တာ
    • ခါးနာတာ တွေပါဝင်ပါတယ်။

    ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

    ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်းတွေကတော့

    (၁) အငန်များတဲ့ အစားအသောက်တွေ‌ ရှောင်ပါ

    ဆိုဒီယမ်ကြောင့် ခန္ဓာကိုယ်ထဲမှာ water retention လို့ခေါ်တဲ့ ရေဓာတ်တွေ ပိုထိန်းထားမှုကို ဖြစ်စေနိုင် ပါတယ်။ ဒါ့ကြောင့် အငန်များတာတွေ ရှောင်မယ်ဆိုရင် ရေဓာတ်ကြောင့် ဖောရောင်တာတွေလျော့စေပြီး ရာသီလာချိန်ဗိုက်ပွခြင်းကို သက်သာစေပါတယ်။

    (၂) ပိုတက်စီယမ်ကြွယ်ဝတာ စားပေးပါ

    ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေက ရာသီလာချိန် ဗိုက်ပွခြင်းကို လျော့ပါး သက်သာစေနိုင်ပါတယ်။ ပိုတက်စီယမ်က ဆိုဒီယမ် ပမာဏကို လျော့ကျစေပြီး ဆီး ပိုများစေပါတယ်။ ဒီလိုနည်းနဲ့ ရေဓာတ် ပိုထိန်းမှုကို လျော့ပါးစေပြီး ဒီဝေဒနာ သက်သာစေပါတယ်။

    အစိမ်းရင့်ရောင် အရွက်တွေ၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဉ်သီး တို့လို ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားလို့ ရပါတယ်။

    (၃) ဆီးရွှင်စေမယ့် အစားအစာတွေစားပါ

    ဒီ အစားအစာတွေ ထဲမှာ ကညွှတ်၊ နာနတ်သီး၊ မက်မွန်သီး၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ တို့ ပါဝင်ပါတယ်။

    (၄) ရေများများ  သောက်ပါ

    ဒီအချိန်မှာ ရေဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေများများ သောက်ရင် ဖောရောင်တာ ပိုဆိုးလာမယ်လို့ တချို့က စိုးရိမ်ကြတယ်။ တကယ်တော့ ရေသောက်မှ ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး ဖောရောင်ခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေနိုင်ပါတယ်။

    (၅) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

    လေ့လာမှု အရ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာက PMS လက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိ ထားပါတယ်။ ဒါ့ကြောင့် နေလို့ မကောင်းတိုင်း မှိန်းမနေဘဲ နည်းနည်းတော့ ပုံမှန် လှုပ်ရှားပါ။

    ဘယ်အချိန်မှာ ဆရာဝန်ပြဖို့ လိုမလဲ

    ရာသီလာလို့ ပြီးသွားတာတောင် ဒီဝေဒနာက မပျောက်သေးဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး တိုင်ပင်သင့် ပါတယ်။ တခြား ရောဂါအကြောင်းရင်းကြောင့် ဟုတ်၊ မဟုတ်ကို ပြန်စစ်ဆေး အဖြေရှာသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement