backup og meta

ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

    အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့ သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို ပြောပြပေးချင်ပါတယ်။

    ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

    လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့ အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။

    အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေက

    (၁) ပြုပြင်စီမံထားတဲ့အစားအစာများ

    ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့ စားစရာတွေဟာ အငန်ဓာတ်ပါဝင်မှုအများဆုံးအရင်းအမြစ်တွေ ဖြစ်ပါတယ်။

    ထုပ်ပိုးပြီးရောင်းချတဲ့ ရယ်ဒီမိတ်အစားအသောက်တွေကို ရှောင်ပါ။ အာလူးကြော်လိုမျိုး သွားရည်စာတွေအပြင် ဆိုင်ကဝယ်စားတဲ့ အစားအစာတွေကိုလည်းရှောင်ပါ။

    (၂) အယ်ကိုဟောနဲ့ ကဖင်းဓာတ်

    ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေက ဆီးရွှင်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က ခန္ဓာကိုယ်ကို မကောင်းတဲ့သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါ့ပြင် ဝိုင်၊ ဘီယာနဲ့ အရက်တွေကိုလည်း ရာသီလာစဉ်အတွင်းရှောင်ထားသင့်ပါတယ်။

    ကော်ဖီတအားသောက်ချင်နေတယ်ဆိုရင် ရေတွေ အဝသောက်လိုက်ပါ။ ရေကမှ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ကိုယ်တွင်းလုပ်ဆောင်ချက်တွေ ချောမွေ့စေမှာဖြစ်ပါတယ်။

    (၃) အကြော် အလှော်များနဲ့ ဆီကြော်မုန့်များ

    အချိန်ကြာကြာကြော်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေကို ရှောင်သင့်ပါတယ်။ သူတို့က အီစထရိုဂျင်ဟော်မုန်းပမာဏကို မြင့်တက်စေနိုင်လို့ပါ။ အီစထရိုဂျင်ပမာဏကို တည်ငြိမ်အောင်ထိန်းညှိနိုင်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    (၄) အဆီများတဲ့ အသားများ

    အဆီများတဲ့အသားတွေက ရာသီလာချိန် ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်တဲ့ ပြည့်ဝဆီတွေ ပါဝင်မှုများပါတယ်။ အဲဒီအဆီတွေမှာပါတဲ့ arachidonic acid က prostaglandinsတွေ ထွက်ရှိစေပြီး prostaglandins တွေကြောင့် သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေပါတယ်။

    အဆီများတဲ့ စားစရာတွေ စားသုံးခြင်းကြောင့် ရာသီလာတဲ့ ပထမရက်မှာပဲ ဗိုက်ပွခြင်း၊ ရင်သားတင်းပြီး နာကျင်ခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ပိုဆိုးစေနိုင်ပါတယ်။

    (၅) နို့ထွက်ပစ္စည်းများ

    နို့ထွက်ပစ္စည်းတွေက ဗိုက်ပွခြင်းကို ပိုဆိုးစေရုံမက နာကျင်ကိုက်ခဲမှုကိုပါ ပြင်းထန်လာစေနိုင်ပါတယ်။ နွားနို့၊ ချိစ်၊ ရေခဲမုန့် တို့လို စားစရာတွေမှာ omega-6 fatty acid တစ်မျိုးဖြစ်တဲ့ arachidonic acid ပါဝင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။

    (၆) အချိုဓာတ်

    ရာသီလာချိန်မှာဆို သွေးတွင်းသကြားဓာတ်က ရိုလာကိုစတာလို ထိုးတက်သွားတာပဲ လို့ ဆရာဝန်တွေကပြောပါတယ်။ အချိုများတာတွေ ပိုစားမိရင် နဂိုကမှမြင့်တက်နေတဲ့ သကြားဓာတ်ကို မီးလောင်ရာလေပင့်သလိုဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် သကြားဓာတ်က ရောင်ရမ်းမှုကို အားပေးလို့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

    ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

    မစားသင့်တဲ့ အစားအစာ တွေက
    (၁) ပြုပြင်စီမံထားတဲ့အစားအစာများ
    (၂) အယ်ကိုဟောနဲ့ ကဖင်းဓာတ်
    (၃) အကြော် အလှော်များနဲ့ ဆီကြော်မုန့်များ
    (၄) အဆီများတဲ့ အသားများ
    (၅) နို့ထွက်ပစ္စည်းများ
    (၆) အချိုဓာတ် များတာတွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement