ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read
Share now

လစဉ် ဓမ္မတာသွေးကနေ သင့်ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်လေးတွေ ပေးတတ်ပါတယ်။ ရာသီလာတဲ့ ကြာချိန်၊ သွေးဆင်းသော ပမာဏ စတာတွေဟာ အမျိုးသမီးတိုင်း လစဉ် သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေပါပဲ။ ဒါ့အပြင် ဓမ္မတာသွေးအရောင်လေးတွေလည်း မတူကွဲပြားကြတာကို သတိထားမိကြမှာပါ။

အမျိုးသမီးအများစုဟာ ရာသီလာလာချင်း ၂ရက်၊ ၃ရက် မှာ ရာသီသွေးဆင်းများတတ်ပြီး တဖြည်းဖြည်းနဲ့ နည်းသွားပြီး‌နောက် ၅ ရက်မြောက်လောက်ဆို ရပ်သွားမှာပါ။ ရာသီသွေးဆင်းတဲ့ ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကနေ အများဆုံး ၁၂ ဇွန်းခန့်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ရာသီလာခြင်းကနေ လစဉ် သွေး ၃၀ – ၅၀ စီစီခန့် ဆုံးရှုံးရပါတယ်။ လွန်ရောကျွံရော ၈၀ စီစီ လောက်အထိ ဆုံးရှုံးခြင်းကလည်း ပုံမှန်လို့ သတ်မှတ်နိုင်ပါသေးတယ်။

ရာသီလာစဉ်တလျှောက်မှာ သွေးအရောင်ပြောင်းလဲသွားတာကို သတိထားမိသူရှိပါသလား။ အဲ့လိုပြောင်းလဲတာက ပုံမှန်ပဲဖြစ်ပြီး သွေးထဲမှာ ပါဝင်တဲ့ မ ဟော်မုန်း အီစထရိုဂျင် များလာတာကြောင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပါတယ်။

ပန်းရောင် ဓမ္မတာသွေး

အချို့ အမျိုးသမီးတွေမှာ ရာသီလာခါနီးရက်တွေဆိုရင် ပန်းရောင်သွေး (spotting) ဆင်းတာမျိုး ဖြစ်တတ်ကြပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သွေးပမာဏနည်းနည်းနဲ့ သားအိမ်ခေါင်းအချွဲတို့ ရောပြီးဆင်းတာပါ။ ဒီလို ပန်း‌ရောင် ဓမ္မတာသွေးဟာ ရာသီစက်ဝန်း အဆုံးမှာ မဟော်မုန်း (အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း) တွေ နည်းသွားခြင်းကိုလည်း ပြပါတယ်။ ဒါဟာ စိုးရိမ်စရာမဟုတ်ပါဘူး။

အနီရဲရဲ ဓမ္မတာသွေး

ရာသီစစလာချင်းမှာ ဆင်းတဲ့ဓမ္မတာသွေးဟာ အနီရောင်ဖြစ်‌ပါတယ်။ အဲ့ဒီအချိန်မှာ သားအိမ်အတွင်းနံရံက အမြှေးပါးလေးဟာလည်း သားအိမ်ရဲ့ ညှစ်‌အားကြောင့် လျင်မြန်စွာ ကွာကျနေပါတယ်။ ဒါကြောင့်မို့ ရာသီလာစဉ် ပထမရက်တွေမှာ ဗိုက်အောင့်ခြင်း၊ ခါးကိုက်ခြင်းတို့ ခံစားရပါလိမ့်မယ်။ စိုးရိမ်စရာမလိုပါဘူး။ ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးခြင်း၊ အနာသက်သာအောင် ဆေးသောက်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဓမ္မတာကြောင့် မဟုတ်ဘဲ၊ ဓမ္မတာလာရမယ့်ရက် မဟုတ်ဘဲ မိန်းမကိုယ်ကနေ အနီရဲရဲ သွေးအများကြီးဆင်းခြင်းဟာ စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဥပမာ- ကိုယ်ဝန်ပျက်ကျခြင်း၊ နေရာလွဲမှားသန္ဓေတည်ခြင်း၊ သားအိမ်မှာ အလုံးတည်ခြင်း၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်မှာ ရေအိတ်တည်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

အညိုရောင် သို့မဟုတ် အနက်ရောင် ဓမ္မတာသွေး

ဓမ္မတာသွေးဟာ စစဆင်းချင်းပဲ အနီရောင်ဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းနဲ့ အညိုရောင် / အနက်ရောင် ပြောင်းလာတာကို သတိထားမိကြမှာပါ။ တချို့တွေက သွေးပုပ်လို့ပြောကြပါတယ်။ အလွန်မှားပါတယ်။ ဓမ္မတာသွေးဟာ သားအိမ်နံရံသွေးကြောလေးတွေထဲက ထွက်လာကြပြီးနောက် ခန္ဓာကိုယ်ပြင်ပမရောက်ခင် အောက်ဆီဂျင်နဲ့ တွေ့ပြီး oxidation (ဓာတ်တိုးခြင်း) ဖြစ်စဉ်ကြောင့် အရောင်ပြောင်းသွားခြင်းသာဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေမှာ သားအိမ်နံရံအမြှေးပါးဟာ နှေးကွေးစွာ ကွာကျခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမဟုတ်ပါဘူး။

ဓမ္မတာသွေး အတုံးအခဲအဖြစ် ဆင်းခြင်း

များသောအားဖြင့် ဓမ္မတာလာစဉ် နောက်ပိုင်းရက်‌တွေမှာ သွေးအတုံးအခဲလိုက် ဆင်းတာမျိုးဖြစ်တတ်ပါတယ်။ သွေးထဲမှာ သွေးဥမွှား (platelet) ပါဝင်တဲ့ ပမာဏများခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ သွေးခဲဟာ အကြွေစေ့အရွယ်ထက်မကြီးရင် စိုးရိမ်စရာမလိုပါဘူး။

ဓမ္မတာလာတာရှက်စရာမဟုတ်ပါဘူး။ အထက်မှာဖော်ပြခဲ့တာတွေနဲ့ လွန်ဆန်ပြီး သွေးဆင်းများလွန်းရင်သော်လည်းကောင်း၊ သွေးဟာ စေးကပ်ကပ် ဖြစ်နေရင်သော်လည်းကောင်း၊ အနံ့ဆိုးထွက်နေရင်သော်လည်းကောင်း သားဖွားမီးယပ်ဆရာဝန် သို့မဟုတ် မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သောဆရာဝန် များနဲ့ သွားရောက် ပြသတိုင်ပင် စစ်ဆေးပါလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ဘရာ Size မှားနေပြီလား

ဘရာ Size မှားနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read