အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ……. ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ……. ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။
ရာသီလာနေစဉ်မှာ အတူနေလို့ရလား ….. ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား …. ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။
ကလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ဆိုရင် ဒီအချိန်မှာ အတူနေပြီး ကလေးရဖို့မကြိုးစားသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက် နည်းနေတာကြောင့်ပါ။
အဲ ….. ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ နေရလောက်အောင်လည်း စိတ်ချလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ ရနိုင်ခြေ နည်းပေမယ့် ဒီနည်းနည်းလေးက ဖြစ်မလာရင်တော့ အကောင်းဆုံး ပါပဲ။
ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခုက အမျိုးသားရဲ့ သုက်ပိုးက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှင်သန်နေနိုင်ပါတယ်။ လေဒီတစ်ယောက် နဲ့ တစ်ယောက်က ရာသီစက်ဝန်း မတူနိုင်ပါဘူး။ လေဒီ တစ်ယောက်တည်းမှာတောင် ရာသီစက်ဝန်းက အမြဲ တစ်ထပ်တည်း မကျနိုင်ပါဘူး။
တကယ်လို့ ရာသီစက်ဝန်းက ၂၈ ရက်မဟုတ်ဘဲ ၂၂ ရက်စက်ဝန်း ဖြစ်နေမယ်ဆိုရင် ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ကလေးရနိုင်ခြေက ပိုများနေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရာသီလာနေစဉ်မှာ အတူနေမယ် ဆိုရင် အမျိုးသားက အကာအကွယ် သုံးတာပါ။
ရာသီလာချိန်မှာ အတူနေတာက လုံခြုံစိတ်ချရမှု အပြည့်အဝတော့ မရှိပါဘူး။ ရာသီလာနေစဉ်မှာ အတူနေခြင်းကြောင့် လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ် ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်သလို ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်မှိုပိုးဝင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
အမျိုးသားတွေမှာလည်း ဒီအချိန်မှာ လိင်ဆက်ဆံမှု ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုများနေနိုင်ပါတယ်။ ရာသီလာစဉ် အတူနေခြင်းကြောင့်
ဒါတွေက သာမန်အချိန်မှာလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ရာသီလာချိန်က သွေးဆင်းနေတဲ့အချိန်၊ မိန်းမကိုယ်အတွင်းသားတွေ နုနယ်တဲ့အချိန်ဖြစ်တာကြောင့် သာမန်ထက် ကူးနိုင်ခြေက ပိုများပါတယ်။
ရာသီလာနေစဉ်မှာ အတူနေတာက ဆိုးကျိုးပဲရှိတာတော့ မဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကတော့
ရာသီလာနေစဉ်မှာ အတူနေတော့မယ် ဆိုရင်
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။