၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး။
ဒါဟာ လုံးဝ (လုံး၀) မှားနေတဲ့ အချက်ပါ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ရာသီလာနေချိန်မှာ ရေချိုးလို့လည်း ရသလို ခေါင်းလျှော်လို့လည်း ရပါတယ်။ သွေးတချို့ ဆုံးရှုံးနေချိန်မို့ သံဓာတ်အားနည်းတာက လွဲရင် ကျန်တာ လူက ပုံမှန်အတိုင်းပဲမို့ ရေချိုး၊ ခေါင်းလျှော်ပြီးရင် ခေါင်းကို ခြောက်အောင်သုတ်ပြီး နွေးနွေးထွေးထွေးနေမယ်ဆိုရင် အဆင်ပြေပါတယ်။ ဝါသနာပါရင် ရေကူးလို့တောင် ရသေးတယ်နော်။ ရေကူးမယ်ဆိုရင်တော့ Tampon ဖြစ်ဖြစ်၊ Menstrual Cup ဖြစ်ဖြစ် သေချာသုံးဖို့တော့ လိုတာပေါ့။ ရေနွေးနွေးလေးနဲ့ သေချာ ရေချိုးပေးတာက ဓမ္မတာကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်၊ဗိုက်နာ၊ ခါးကိုက်တာတွေကိုတောင် သက်သာစေနိုင်ပါသေးတယ်။
၂။ ရာသီလာတယ်ဆိုတာ သွေးပုပ်တွေ ဆင်းတာဖြစ်တယ်။
ရာသီသွေးဟာ ပုံမှန် ကျွန်မတို့ ခန္ဓာကိုယ်သွေးကြောထဲက သွေးတွေနဲ့တော့ မတူတာ အမှန်ပါပဲ။ ဒါပေမဲ့ ရာသီသွေးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်တဲ့ သွေးပုပ်သွေးညစ်တွေ မဟုတ်ပါဘူး။ သန္ဓေတည်ဖို့ အသင့်ပြင်ထားတဲ့ မမျိုးဥ၊ သားအိမ်နံရံတွေက သန္ဓေမဖြစ်တည်လို့ ကွာကျလာတာပါ။ ဒါကြောင့် ရာသီသွေးထဲမှာ သွေးနည်းနည်း၊ သားအိမ်တစ်ရှူး၊ အချွဲ (Mucus Lining) နဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ရာသီသွေးထဲမှာပါတဲ့ သွေးဆဲလ် ပမာဏက ပုံမှန်သွေးထက် ပိုနည်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။