backup og meta

ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

    ကြည့်ရတာ မလန်းမဆန်းနဲ့။ နေမကောင်းတာလား။ မဟုတ်ဘူး။ ကြည့်ရတာ ပင်ပန်းနေသလိုပဲနော်။ ဟုတ်တယ်။ လစဉ်ကြုံနေကျ ကိစ္စလေး ဖြစ်နေလို့ပါ။ ဒီအချိန်မှာ လေဒီလေးတွေက ရာသီသွေး ဆင်းနေတာကိုပဲ ခံစားရတာ မဟုတ်ဘဲ အခြား ပြဿနာတွေကို ပါခံစားနေရတာပါ။ ဒါကြောင့် လေဒီ တော်တော်များများက ဒီအခိုက်အတန့်လေးမှာ နေရတာ ပင်ပန်းနေသလို ဖြစ်နေရတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ဝေဒနာလေးတွေအကြောင်း ပြောပြပေးပါရစေနော်။ ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။

    ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

    ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ ကတော့

  • မအီမသာဖြစ်တာ
  • ခန္ဓါကိုယ် တစ်ခုလုံးက ကိုင်ရိုက်ထားသလို နာနေမယ်။ နေရတာ ပင်ပန်းနုံးချိနေမယ်။ အန်ချင်သလိုလို ဖြစ်နေမယ်။ ခေါင်းထဲက မူးသလိုလို ဖြစ်နေမယ်။ ဝမ်းသွားမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်ရတာက ရာသီလာချိန်မှာဟော်မုန်းတွေ ထွက်ရှိလာတာကြောင့်ပါ။ ဒီ ဟော်မုန်းတွေကသွေးကြောထဲကို ရောက်ရှိတာကြောင့် အခုလို ဖြစ်ရတာပါ။

    ရာသီလာချိန်မှာ လေဒီလေးတို့ အနေနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၄ ဇွန်းလောက် အထိ ဆုံးရှုံးနိုင်ပါတယ်။ သွေး အများကြီး ဆင်းတာ၊သွေးခဲတွေဆင်းတာက ပုံမှန်ပါပဲ။ အများကြီး မဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာ မလိုပါဘူး။ လေဒီ အချို့က သွေးခဲတွေ ဆင်းတာ၊ သွေး အများကြီး ဆင်းတာမျိုး ဆိုရင် စိုးရိမ်တတ်ကြပါတယ်။

    သားအိမ်တွင်းက သွေးတွေ ခန္ဓါကိုယ် ပြင်ပကို စီးဆင်းရောက်ရှိ ရတာ ဖြစ်တာကြောင့် ကြွက်သားတွေ တင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောက်ဘက်နားက အောင့်တာမျိုး ခံစားရနိုင်ပါတယ်။ ရာသီမလာစဉ် ကတည်းက စအောင့်တတ်ကြသလို ရာသီလာနေစဉ် တလျှောက်လုံးလည်း အောင့်နိုင်ပါတယ်နော်။

    ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ မညီမျှတာမျိုး ဖြစ်နိုင်ပါတယ်။ ဟော်မုန်း အတက်အကျကို လိုက်ပြီး စိတ်ခံစားမှုက ပြောင်းလဲနိုင်တာကြောင့်ပါ။ ဒါကြောင့် စိတ်တိုစိတ်ဆတ်လွယ်တယ် ဆိုတာကလည်း လေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေ တစ်ခုပါ။ စိတ်ဓါတ်ကျတာမျိုးတောင် ဖြစ်နိုင်ပါတယ်နော်။

    ရာသီလာစဉ်မှာ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ပေါင်တွေ ကိုက်ခဲတာ၊ ခြေသလုံးနဲ့ ခါး ထဲက နာကျင်တာ၊ ခြေလက်တွေ ကိုက်ခဲတာ၊ ဆီးစပ် ကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရာသီသွေး ဆင်းဖို့အတွက် သားအိမ် အကျုံအဆန့် လုပ်ရတာကြောင့် နာကျင်ကိုက်ခဲရတာပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ နားနားနေနေ နေပေးရင် သက်သွားမှာပါ။ အရမ်း ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။

    • ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ

    ရာသီလာချိန်မှာ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေပွတာတွေ ခံစားရတာက ပုံမှန်ပါ။ ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး အူလမ်းကြောင်း လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိတာကြောင့် ဒီလိုခံစားရတာပါ။ ရာသီလာပြီးရင် သက်သာသွားနိုင်တာကြောင့် စိုးရိမ်စရာတော့ မလိုပါဘူး။

    ရာသီလာချိန်မှာ ဒီပြဿနာတွေက ခံစားရတာက ပုံမှန်ပဲမို့ လေဒီလေးတို့ကို အရမ်းကြီး မစိုးရိမ်ကြဖို့ ပြောပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement