backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ)


Phyo Wai Yan မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကဘာလဲ။

သွေးဆုံးခါနီးကာလ ကိုခေါ်သည်။ ထိုအချိန်တွင်သင့်ခန္ဓါကိုယ်သည် သွေးဆုံးခြင်းဖြစ်ရန်သဘာဝပြောင်းလဲခြင်းများဖြစ်သည်။ မျိုးပွားနိုင်သောနောက်ဆုံးအချိန်များလဲဖြစ်သည်။

မိန်းမမျာ်း အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သည်။ သွေးဆုံးခါနီး လက္ခဏာများဖြစ်သော ရာသီပုံမှန်မလာခြင်း များကို အသက် လေးဆယ်နှောင်းပိုင်းတွင်စခံစားရတတ်သည်။ အချို့သူများတွင် အသက်သုံးဆယ်တွင်စတင်သတိထားမိတတ်သည်။

မဟော်မှန်းပမာဏ သည် သွေးဆုံးခါနီးကာလတွင် တက်ခြင်း ကျခြင်းများမညီမျှစွာဖြစ်သည်။ ရာသီလာမှု ကြာခြင်းတိုခြင်း သို့မဟုတ် သင့် သားဥအိမ်မှ သားဥကိုမထုတ်တော့ခြင်းများဖြစ်တတ်သည်။ သွေးဆုံးခြင်းလက္ခဏာများ(ပူခြင်း မျက်နှာရခြင်း အိမ်ရေးမဝခြင်း နှင့် မအဂါၤခြောက်ခြင်းများကိုခံစားရနိုင်သည်။ လက္ခဏာများသက်သာစေရန်ကုသမှုများရှိသည်။။

ဆယ့်နှစ်လကျော်အောင်ရာသီမလာပါက သွေးဆုံးခြင်းဖြစ်ပြီး သွေးဆုံးကာလပြီးဆုံးပြီးဖြစ်သည်။

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးဆုံးခါနီးကာလရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ပုံမမှန်ရာသီလာခြင်း။ဥကြွေခြင်းကမှန်းဆရပိုခက်တတ်သည်။ ရာသီချိန် တိုခြင်း ရှည်ခြင်း များခြင်းနည်းခြင်း နှင့် ရာသီမလာတော့ခြင်းများဖြစ်တတ်သည်။ ရာသီ ခုနှစ်ရက်ထက်ပိုပြောင်းလဲခြင်း ရာသီချိန်ရှည်လျားခြင်းများဖြစ်ပါက စောစီးစွာသွေးဆုံးနိုင်သည်။ အကယ်၍ သင့် ရာသီကြားချိန်သည် ရက်ခြောက်ဆယ် သို့မဟုတ် ပိုများပါက သွေးဆုံးခြင်းနောက်ကျတတ်သည်။
  • ပူခြင်းမျက်နှာရဲခြင်းသည် သွေးဆုံးခါနီးကာလတွင်ဖြစ်တတ်သောအခြေအနေတစ်ခုဖြစ်သည်။ ပြင်းထန်မှု ကြာ၇ှည်ချိန် ကြိမ်နုန်းအပေါ်မူတည်၍ပြောင်းလဲမှုများရှိသည်။ ပူခြင်းကြောင့် ညဘက်ချွေးထွက်ခြင်း အိပ်ရေးပျက်ခြင်းများဖြစ်တတ်သည် သို့သော် ခန္ဓါကိုယ်မပူသော်လည်း အိပ်ရေးပျက်ခြင်းများလည်းရှိတတ်သည်။
  • စိတ်အပြောင်းအလဲမြန်ခြင်း။ စိတ်ဆိုးလွယ်ခြင်း စိတ်ဓါတ်ကျလွယ်ခြင်းများဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် အိပ်ရေးပျက်စေခြင်း ပူခြင်းများဖြင့်တွဲတတ်သည်။ စိတ်အပြောင်းအလဲမြန်ခြင်းသည် တခါတရံ ဟော်မှန်းပြောင်းလဲခြင်းနှင့်လဲမဆိုင်တတ်ပါ။
  • မအဂါၤနှင့် ဆီးအိတ်ပြဿနာများ။ မဟော်မှန်းကျသဖြင့် မအဂါၤတွင် ချောဆီနည်းခြင်း ကျုံနိုင်ဆန့်နီုင်မှုနည်းခြင်းတို့ကြောင့် လိင်ဆက်ဆံချိန်တွင်နာတတ်သည်။ မဟောမှန်းနည်းက ရောဂါပိုးပိုဝင်စေတတ်သည်။ ဆီးမနိုင်ခြင်းများလည်းဖြစ်တတ်သည်။
  • မျိုးပွားနိုင်နှုန်းကျခြင်း။ဥကြွေမှုလည်းပုံမှန်မဟုတ်ပဲ မျိုးပွားမှုလဲကျစေသည်။ သိုသော် ရာသီသွေးလာနေသမျှ ကိုယ်ဝန်ရနိင်သည်။ ကိုယ်ကွန်ရခြင်းကိုရှောင်လိုပါက ၁၂ လတိုင် ရာသီမလာခြင်းမရှိသ၍ ကိုယ်ဝန်တားဆေးကိုသုံးသင့်သည်။
  • လိင်ဆက်ဆံနိုင်နှုန်းကျခြင်း။ သွေးဆုံးခါနီးကာလတွင် လိင်စိတ်များပြောင်းလဲတတ်သည်။ သွေးဆုံးချိန်မတိုင်မီ လိင်စိတ်ကျေနပ်မှုရပါက သွေးဆုံးချိန်ကာလအားကျော်ခဲ့ပြီးဟုသတ်မှတ်သည်။
  • အရိုးကျိုးခြင်း။ မဟော်မှန်းနည်းခြင်းကြောင့် အရိုးပွခြင်းကိုပိုဖြစ်စေတတ်သည်။
  • ကိုလက်စတောဓါတ်ပြောင်းလဲခြင်း။ မဟော်မှန်းပြောင်းလဲခြင်းကြောင့် ကိုလက်စတောဓါတ် ပြောင်းလဲခြင်းများဖြစ်တတ်သည်။ မကောင်းသောအဆီဓါတ်တက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နှုန်းကိုများစေသည်။ ကောင်းသောကိုလက်စတော နည်းခြင်းကြောင့်လဲ နှလုံးရောဂါပိုဖြစ်စေတတ်သည်။
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အောက်ပါအချက်များရှိကဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    • ရာသီသွေးများခြင်း။ သွေးခဲများပါလာခြင်း။
    • ပုံမှန်ရာသီလာချိန်ထက် နောက်ကျခြင်း။
    • ရာသီချိန်မဟုတ်ပဲ သွေးကျခြင်း။
    • လိင်ဆက်ဆံချိန်သွေးကျခြင်း။
    • ရာသီလာချိန်နီးကပ်ခြင်း။

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကိုဘာတွေကဖြစ်စေသလဲ

    သွေးဆုံးခါနီးကာလရောက်ပါက မဟော်မှန်းသန္ဓေထိန်းဟော်မှန်းများကျခြင်းတက်ခြင်းကိုဖြစ်စေသည်။ သွေးဆုံးခါနီးဖြစ်တတ်သောလက္ခဏာများသည် အဓိကအားဖြင့် မဟော်မှန်းကျခြင်းကြောင့်ဖြစ်သည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    သွေးဆုံးခြင်းသည်ပုံမှန်အခြေအနေတွင်လည်းဖြစ်တတ်သည်။ သို့သော် အချို့မိန်းကလေးများတွင်စော၍ဖြစ်တတ်သည်။ သက်သေအတိအကျမရှိသော်လည်း စော၍သွေးဆုံးစေခြင်း အကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်သည်ဟုယူဆနိုင်သည်။

    ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်တတ်သောမိန်းမများတွင် တစ်နှစ်နှစ်နှစ်ခန့်စော၍ သွေးဆုံးတတ်သည်။

    မိသားစုမျိုးရိုးရှိခြင်း။ သွေးဆုံးခြင်းစောသော မျိုးရိုးရှိပါကလည်းစော၍ သွေးဆုံးနိုင်သည်။

    ကင်ဆာကုထုံးများ။ ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ပြခြင်းများမှလည်း းသွေးစောဆုံးနိုင်သည်။

    သားအိမ်ထုတ်ထားခြင်း။ သားအိမ်ထုတ်၍သားဥအိမ်မထုတ်ထားပါက သွေးဆုံးခြင်းမဖြစ်စေပါ။ သိုံသော်ရာသီသွေးမလာသော်လည်း သားဥအိမ်မှ မဟော်မှန်း ဆက်ထုတ်နေတတ်သည်။ သို့သော် ထိုသို့ခွဲစိတ်ပြီးပါက စော၍ သွေးဆုံးခြင်းဖြစ်တတ်သည်။ သားဥ အိမ် တစ်လုံးပဲထုတ်ပါက ကျန်တလုံးသည် စောစီးစွာ လုပ်ဆောင်မှုများရပ်တတ်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သွေးဆုံးခါနီးကာလသည် တဖြည်းဖြည်းချင်းဖြစ်လာသောအချိန်ကာလတစ်ခုဖြစ်သည်။ စမ်းသက်မှုများပြုလုပ်လေ့မရှိပါ။ သို့သော် သင့်အသက် ရာသီလာခဲ့သောသမိုင်း နှင့် ရောဂါလက္ခဏာများအပေါ်မူတည်ပြီး သင့်ဆရာဝန်မှအခြေအနေများကိုစဉ်းစားလိမ့်မည်။ အချို့ဆရာဝန်များက ဟော်မှန်းအားစစ်ဆေးခိုင်းလိမ့်မည်။ တွီုင်းရွိုက် မှထုတ်သော ဟော်မှန်းများလဲစစ်တတ်သည်။ သို့သော် ဟော်မှန်းစမ်းသက်မှများက မလိုအပ်တတ်ပါ။

    Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကို ဘယ်လိုကုသပါသလဲ

    ရောဂါလက္ခဏာသက်သာစေရန်အောက်ပါဆေးများပေးတတ်သည်။

    • ဟော်မှန်းဆေးများ။ မဟော်မှန်းပေးခြင်း(ဆေးလုံး ဆေးကပ်ပြား လိမ်းဆေး)သည် လက်ရှိ လက္ခဏာသက်သာစေရန်အသုံးဝင်ဆုံးဖြစ်သည်။ ကိုယ်တိုင်နှင့် မိသားစု အခြေအနေပေါ်မူတည်၍ မဟော်မှန်းပမာဏအနည်းငယ်သာပါသောဆေးကို လက္ခဏာသက်သာစေရန်စပေးလိမ့်မည်။ အကယ်၍ သားအိမ်ရှိသေးပါက ပရိုဂျက်တင်ပေါင်းပေးရန်လိုအပ်လိမ့်မည်။ ခန္ဓါတခုလုံးသို့ရောက်စေသော မဟော်များသည် အရိုးပျက်ဆီးခြင်းကိုသက်သာစေနိုင်သည်။
    • မအဂါၤထည့်သည့် မဟော်မှန်းများ။ မအဂါီခြောက်သွေ့ခြင်းအားသက်သာစေရန်မအဂါၤအတွင်းသို့ လက်စွပ်ပုံထည့်ပေးခြင်း သို့မဟုတ် လိမ်းဆေးတိုက်ရိုက်လိမ်းပေးသည်။ မဟော်မှန်းအနည်းငယ်သာထွက်စေပြီး မအဂါၤမှပြန်လည်စုပ်ယူခြင်းဖြင့် မအဂါၤခြောက်သွေ့ခြင်း လိင်ဆက်ဆံမှ အဆင်မပြေခြင်းနှင့် အခြားဆီးလမ်းကြောင်းဆိုင်ရာလက္ခဏာများအားသက်သာစေနိုင်သည်။
    • စိတ်ဓါတ်ကျမှုကိုလျော့ချစေသောဆေး။ ဆယ်ရယ်တိုနင်အားပြန်ယူမှုကိုတားသောဆေးသည် မျက်နှာရဲခြင်းသားသက်သာစေတတ်သည်။ ထိုဆေးများပေးခြင်းသည် မဟော်မှန်းသောက်ခြင်းမခံနိုင်သောသူများ သို့မဟုတ် စိတအပြောင်းအလဲများခြင်းကြောင့် လိုအပ်သူများအတွက်သင့်တော်သည်။
    • ဂါဘာပန်တင်(နူရိုတင်) ဤဆေးသည် တက်ခြင်း ကိုသာမက မျက်နှာရဲခြင်းတို့အားလည်းသက်သာစေသည်။ ခေါင်းကိုက်ဝေသနာရှိသူများနှင့် ကျန်းမာရေးကြောင့်မဟော်မှန်းမသောက်နိုင်သူများအတွက်သင့်တော်သည်။

    ဘယ်ကုသမှုယူမည်ကိုဆုံးဖြတ်ပြီးနောက် ထိုကုသမှု၏ကောင်းကျိုး ဆိုးကျိုးနှင့် ဖြစ်လာနိုင်သောအန္ဓရာယ်များကိုသင့်ဆရာဝန်ဖြင့်ဆွေးနွေးပါ။ သင့်ခန္ဓါကိုယ်လိုအပ်ချက်အမြဲပြောင်းလဲနီုင်သောကြောင့် သင်ရွေးချယ်နိုင်သောကုသမှုနည်းလမ်းများကိုနှစ်စဉ်နှစ်တိုင်းဆွေးနွေးပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သွေးဆုံးခါနီးကာလကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    • ဘလက်ကိုဟော့။ဤဆေးပင်သည် မျက်နှာရဲခြင်းနှင့် အခြား သွေးဆုံးလက္ခဏာများအားကုသရာတွင်အသုံးပြုနိုင်သည်။ သို့သော် ထိုသို့သုံးပါကကောင်းသည်ဟုဆိုနိုင်သော တိကျသည့် သက်သေပြချက်မရှိပါ။ဤဆေးပင်မကောင်းသောအချက်လဲသေချာမသိပါ။ အချို့လေ့လာချက်များက ဆေးပင်သည် အသဲကိုထိခိုက်စေသည်ဆိုသော်လည်း လေ့လာချက်တော်တော်များများက မှန်သည် ဟုမဆိုနိုင်ဟုဆိုသည်။ ရင်သားကင်ဆာရှိသောမိန်းမများတွင်သင့်တော်သည်
    • မသင့်တော်သည်ကိုလဲ ဒွိဟဖြစ်နေသေးသည်။
    • သဘာဝမှရသောမဟော်မုန်း။ ဤမဟော်မုန်းများသည် အစားအသောက်တွင်တွေ့ရတတ်သည်။ အဓိကအားဖြင့်နှစ်မျိုးရှိသည်။ အိုင်ဆိုဖလဖုန်း နှင့် လစ်နန်တို့ဖြစ်သည်။ အိုင်ဆိုဖလဖုန်းသည် ပဲနို့ ကုလားပဲ နှင့် အခြား ပတော့ရှည်မျိုး ပဲ များတွင်တွေ့တတ်သည်။ လစ်နန်သည် လျော်ပင်၏အစေ့ စပါးစေ့ နှင့် သစ်ဥသစ်ဖုများတွင်တွေ့တတ်သည်။ အချို့သောသစ်ပင်မှရသည့်အရာမျာသည်လည်း မဟော်မုန်းကဲ့သို့အစွမ်းရှိသည်။ အိုင်ဆိုဖလဖုန်းသည် ပဲနို့စသည်တို့မှရပြီး လစ်နန်သည် လျော်ပင်အစေ့မှလာသည်။ သဘာဝမှရသောမဟော်မုန်း ( အစားသို့မဟုတ် ဖြည့်စွက်စာ) သည် သွေးဆုံး လက္ခဏာအားလျော့ချစေခြင်းရှိမရှိကိုငြင်းခုန်နေဆဲဖြစ်သည်။ ရင်သားကင်ဆာရှိသူများတွင် ဤအရာများသည် ပိုဆိုးစေသည် သို့မဟုတ် တက်မောက်စီဖန် ၏ အသုံးဝင်မှုကိုထိခိုက်စေခြင်းရှိမရှိကိုခြင်းခုန်နေဆဲဖြစ်သည်။
    • ခန္ဓါကိုယ်ဟော်မုန်းနှင့်ထပ်တူကျအောင်ထုတ်ထားသော ဟော်မုန်းများ။ ထိုသို့ထုတ်လုပ်ထားသော်လည်း ထိုဟော်မုန်းများသည် အစားသောက်ဆေး တို့အားထိန်းညိုပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဆေး၏စွမ်းအားအန္ဓါရယ်များမျိုးစုံပြောင်းလဲနိုင်သည်။ ထိုသို့ထုတ်ထားသောဟော်မုန်းများသည် သမားရိုးကျထုတ်ထားသောဟော်မုန်းဆေးများထက်ပိုအစွမ်းထက်သည် ပိုလုံခြုံမှုရှိသည်တို့ကား သက်သေပြချက်မရှိပါ။
    • ဒိုင်ဟိုင်ဒရိုအက်ပီအန်ဒရိုစတီရုန်း(ဒီအိပ်အီးအေ) ကျောက်ကပ်အနီးရှိ(အက်ရီနယ် ဂလင်း)မှထုတ်သော သဘာဝအတိုင်းတွေ့ရသည့် စတီးရိုက်တမျိုးဖြစ်သည်။ အစားအသောက်မှရနိုင်ပြီး လိင်စိတ်ဝင်စားမှုတိုးစေသည့်အခါတွင်သုံးသည်။ အသုံးဝင်မှုလဲမသေချာသေးသကဲ့သို့ အချို့သူများကလဲ ဆိုးကျိုးကိုစိတ်ပူပင်ကြသည်။

    ထိခိုက်မှုနည်းစေသောကုထုံးများ ဥပမာ အပ်စိုက်ကုထုံး ယောဂ နှင့် တည်ြငိမ်စွာ အသက်ရူခြင်းများသည် စိတ်ဖိစီးမှုအားသက်သာစေပြီါ် စိတ်ကျန်းမာရေးအားပိုကောင်းစေသည်။ အပ်စိုက်ကုထုံးသည် မျက်နှာရဲခြင်းကိုသက်သာစေသော်လည်း တိတိကျကျမဆိုနိုင်ပါ။ စိတ်သက်သာစေသော အရာများလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုသက်သာစေပြီး သွေးဆုံးချိန်ရောဂါလက္ခဏာအားလည်းသက်သာစေသည်။

    ဖြည့်စွက်စာနှင့် ဆေးပင်များသောက်သုံးမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်ပါ။ အဖ်ဘီအေမှ တိုင်းရင်းဆေးပင်များကို မထိန်းချုပ်ထားသော်လည်း အချို့အရာများသည် အန္ဓါရယ်ရှိစေပြီးအချို့သည် အခြားဆေးဝါးများနှင့် ဓါတ်ပြုစေတတ်သည်။ ထိုသို့ဖြင့်သင့်အခြေအနေက်ု ပိုဆိုးစေတတ်သည်။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement