backup og meta

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား ….. အမျိုးသမီးများအတွက် အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ သွေးဆုံးပြီးရင် ကိုယ်အလေးချိန် တက်လာကြောင်း၊ ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲကြောင်း ဆိုကြပါတယ်။

    အီစထရိုဂျင်ဟာ တကယ်လည်း ကိုယ်အလေးချိန် တက်လာခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်းအတက်အကျဟာ ကိုယ်အလေးချိန် အတက်အကျနဲ့လည်း ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏနဲ့ ကိုယ်အလေးချိန် အတက်အကျကြား ဆက်စပ်မှု ဘယ်လိုရှိသလဲ ဖြစ်ပါတယ်။

    အီစထရိုဂျင်ဆိုတာ ဘာလဲ

    အီစထရိုဂျင်ဆိုတာဟာ အမျိုးသမီးများအတွက် အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးအနက် တစ်မျိုးဖြစ်ပြီး အပျိုဖော်ဝင်ခြင်းနဲ့ ဓမ္မတာစက်ဝန်းလည်ပတ်ခြင်းအတွက် အရေးပါပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အရိုးများကို သန်မာစေခြင်း၊ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်ပါသေးတယ်။

    အီစထရိုဂျင်ကို သားဥအိမ်များမှ အဓိက ထုတ်လွှတ်ပေးပါတယ်။ အဒရီနယ်ဂလင်းနဲ့ အဆီတစ်ရှူးတွေကလည်း အနည်းငယ် ထုတ်လွှတ်ပါတယ်။

    အဓိကအားဖြင့် အီစထရိုဂျင်ကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်ပါတယ်။

    ၁။ Estrone (သို့) E1 (သွေးဆုံးပြီးချိန်မှာ ထုတ်လွှတ်ပါတယ်)

    ၂။ Estradiol (သို့) E2 (ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ထုတ်လွှတ်ပါတယ်)

    ၃။ Estriol (သို့) E3 (ကိုယ်ဝန်ဆောင်ချိန်မှာ ထုတ်လွှတ်ပါတယ်)

    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

    အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏဟာ အကြောင်းမျိုးစုံနဲ့ ကျဆင်းနိုင်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ သွေးဆုံးခြင်းပဲ ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများရဲ့ မျိုးပွားဟော်မုန်းများ ကျဆင်းသွားပြီး ဓမ္မတာစက်ဝန်းလည်း ရပ်တန့်သွားပါတယ်။ အီစထရိုဂျင်ဟော်မုန်း တစ်မျိုးဖြစ်တဲ့ estradiol ဟာ သွေးဆုံးချိန်မှာ ကျဆင်းသွားပါတယ်။ အဆိုပါ ဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို ပုံမှန်ဖြစ်အောင် ကူညီတာမို့ ကျဆင်းသွားချိန်မှာ ကိုယ်အလေးချိန်တက်လာတာမျိုး တွေ့ရပါတယ်။

    အမျိုးသမီးများဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ခါးနဲ့ ပေါင်မှာ စတင်အဆီစုပြီး ဝလာခြင်းကို သတိထားမိခဲ့ကြပါတယ်။ ဒါပေမယ့် သွေးဆုံးပြီးချိန်မှာတော့ ဗိုက်မှာ ပိုပြီး အဆီစုလာပါတယ်။ ဗိုက်မှာ စုလာတဲ့ အဆီတွေဟာ လူကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဟာ ဝမ်းဗိုက်မှာ အဆီများပြားစွာ စုဝေးခြင်းနဲ့ ဆက်စပ်နေပါတယ်။

    အမျိုးသမီးများ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ကျဆင်းလာတဲ့အပြင် လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားစိုင်များ ကျဆင်းလာခြင်းကြောင့် တနေ့တာ ကယ်လိုရီလောင်ကျွမ်းနှုန်းဟာ လျော့နည်းလာပါတယ်။

    အီစထရိုဂျင်ဟော်မုန်း နည်းလာခြင်းရဲ့ လက္ခဏာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – ဓမ္မတာမမှန်ခြင်း၊ ထိမ်ခြင်း

    – ညအိပ်ချိန်ချွေးထွက်ခြင်း

    – အိပ်မပျော်ခြင်း

    မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း

    – လိင်စိတ်လျော့နည်းခြင်း

    – သည်းမခံနိုင်ဖြစ်ခြင်း

    – ခေါင်းကိုက်ခြင်း

    – အရေပြားခြောက်သွေ့ခြင်း

    အီစထရိုဂျင် မညီမျှခြင်းကို ဖြစ်စေသော အခြားအကြောင်းအရင်းများ

    သွေးဆုံးခြင်းအပြင် အမျိုးသမီးများကို အီစထရိုဂျင်လျော့စေတဲ့ အကြောင်းအရင်းတွေ ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • သားဥအိမ်အရည်တည်သော ရောဂါလက္ခဏာစု (Polycystic ovary syndrome)

    အမျိုးသမီးများ သားဥအိမ်မှာ အရည်အိတ်လေးများ အများအပြားဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပြီး ဟော်မုန်းတွေ မညီမျှခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ တက်စတိုစထရုန်းဟော်မုန်းကို မြင့်တက်စေပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ မညီမျှခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အခြေအနေမှာ ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင်မတိုးခြင်း၊ နှလုံးရောဂါ စတာတွေကို ဖြစ်စေတတ်ပါတယ်။

    အီစထရိုဂျင်ဟော်မုန်းဟာ ကလေးမွေးပြီး မိခင်နို့တိုက်နေချိန်မှာ လျော့နည်းနေတတ်ပါတယ်။ အဆိုပါအပြောင်းအလဲဟာ နို့ရည်ကို ပိုမိုထွက်ရှိလာစေဖို့ အားပေးပြီး သားဥကြွေခြင်း၊ နောက်ထပ်ကလေးရခြင်းကို တားဆီးပေးထားပါတယ်။

    • သားဥအိမ်ခွဲစိတ်ဖယ်ရှားထားခြင်း

    ကျန်းမာရေးနဲ့ တခြားအခြေအနေအရ သားဥအိမ်တွေကို ခွဲစိတ်ဖယ်ရှားရတဲ့အခါ သွေးဆုံးသွားနိုင်ပါတယ်။ သားဥလည်း မကြွေတော့သလို အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေကို ထုတ်လုပ်ခြင်း မရှိတော့ဘူး။

    ဒီပြသနာကြောင့် ခန္ဓာကိုယ်ကနေ လုံလောက်တဲ့ အာဟာရဓာတ်နဲ့ ကယ်လိုရီ လုံလောက်စွာ မရနိုင်ရင် အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းလည်း ကျဆင်းသွားနိုင်ပါတယ်။

    • ပြင်းထန်သော လေ့ကျင့်ခန်းများ

    အပြင်းစားလေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အဆီဓာတ်လည်း လျော့နည်းသွားလို့ အီစထရိုဂျင်ပမာဏ ကျဆင်းသွားတတ်ပါတယ်။

    အထက်ပါအကြောင်းခြင်းရာများ ကြုံတွေ့ချိန်မှာ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားပြီး ကိုယ်အလေးချိန် အတက်အကျအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် ကျန်းမာရေးအတွက် သင့်တင့်မျှတအောင် စားသောက်နေထိုင်သင့်ပါတယ်။ အသေးစိတ်သိရှိလိုရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement