backup og meta

ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

    အမျိုးသမီး တော်တော်များများဟာ သူတို့ရဲ့ ဘဝသက်တမ်းမှာ တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက်တော့ ဟော်မုန်း မညီမျှမှုကြောင့်ခေါင်းကိုက်တာကို ခံစားရဖူး ပါတယ်။ ဖြစ်ရပ် တော်တော်များများမှာ ခေါင်းကိုက်တာ နဲ့ ရာသီသွေး ဆင်းတာတို့ ကြားမှာ သိသာတဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုတာကို သတိထားမိခဲ့ပါတယ်။

    ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

    ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း ဆိုတာက ရာသီသွေးပေါ်ချိန်မှာ ခေါင်းကိုက်တာမျိုးပါ။ ရာသီသွေး ပေါ်ချိန်မှာ ခေါင်းကိုက်တာဟာ ရာသီသွေး ပေါ်နေချိန် အတွင်း ရက် အတော်ကြာကြာ ခံစားရလေ့ ရှိသလို ရာသီသွေး ပေါ်ချိန်ရဲ့ပထမ ၃ ရက် အတွင်းမှာလည်း ခံစားရနိုင်ပါတယ်။ ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ အကြောင်းအရင်း ကတော့ အီစထရိုဂျင် ဟော်မုန်း ပမာဏ ရုတ်တရက် ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။

    ရာသီသွေး ပေါ်ချိန်မှာ ခံစားရလေ့ ရှိတဲ့ ခေါင်းကိုက် ဝေဒနာဟာ တစ်ခါတလေမှာ ပြင်းထန်လေ့ ရှိပြီး တစ်ခါတလေ အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ နေ့စဉ် လုပ်ဆောင်နေကျ လုပ်ဆောင်မှုတွေကိုတောင် မလုပ်ဆောင် နိုင်တာမျိုး အထိ ဖြစ်တတ်ပါတယ်။

    ရာသီသွေး ပေါ်တာကပဲ ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းကိုက်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပါဘူး။ သားဆက်ခြားဆေးတွေကလည်း ခေါင်းကိုက်တာကို ခံစားရစေနိုင် ပါတယ်။ အချို့ အမျိုးသမီးတွေမှာတော့ သားဆက်ခြားဆေး သောက်သုံးမှ သူတို့ အနေနဲ့ ပိုမို နေထိုင်ကောင်းသွားတာမျိုးလည်း ရှိပါတယ်။ သားဆက်ခြားဆေး သောက်သုံးနေတာကို ရပ်တန့်လိုက်တဲ့ အခါ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာက မကြာခဏ ဆိုသလို ခံစားရတာကို တွေ့ရပါတယ်။ သွေးဆုံးတာ နဲ့ ကိုယ်ဝန်ဆောင်တာ ကလည်း ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းကိုက်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ဝေဒနာက ကိုယ်ဝန်ဆောင် မီးဖွားကာနီး ၆လအတွင်းမှာ သက်သာပျောက်ကင်းသွားပြီး မွေးဖွားလာမယ့် ကလေးငယ် အပေါ်မှာ အန္တရာယ် ဖြစ်စေတာမျိုး မရှိပါဘူး။

    တကယ်လို့ ဟော်မုန်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရတယ်လို့ သံသယရှိပါက ဖြစ်နိုင်ခြေ ရှိတဲ့ ဆက်စပ် အကြောင်းအရာကိုစစ်ဆေးဖို့ အတွက် ရာသီသွေးပေါ်ချိန် ၃ ကြိမ်ထက် မနည်းကို ရေးမှတ်ထားပါ။ အဆိုပါ ရေးမှတ်ထားတာက ကုသမှုမှာ များစွာအထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

    သွေးတွင်းသကြားဓါတ် ပမာဏ ကျဆင်းတာကို ထိန်းသိမ်းဖို့အတွက် နေ့ဘက်မှာ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ သရေစာလေးတွေ စားပေးတာကလည်း ခေါင်းကိုက်တာကို သက်သာလျော့ပါးစေပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ချမှတ်ရေးဆွဲတာ နဲ့ လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးခြင်း အားဖြင့် စိတ်ဖိစီးမှု မရှိအောင် လုပ်ဆောင်တာ နဲ့ အိပ်ရေး ဝဝအိပ်စက်တာတွေ လုပ်ဆောင်ပေးဖို့လည်း အကြံပြုလို ပါတယ်။ အရမ်းကို အလုပ် များလွန်းတဲ့ ဘဝ နေထိုင်မှုပုံစံက ကျန်းမာရေး အပေါ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက် လွှမ်းမိုးနေပါတယ်။ ဘဝနေထိုင်မှု ပုံစံကိုပြောင်းလဲလိုက်တာက ခေါင်းကိုက်ဝေဒနာကို သက်သာစေဖို့အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော အရာ ဖြစ်နိုင်ပါတယ်။

    အမျိုးသမီးတွေ အားလုံးမှာ မတူကွဲပြားတဲ့ အနေအထားတွေ ရှိပါတယ်။ တစ်ယောက်အတွက် အလုပ်ဖြစ်ပေမယ့် အခြား တစ်ယောက်အတွက် အလုပ် မဖြစ်တာမျိုးလည်း ရှိနေနိုင်ပါတယ်။ အထက်မှာ ဖော်ပြထးတဲ့ နည်းတွေအတိုင်း လုပ်ဆောင်ကြည့်ပေမယ့် တိုးတက်ကောင်းမွန်လာတာ မရှိဘူးဆိုရင် အီစထရိုဂျင်ဟော်မုန်း အားဖြည့်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေ သောက်သုံးဖို့ လို၊ မလိုကိုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ရာသီသွေး ပေါ်ခါနီးကာလမှာ ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းကိုက်တာကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အနေအထား တစ်ရပ်ပါ။ ဟော်မုန်း အစားထိုးတဲ့ ကုထုံးက ဟော်မုန်းပမာဏ ညီမျှအောင် ထိန်းညှိပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာသက်သာအောင် အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement