backup og meta

မြုံခြင်း၏ အင်္ဂါရပ်များ


Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြုံခြင်း၏ အင်္ဂါရပ်များ

    မြုံခြင်းရဲ့ အင်္ဂါရပ်တွေ အများကြီး ရှိပါတယ်။ ဒါတွေကို သိထားရင် သားသမီးမရတဲ့အခါ ဘာလုပ်ရမလဲ သိလာပါလိမ့်မယ်။ အမျိုးသမီးတွေရဲ့ မြုံတဲ့အင်္ဂါရပ်တွေဟာ အမျိုးသားများနဲ့ ကွာခြားပါတယ်။

    မြုံခြင်းရဲ့ အင်္ဂါရပ် ၁၀ချက် ရှိပါတယ်။

    ၁။ အချည်းနှီးဖြစ်ခြင်း

    မိမိရဲ့ ဓမ္မတာကာလဟာ အရင်ထက် ပိုများနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ မြုံစေပါတယ်။ မျိုးဥကြွေခြင်းမရှိတဲ့ ဓမ္မတာစက်ဝန်းဟာ ဟော်မုန်း မညီမျှမှုကြောင့် ဖြစ်တတ်ပါတယ်။ အထောက်အထားအချို့အရ အမျိုးသမီးများရဲ့ ဟော်မုန်းဓါတ်ဟာ ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေဖို့ ထိန်းသိမ်းပေးပါတယ်။ မျိုးဥမကြွေရင် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဓမ္မတာများလွန်းခြင်းဟာ တခြား ကျန်းမာရေး ပြသနာတွေ အများကြီး ရှိပါတယ်။

    ၂။ ဓမ္မတာကာလဟာ ပုံမှန်မဟုတ်ခြင်း

    ဒါဟာ ကြီးမားတဲ့ ပြသနာတခု ဖြစ်ပါတယ်။ မျိုးဥမကြွေရခြင်းရဲ့ အကြောင်းတခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လည်း မဆောင်နိုင်ပါဘူး။ အမျိုးသမီးများရဲ့ ၃၀-၄၀%ခန့်မှာ မျိုးဥပုံမှန်မကြွေခြင်းရဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်မမဲ့ပါဘူး။ မျိုးဥကြွေဖို့ ကုသနည်းတွေ ရှိပါတယ်။

    ၃။ ဓမ္မတာမလာခြင်း

    ဓမ္မတာလုံး၀ မလာခြင်း၊ ရုတ်တရက် ရပ်တန့်သွားခြင်းဟာ မြုံခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ရာသီမလာနိုင်တော့ရင် မျိုးဥလည်း မကြွေနိုင်တော့ပါဘူး။ ဒီပြသနာကို ဖြေရှင်းဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။ လူနေမှုပုံစံကို ပြောင်းလဲဖို့ အချိန်ယူပါ။ ဓမ္မတာရပ်တန့်တဲ့ အခါတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဖြေရှင်းနည်းတွေ ရှိပါတယ်။

    ၄။ ဓမ္မတာလာစဉ် လွန်စွာ နာကျင်ကိုက်ခဲခြင်း

    အမျိုးသမီး အများစုဟာ ဒီအချိန်မှာ ဆိုးဆိုးရွားရား ခံစားရပါတယ်။ ဒါဟာ အမြဲတမ်းတော့ မြုံခြင်းကို မညွှန်ပြနေပါဘူး။ ဒါပေမယ့် အလွန်နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားနဲ့ အတူနေစဉ် နာကျင်ခြင်းတွေ ရှိနေရင် ရောဂါကြောင့်လည်း ဖြစ်တတ်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သင်နေကောင်းအောင် နည်းလမ်းတွေ ရှာဖွေရပါမယ်။

    ၅။ ဝက်ခြံများ ရုတ်တရက် ဆိုးရွားစွာ ပေါ်ထွက်လာခြင်း

    ဒါဟာ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် ဖြစ်တတ်ပြီး အရေပြားမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးများရဲ့ ၁၀ယောက်မှာ တယောက်၊ ဒါမှမဟုတ် အယောက် ၂၀မှာ တယောက်ဟာ မျိုးဥလက္ခဏာစုပြသနာ ရှိတတ်ပါတယ်။ မျိုးဥမဖြစ်ထွန်းတဲ့ လက္ခဏာဖြစ်ပြီး ကျားဟော်မုန်း လွန်ကဲစွာ ထွက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီပြသနာကို ရှာဖွေဖြေရှင်းဖို့ အရေးကြီးပါတယ်။

    ၆။ အမွေးအမျှင်များ အသစ်ပေါက်လာခြင်း

    အမျိုးသမီးများဟာ သူတို့ကိုယ်ခန္ဓါနဲ့ ပတ်သက်ပြီး ကြုံရတဲ့ပြသနာကတော့ အမွေးအမျှင်များ ပေါက်လာခြင်းနဲ့ ကိုယ်ဝန်ဆောင်ရန် ခက်ခဲခြင်းပဲ ဖြစ်ပါတယ်။ မျိုးဥလက္ခဏာစု ပြသနာနဲ့ ကြုံနေရင်တောင် ဆေးကုသမှုပြုတဲ့အခါ ကလေးမွေးနိုင်တဲ့ နမူနာတွေ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးပြသနာဆိုရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ ကြောက်စရာမလိုပါဘူး။ မကြာခင်မှာ ကျန်းမာရေး တိုးတက်လာနိုင်ပါတယ်။

    ၇။ ဆံပင်နှင့် အမွေးအမျှင်များ ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း

    အမျိုးသမီးများ ဆံပင်ကျွတ်ခြင်းဟာ မျိုးအောင်ဖွံ့ဖြိုးခြင်းနဲ့ ဆိုက်ရိုက်ဆက်စပ်နေပြီး ကိုယ်ဝန်ဆောင်ခြင်းဟာလည်း ဖြစ်နိုင်ခြေကိစ္စတခု ဖြစ်ပါတယ်။ တခြား အကြောင်းအရာမျီုးစုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စနစ်တကျ စစ်ဆေးသင့်ပါတယ်။

    ၈။ လိင်စိတ်ဆန္ဒကျဆင်းလာခြင်း

    လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုနည်းပါးလာတာဟာ မြုံခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးရင် စိတ်ဓါတ်ကျရင် လိင်မှုကိစ္စမှာ စိတ်ဝင်စားမှု နည်းသွားပါတယ်။ Endometrosis ရောဂါဟာလည်း လိင်ဆက်ဆံရာမှာ နာကျင်မှုဖြစ်စေတတ်ပါတယ်။ အဲဒီအခါ ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ၉။ အကြောင်းအရင်းသိပ်မရှိဘဲ ကိုယ်အလေးချိန် တက်လာခြင်း

    စနစ်တကျ စားသောက်နေလျက်က အကြောင်းမယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် တက်လာရင် စစ်ဆေးကြည့်သင့်ပါတယ်။ ကျားဟော်မုန်းများလာခြင်းဟာ အင်ဆူလင်ခုခံမှုကို ဖြစ်ပေါ်လာစေပါတယ်။

    ၁၀။ သုတ်ပိုးအရေအတွက် နည်းခြင်း

    အမျိုးသားတွေမှာ သုတ်ကောင်နည်းတဲ့ ပြသနာ ဖြစ်တတ်ပါတယ်။ ယောက်ျားတန်ဆာ ထောင်မတ်ခြင်းဟာ ဟော်မုန်းအတိုင်းအတာနဲ့ ဆက်စပ်နေပါတယ်။ ဟော်မုန်းပမာဏနည်းခြင်းဟာ ကိုယ်ဝန်တည်စေဖို့ ပြသနာဖြစ်စေပါတယ်။

    အနှေးနဲ့အမြန် ကိုယ်ဝန်ရလိုရင်၊ ပြသနာတချို့ဖြစ်နေရင် စစ်ဆေးမှုပြုလုပ်ပြီး ကောင်းမွန်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးရပါမယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement