backup og meta

အမျိုးသမီးများ နဲ့ ဗီတာမင် D

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ နဲ့ ဗီတာမင် D

    တစ်ခါတလေမှာ နေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ်လုပ်ပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ရရှိစေနိုင်ပါတယ်။ ဗီတာမင် D က လေဒီတို့ ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကဲ …. အမျိုးသမီးများ နဲ့ ဗီတာမင် D အကြောင်း လေ့လာလိုက်ရအောင်နော်။

    အမျိုးသမီးများ နဲ့ ဗီတာမင် D

    ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D က အရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ်ကတည်းကနေ တောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကို သောက်ဖို့ပြောကြတာပါ။

    ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D က လေဒီတို့အတွက်တော်တော်လေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။

    ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တော်များပါတယ်။နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D နည်းတဲ့အခါ ဟော်မုန်းမမျှတတာမျိုးတွေ ခံစားရနိုင်ပါတယ်။ တကယ်တော့ ဗီတာမင် D က ဘေဘီကနေစလို့ ဘိုးဘိုးဘွားဘွားတွေအထိလိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ခန္ဓာကိုယ်ကို စွမ်းအားတိုးစေသလို ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့အတွက်လည်း လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။

    လေဒီတို့အတွက် ဗီတာမင် D ကဒီလိုအထောက်အကူပြုပေးပါတယ်

    ဗီတာမင် Dက မျိုးဥတွေရဲ့ အရည်အသွေးကို ကောင်းမွန်စေပြီး ‌သန္ဓေအောင်နိုင်စွမ်းကို တိုးစေပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ ဗီတာမင် D ပြည့်ဝအောင်  ဖြည့်စွက်ထားမယ်ဆိုရင် ကလေးရဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

    • အရိုးတွေ သန်မာစေနိုင်တယ်

    ခန္ဓာကိုယ်မှာ ဗီတာမင် D ပြည့်ဝမှ အရိုးနဲ့ သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင် အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေ ကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် D ပြည့်ဝနေဖို့ လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် D ပြည့်ဝနေဖို့လိုအပ်ပါမယ်။

  • ကိုယ်ခံအားကောင်းစေတယ်
  • ဗီတာမင် D ကပြင်ပရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ကူညီပေးပါတယ်။ ဒါကြောင့် ဖျားနာမှု နဲ့ရောဂါပိုးတွေအန္တရာယ်ကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ နေ့စဉ် ဗီတာမင် D ရရှိအောင်လုပ်ဆောင်ဖို့ လိုပါမယ်။

    • Polycystic Ovarian Syndrome (PCOS) ရောဂါကို သက်သာစေတယ် 

    Polycystic Ovarian Syndrome ဆိုတာက သားဥအိမ်မှာ အရည်အိတ်တည်တဲ့ ရောဂါစုပါ။ တွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ ကိုယ်အလေးချိန် တက်လာတာ၊ ဝက်ခြံတွေထွက်တာ နဲ့ သန္ဓေမအောင်တာမျိုးအဖြစ်များပါတယ်။ ဒီရောဂါဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်တွင်းမှာ အန်ဒရိုဂျင်များနေတတ်ပါတယ်။

    ဗီတာမင် Dက အန်ဒရိုဂျင်ပမာဏကို ထိန်းညှိပေးတဲ့အတွက် PCOS လက္ခဏာတွေကို သက်သာစေပါတယ်။ ဒါ့ပြင် သန္ဓေမအောင်တဲ့ ပြဿနာကိုလည်း ကူညီပေးနိုင်ပါတယ်။

    ကဲ …… လေဒီတို့ရေ ဒီလောက်တောင် အကျိုးများတဲ့ ဗီတာမင် D ကို မနက်ခင်း နေရောင်နွေးနွေး အောက်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်း ရယူလိုက်ပါနော်……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement