backup og meta

သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ

    မိဘရယ်လို့ဖြစ်လာပြီဆိုရင်မဖြစ်မနေလုပ်ဆောင်ရမှာကကလေးကိုကျန်းမားပျော်ရွှင်နေအောင်ပျိုးထောင်ပေးဖို့ပါ။မိဘတိုင်းကသားသမီးတွေကိုကျောသားရင်သားမခွဲခြားဘဲချစ်နိုင်ကြတဲ့သူတွေပေါ့။ ဒါပေမယ့်သားလေးတွေကိုအုပ်ထိန်းစောင့်ရှောက်ပေးတဲ့ပုံစံနဲ့သမီးလေးတွေကိုအုပ်ထိန်းစောင့်ရှောက်တဲ့ပုံစံချင်းကတော့မတူနိုင်ဘူးပေါ့။အားလုံးလိုလိုလက်ခံထားတဲ့ဒီသဘောတရားကမှန်ကန်တယ်လို့မဆိုနိုင်ပါဘူး။ HPVခံစားရတဲ့အခြေအနေမှာဆိုရင်သားမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာ၊သမီးမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာတွေကမဖြစ်သင့်ဘူးလို့ပြောပါရစေ။သားယောက်ျားလေးဖြစ်ဖြစ်၊သမီးမိန်းကလေးဖြစ်ဖြစ် HPVကာကွယ်မှုကိုတော့တန်းတူညီမျှရရှိနိုင်ဖို့လိုပါမယ်။

    HPVဆိုတာဘာလဲ၊ HPVက ရင်သွေးလေးတွေကိုဘယ်လိုထိခိုက်မှုတေွြဖစ်စေနိုင်လဲ

    Human papillomavirusလို့သိထားကြတဲ့ HPVဗိုင်းရပ်စ်ကလိင်ဆက်ဆံမှုကနေတဆင့်အများဆုံးကူးစက်တတ်တဲ့ရောဂါတွေထဲကတစ်ခုပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာလိင်အင်္ဂါကြွက်နို့တွေဖြစ်နိုင်သလိုလိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာပါးစပ်လည်ချောင်းနဲ့လည်ပင်းအနောက်ဘက်ပိုင်းတွေမှာကင်ဆာဖြစ်တာတွေလိုမျိုးသေစေနိုင်တဲ့အနေအထားမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။

    လူတော်တော်များများကHPVဗိုင်းရပ်စ်ကအမျိုးသမီးတွေရောအမျိုးသားတွေမှာပါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာကိုမသိကြပါဘူး။လူအများကလက်ခံယုံကြည်ထားတဲ့အယူအဆကအပြည့်အဝမမှန်ပါဘူး။ HPVဗိုင်းရပ်စ်ကအမျိုးသမီးတွေပဲကူးစက်ဖြစ်ပွားတာမဟုတ်ပါဘူး။အမျိုးသားတွေနဲ့ဆယ်ကျော်သက်ကောင်လေးတွေမှာလည်းHPVဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။အချို့သောHPVဗိုင်းရပ်စ်တွေကအမျိုးသားတွေမှာပိုအဖြစ်များပါတယ်။

    သိထားသင့်တဲHPV အန္တရာယ

    HPV ကရင်သွေးလေးတွေကိုကင်ဆာဖြစ်စေနိုင်လား

    HPVဗိုင်းရပ်စ်ကြောင့်သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မွေးလမ်းကြောင်းကင်ဆာ၊လိင်တံကင်ဆာနဲ့စအိုကင်ဆာလိုမျိုးရောဂါတွေအပါအဝင် လျှာရင်းပိုင်းနဲ့အာသီးကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာတင်ဖြစ်စေနိုင်တာမဟုတ်ပါဘူး။လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေနိုင်ပါသေးတယ်။လိင်အင်္ဂါကြွက်နို့ကယောက်ျားလေးမှာရောမိန်းကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရမှုကအလွယ်တကူဖြစ်နိုင်တာကြောင့်သေသေချာချာသတိထားဖို့တော့လိုပါမယ်။ဂရုမပြုမိတဲ့အခိုက်အတန့်တစ်ခုမှာရောဂါကူးစက်ခံလိုက်ရတာမျိုးမဖြစ်စေဖို့အတွက်ပါ။

    HPVကူးစက်ခံရတာကြောင့် ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုအချိန်ယူပြီးသေသေချာချာကုသလို့ရတယ်ဆိုပေမယ့် HPVဗိုင်းရပ်စ်ကမကုသဘဲပျောက်ကင်းတယ်လို့တော့မရှိပါဘူး။ HPVဗိုင်းရပ်စ်ကတစ်ခါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေပြီးတစ်ခါခါမှာပြန်ပေါ်လာတတ်ပါတယ်။ဆိုလိုတာကတော့တစ်ခါကူးစက်ခံရပြီးဆိုရင်အမြဲတမ်းရှိသွားတာဖြစ်နိုင်ပါတယ်။သင့်ကလေးငယ်အနေနဲ့လိင်ဆက်ဆံမှုကနေတင့်အခြားသူတစ်ဦးထံကနေHPVရောဂါပိုးကိုကူးစက်ခံရနိုင်ပါတယ်။များသောအားဖြင့်ကတော့ HPVဗိုင်းရပ်စ်ကိုလိင်ဆက်ဆံမှုကနေတဆင့်ကူးစက်ခံရတာပါ။လိင်ဆက်ဆံမှုဆိုတာမှာပါးစပ်နဲ့လိင်ဆက်ဆံမှုကနေလည်းကူးစက်နိုင်ပါတယ်။

    လိင်ဆက်ဆံဖော်မှာHPVဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လက္ခဏာမရှိရင်တောင်မှရောဂါပိုးရှိနေမယ်ဆိုရင်လိင်ဆက်ဆံမှုကနေတဆင့် HPVဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးရှိနေသူနဲ့လိင်ဆက်ဆံမိခဲ့ပြီးနှစ်တော်တော်ကြာမှရောဂါလက္ခဏာပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။လူတော်တော်များများကသူတို့ကိုယ်တိုင် HPVဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုမသိကြပါဘူး။သူတို့ကိုယ်တိုင်ရောဂါရှိနေတာကိုမသိတာကြောင့်သူတို့ရဲ့လက်တွဲဖော်တွေဟာသူတို့ကြောင့်ရောဂါပိုးကူးစက်ခံကြရတယ်ဆိုတာကိုမသိကြပါဘူး။

    ဘာကြောင့်ရင်သွေးလေးတွေကိုHPVကာကွယ်ဆေးထိုးနှံပေးသင့်တာလဲ

    HPVဗိုင်းရပ်စ်ကူးစက်ခံထားရလားဆိုတာကိုမြင်ရုံနဲ့မသိနိုင်ပါဘူး။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာနဲ့အခြားသောကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေ (အထူးသဖြင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေ)ဟာHPVဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းနည်းကြပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေမှာရောဂါခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကင်ဆာရောဂါတွေကရောဂါအခြေအနေဆိုးရွားတဲ့အဆင့်မရောက်ခင်အထိသတိပြုမိဖို့ခက်ခဲကြပါတယ်။ရောဂါကတော်တော်လေးပြင်းထန်ချိန်မှသိရတဲ့အတွက်ကုသဖို့ကတော်တော့်ကိုခက်ခဲနိုင်ပါတယ်။

    ဒါကြောင့် HPVဗိုင်းရပ်စ်ကိုမကူးစက်ခံရခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရင်သွေးလေးကသားသားလေးဖြစ်ဖြစ်မီးမီးလေးဖြစ်ဖြစ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖို့အတွက် HPVကိုကာကွယ်ပေးထားတာအကောင်းဆုံးဖြစ်မှာပါ။

    ကလေးကအသက်၉နှစ်လောက်ကနေစပြီးHPVကာကွယ်ဆေးကိုထိုးနှံပေးပါ။HPVကာကွယ်ဆေးကိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသက် ၉ နှစ်ကနေစပြီးကာကွယ်ဆေးထိုးပေးလို့ရပါပြီ။ကလေးကလူပျိုဖော်ဝင်ချိန်အပျိုဖော်ဝင်ချိန်ထိစောင့်နေစရာမလိုပါဘူး။ကလေးကအရွယ်မရောက်ခင်မှာကာကွယ်ဆေးကိုစတင်ထိုးပေးတာကထိရောက်မှုပိုကောင်းပါတယ်။ HPVကာကွယ်ဆေးကကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေမဖြစ်အောင်ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ HPVကာကွယ်ဆေးတွေကစိတ်ချရသလိုထိရောက်မှုရှိပြီး၁၀ နှစ်လောက်အထိကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လိင်ဆက်ဆံမှုလုံးဝမလုပ်ဆောင်ရသေးတဲ့အရွယ်မှာကာကွယ်ဆေးထိုးတာကအထိရောက်ဆုံးဖြစ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးတတ်နိုင်သမျှမြန်မြန်ကလေးကိုHPVကာကွယ်ဆေးထိုးပေးလိုက်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement