backup og meta

ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    အမျိုးသမီးေတွအနေနဲ့ တစ်လတစ်ခါရှောင်လွှဲလို့မရဘဲ ကြုံတွေ့နေရတဲ့ပြဿနာက ရာသီသွေးဆင်းတာပါ။ အမျိုးသမီးတစ်ယောက်မှာ ကျန်းမာလှပဖို့အတွက်ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လည်းလိုအပ်ပါတယ်။ ဒီလိုရာသီသွေးဆင်းတဲ့အခါ နာကျင်ကိုက်ခဲတာကလည်း အတော်လေးကိုခံရခက်တဲ့ပြဿနာနော်။ အဲ့လိုအချိန်ဆိုနေ့စဉ်လုပ်နေကျအလုပ်တွေကို မလုပ်ချင်တာ၊ ခန္ဓါကိုယ်ထဲမှာ ကိုက်ခဲနေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာဆို အံ့သြသွားမလား။

    ဒီနေရာမှာတော်တော်များများ အမှတ်မှားနေတဲ့အရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့ မိန်းကလေးတွေအနေနဲ့ ရာသီလာနေချိန်မှာလေ့ကျင့်ခန်းမလုပ်ရဘူး ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကမမှန်ပါဘူး။လေ့ကျင့်ခန်း အပြင်းစားတွေကို မလုပ်ရတာပါ။ အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးမယ်ဆိုရင်တော့ ခန္ဓါကိုယ်ကျန်းမာပြီး နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေမှာပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်ကခံနိုင်ရည်ရှိတဲ့ အနေအထားလောက်ပဲ လုပ်ဆောင်ဖို့ မမေ့ပါနဲ့။

    ရာသီလာစဉ်လေ့ကျင့်ခန်းလုပ်ပေးတာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးက

    ဒီနေရာမှာ အားလုံးအတွက် စိတ်ချရအောင်ပြောပြပေးချင်တာ တစ်ခုက ရာသီလာနေချိန်မှာလေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ထိခိုက်စေတာမျိုး မရှိဘူး၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့်

    • ရာသီလာချိန်မှာဖြစ်တဲ့ စိတ်ဓါတ်ကျတာနဲ့ စိတ်ဆိုးလွယ်တာမျိုး စိတ်အခြေအနေအပြောင်းအလဲဖြစ်တာကိုလျော့ပါးသက်သာစေနိုင် ပါတယ်။
    • ခန္ဓါကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
    • လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့်နောက်ထပ်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးက ပင်ပန်းနွမ်းနယ်မှုကိုလျော့ပါးသက်သာစေပြီးခေါင်းကိုက်တဲ့ဝေဒနာကိုကင်းဝေးစေတာပါ။
    • ရာသီသွေးမမှန်တာကိုလည်း သဘာဝအတိုင်း ရာသီသွေးဆင်းချိန်မှန်ကန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရမလဲ

    အခုပြောပြမယ့်လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးခြင်းဖြင့် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစင်ပြီး သွက်လက်တက်ကြွနေစေမှာသေချာပါတယ်။

    လမ်းလျှောက်ပေးပါ

    ရာသီလာချိန်မှာ လမ်းလျှောက်တာက အကောင်းဆုံးသောလေ့ကျင့်ခန်းတစ်ခုပါ။ ရိုးစင်းပြီး လုပ်ဆောင်ရတာလည်း လွယ်ကူပါတယ်။ လမ်းလျှောက်တာက ကြွက်သားတွေကိုပြေလျော့စေပြီး ခါးကြောကြီးတလျှောက်တောင့်တင်းနေတာတွေကို သက်သာစေတဲ့အပြင် စိတ်အခြေအနေကို ပါအပြောင်းအလဲဖြစ်စေမှာပါ။ လမ်းလျှောက်တဲ့အခါ အရမ်းမြန်မြန်လျှောက်တာမျိုး မလုပ်မိဖို့တော့ သတိထားပါ။ မိနစ် ၃၀လောက်အထိတော့လမ်းလျှေက်ပေးလို့ရပါတယ်။

    ယောဂ

    ယောဂလေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီးသွေးခဲတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အရမ်းပြင်းထန်တဲံလေ့ကျင့်မှုမျိုးမလုပ်ဖို့တော့ သတိပြုသင့်ပါတယ်။ယောဂလေ့ကျင့်ခန်းက ခန္ဓါကိုယ် အကြောတွေကိုပြေလျော့စေပြီး ရာသီသွေးဆင်းမှုကို မှန်ကန်စေနိုင်ပါတယ်။

    အကြောလျော့လေ့ကျင့်ခန်း

    သင့်အနေနဲ့ အိမ်နေရင်း အကြောလျော့တဲ့လေ့ကျင့်ခန်းကို သက်တောင့်သက်သာလုပ်ဆောင်ပေးရုံနဲ့ ရာသီလာစဉ်နာကျင် ကိုက်ခဲမှုကိုလျော့ပါးသက်သာစေမှာ အသေအချာပါ။ အကြောလျော့လေ့ကျင့်ခန်းလုပ်တဲ့ အခါ အသက်ကို ခပ်ပြင်းပြင်းလေးရှုပေးမယ်ဆိုရင် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေမှာပါ။

    ကပေးခြင်း

    သင့်အနေနဲ့ Zumba ဒါမှမဟုတ် Kpop လိုမျိုးအကတွေကို ကပေးပါ။ ဒီလိုကပေးတာက စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်သလို ကယ်လ်လိုရီေတွကိုလည်း ကျစေတဲ့အပြင် ခန္ဓါကိုယ်က ကြွက်သားတွေကိုပြေလျော့စေမှာ အသေအချာပါပဲ။

    ခြေထောက်မြှောက်တဲ့လေ့ကျင့်ခန်း

    ရာသီလာချိန်မှာခြေထောက်မြှောက်တဲ့လေ့ကျင့်ခန်းလုပ်ဆောင်ပေးတာက ဝမ်းဗိုက်၊နောက်ကျောနဲ့ တင်ပါးဆုံကကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခန္ဓါကိုယ်ကို လှဲချထားပြီးခြေထောက် တစ်ဖက်ချင်းကို ၉၀ ဒီဂရီအနေအထားဖြစ်အောင်မြှောက်ပေးရမှာပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ဆောင်ရမှာပါ။ တစ်ဖက်ချင်းစီကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိလုပ်ဆောင်ရမှာပါ။

    Plankထောက်ကြမယ်

    ရာသီလာချိန်မှာ ခါးတွေ၊ ပေါင်တွေထဲက ကိုက်တာကြောင့် သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းလုပ်ဖို့မဖြစ်နိုင်ဘူးလို့တွေးနေပါသလား။ ဒီလိုမျိုး ခန္ဓါကိုယ်တစ်ခုလုံး ကကြွက်သားတွေကို အသုံးပြုရတဲ့ Plankထောက်တာက ခါးနာတာတွေကို သက်သာစေနိုင်သလို ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုပါ သက်သာစေနိုင်ပါတယ်။မြေပြင်ပေါ်မှာခြေဖျားနဲ့တံတောင်တွေကို အားပြုပြီး ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ကို ထိန်းညှိထားရမှာပါ။ တစ်ခါလေ့ကျင့်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်အထိလုပ်ဆောင်ရပါမယ်။

    ရာသီလာချိန်မှာ သက်တောင့်သက်ဖြစ်မယ့်လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး သွက်လက်ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလေဒီတို့ရေ ……

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement