backup og meta

ရင်သားပင့်တင်ခြင်း


Dr. Sandy Kyaw မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားပင့်တင်ခြင်း

    အဓိပ္ပါယ်ဖွင့်ဆိုချက်

    ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

    ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။

    ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။

    ဘယ်လိုလူတွေလုပ်သင့်သလဲ။

    ၁။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။

    တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။

    ၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။

    ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား တွေဖွံဖြိုးမှုတွေ အားလုံးပြီးဆုံးတဲ့နောက်မှာ အသက်အရွယ် မရွေးပြုလုပ်လို့ရပါတယ်။ သင်က ကိုယ်ဝန်မဆောင်ခင်နဲ့ဆောင်ပြီးချိန်တွေမှာလည်း ဒီဟာကို လုပ်လု့ိရပါတယ်။ ဒီလိုပြုပြင်ခြင်းလုပ်ပြီးပါကလည်း သင့်ကလေးကို နို့်တိုက်ချင်ပါက တိုက်လို့ရပါတယ်။ ရင်သားကိုပင့်တင်ပြုပြင်ခြင်းကြီးပဲ သပ်သပ်လုပ်တာကတော့ကိုယ်ဝန်ဆောင်တာနဲ့ သွားပြီး ထိရောက်ပတ်သက်မှုမရှိပါဘူး သို့သော် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းတွေကြောင့်ရင်သားပင့်တင်ထားတဲ့ရလာဒ်ကို မကောင်းတဲ့ အကြောင်းအရာတစ်ခုခုအဖြစ် သက်ရောက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ရင်သားပင့်တင်ပြုပြင်ခြင်းကို သင်ကကလေးတွေ အားလုံး မွေးပြီးမှပဲစောင့်ပြီး လုပ်တာကောင်းပါတယ်။ နောက်ထပ်သတင်းအချက်အလက်တွေ လိုအပ်ပါသေးသလား။ အသေးစိတ်အချက်အလက်များသိရဖို့အတွက်အထူးကုဆရာဝန်များနှင့် သေချာ တိုင်ပင်ဆွေးနွေးပါ။

    ကုန်ကျစရိတ်

    ဗီယက်နမ်မှာ ရင်သားပင့်တင်ပြုပြင်ခြင်း၏ ကုန်ကျစရိတ်။VND 65 to 150 millions ထိ ကုန်ကျနိုင်ပါတယ်။

    ရင်သားပင့်တင် ပြုပြင်ခြင်း ရဲ့ တစ်ခြားနိုင်ငံတွေရဲ့ကုန်ကျစရိတ်။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ အကြမ်းအား ဖြင့်ကတော့2017 က American Society of Plastic Surgeonsတို့ရဲ့ကိန်းဂဏန်းအရ $4672 လောက်ကုန်ကျတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ ကုန်ကျစရိတ်က အမျိုးမျိုးအစားစားရှိနိုင်ပါတယ်။ အပေါ်က အကြမ်းဖျင်းပြထားတဲ့ကုန်ကျစရိတ်ကတော့ မေ့ဆေးဖိုးများ၊ ခွဲစိတ်ခန်းအသုံးပြုခများနဲ့အခြားသော ဗာဟီရများအတွက် မပါသေးပါ။ ခွဲစိတ်ဆရာဝန်အတွက် ငွေကတော့ သူ့ရဲ့ အတွေ့အကြုံ၊ဘယ်လိုမျိုး ခွဲစိတ်မှုကို လုပ်ရတာလည်းနဲ့ ရုံးခန်းတည်နေရာပေါ်မူတည်ပြီးတော့ ကွဲ့ပြားပါလိမ့်မယ်။ ကျန်းမာရေးအာမခံ တော်တော်များများကတော့ ရင်သားပင့်တင်ပြုပြင်ခြင်းခွဲစိတ်မှုများ၊ သူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဆိုးကျိုး ပြသနာများ သို့မဟုတ် အခုခွဲတာမလှလို့ နောက်ထပ် ထပ်ခွဲရတဲ့ ဟာမျိုးတွေမှာ အာမခံပေးလေ့မရှိပါဘူး။ သို့သော် ခွဲစိတ်ဆရာဝန်တွေကတော့ သင့်ငွေရေးကြေးရေးဝင်ငွေအပေါ်မူတည်ပြီးစီစဉ်ပေးတာတွေရှိတတ်ပါတယ်။ သေချာမေးမြန်းကြည့်ပါ။

    ပြင်ဆင်ခြင်း။

    ၁။ ရင်သားပင့်တင်ပြုပြင်ခြင်း မလုပ်ခင် ဘာလုပ်သင့်သလဲ။

    ပထမဆုံးအဆင့်ကတော့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ သင်က တိုင်ပင်တဲ့အခါမှာသင်က ဘာလိုချင်တယ်ဆိုတာ ခွဲစိတ်ဆရာဝန်ကိုပြောပြရပါမယ်။ တကယ်လု့ိ သင်က ရင်သားအတုပါ ထည့်ချင်တယ်ဆိုပါက ဘယ်လိုအရွယ်အစားနဲ့ဘယ်လိုပုံစံထည့်ချင်လည်း တစ်ခါတည်းပြပြီးတစ်ခါတည်းဆွေးနွေးရပါမယ်။ ခွဲစိတ်ဆရာဝန်က သင့်ကျန်းမာရေးအခြေအနေနဲ့ သင့်ရွေးချယ်မှုတွေအပေါ်မှာမူတည်ပြီးတော့ စဉ်းစားပေးပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က သင့်ကို လုပ်နည်းတွေအသေးစိတ်ပါ ရှင်းပြပြီးတော့ ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်နဲ့ ပြန်ကောင်းလာရင် ဘယ်လိုတွေရှိတတ်တယ်ဆိုတာတွေ ပြောပြပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်အတွက်နောက်ဆက်တွဲဆိုးကျိုးပြသနာတွေကို လျှော့ချနိုင်ဖို့အတွက် မခွဲခင် လမ်းညွှန်ချက်တွေကို ပေးပါလိမ့်မယ်။ ညွှန်ကြားချက်တွေအနေနဲ့ကတော့ ဆေးလိပ်မသောက်ဖို့ ဆိုတာမျိုး၊ သွေးထွက်များစေမယ့်ဆေးတွေကို ခဏဖြတ်ခိုင်းတာမျိုးနဲ့လိုအပ်ပါက ပိုးသတ်ဆေးတွေကြိုသောက်ခိုင်းတာတို့လုပ်ပါလိမ့်မယ်။ သင့်ရဲ့ခွဲစိတ်ပြီးနာလန်ထတဲ့အချိန်အတွက်ကို ပါတစ်ခါတည်းအစီအစဉ်ချထားတာ ကောင်းပါတယ်။ ဥပမာအားဖြင့် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းပြီးသွားပြိးတော့အနည်းဆုံး ၄ပတ်မှ၆ပတ်လောက်မှာ အလေးမခြင်းတွေကို မပြုလုပ်ရပါဘူး။ တကယ်လို့ သင့်မှာ ကလေးငယ်လေးတွေရှိရင်တော့ အကူအညီတွေခေါ်ဖို့လိုအပ်ပါလိမ့်မယ်။

    ၂။ ရင်သားပင့်တင်ပြုပြင်ခြင်းပြီးပါက ဘယ်လိုလုပ်သင့်

    သလဲ။

    ရင်သားပင့်တင်ပြုပြင်ခြင်းလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာ သင့်ဆရာဝန်က ညွှန်တဲ့အတိုင်း အနာသက်သာဆေးတွေကို သောက်ပါ။ ပြင်းထန်စွာညှစ်ခြင်း၊ ကုန်းခြင်း၊အလေးမခြင်းတို့ကို ရှောင်ပါ။ ပက်လက်အိပ်ခြင်း သို့မဟုတ် ဘေးစောင်းအိပ်ခြင်းတို့နဲ့ သင့်ရင်သားတွေမှာဖိအားတွေမရှိစေရန် သက်သာစွာနေပါ။ ရင်သားပြုပြင်ပြီး နောက်တစ်ပတ်မှ နှစ်ပတ်လောက်ထိလိင်ဆက်ဆံခြင်း ကို ရှောင်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်တဲ့ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ဘယ်အချိန်လောက်မှာ ပြန်လုပ်လု့ိရမလဲ သင့်ဆရာဝန်ကို မေးပါ။ အထဲက အရည်များထွက်လို့ရစေရန် ထည့်ပေးခဲ့တဲ့ ပိုက်ကို ရက်အနည်းငယ်အတွင်းမှာဖြုတ်ပစ်ပါလိမ့်မယ်။ အဲ့ပိုက်ကို ထုတ်လိုက်တဲ့ရက်မှာသင့်ဆရာဝန်က သင့်အနာပတ်တီးကို လဲလှယ်ပေးပါလိမ့်မယ်။ သင့်ရဲ့ချုပ်ရိုးတွေက ဘယ်အချိန်လောက်မှာ ဖြည်ရမလဲဆိုတာမေးပါ။ တစ်ချို့သော ချုပ်ရိုးတွေကတော့ အသားထဲမှာ အရည်ပျော်သွားတတ်ပါတယ်။ တစ်ချို့ကတော့ခွဲပြီး တစ်ပတ်မှ နှစ်ပတ်လောက်မှာ ဆရာဝန်ဆီမှာ သွားပြီး ဖြည်ရပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်ဝတ်ရတဲ့ အထောက်အကူပြုတဲ့ ဘရာစီယာကို သုံးရက်မှလေးရက်လောက် ဆက်တိုက်ဝတ်ထားရပါမယ်။ နောက်ပြီးရင်တော့ ခပ်ပျော့ပျော့နဲ့ ရင်သားကို အထောက်အကူပြုမယ့် ဘရာစီယာမျိုးကို သုံးပတ်မှ လေးပတ်လောက်ထိဝတ်ထားရပါမယ်။ သင့်ဆရာဝန်က ခွဲထားတဲ့နေရာမှာ စီလီကွန် တိပ်ကပ်ခြင်းသို့မဟုတ် ဂျဲလ်လေးလိမ်းထားခိုင်းခြင်းနဲ့အနာမြန်မြန်ကျက်စေမှာပါ။ သင့်အနာက ကျက်နေစဉ်မှာ သင့်ရင်သားတွေကို နေရောင်ပြပေးပါ။ နေနဲ့ ထိတွေ့တဲ့အချိန်မှာတော့ သင့်ရဲ့ခွဲထားတဲ့ဒဏ်ရာကို ကာကွယ်ဖို့လည်း သတိထားပါ။

    လုပ်နည်းလုပ်စဉ်များ။

    ၁။ ရင်သားပင့်တင်ပြုပြင်ခြင်းက ဘယ်လောက်ထိကြာနိုင်သလဲ။

    များသောအားဖြင့်တော့ ၃နာရီလောက်ကြာတတ်ပြီးတော့မေ့ဆေးနဲ့ပဲ လုပ်တာများပါတယ်။ အမျိုးသမီးတော်တော်များများကတော့ပြင်ပ လူနာအဖြစ်နဲ့ပဲ ညအိပ်စရာမလိုပဲလုပ်ကြတာများပါတယ်။

    ၂။ ရင်သားပင့်တင်ပြုပြင်ခြင်းကို ဘယ်လိုလုပ်သလဲ။

    လုပ်နည်းကတော့ ရင်သားကအရေပြားကို ဖယ်ရှားပြီးတော့ ရင်သားတစ်ရှုးတွေကို ပုံစံပြန်သွင်းပါတယ်။ သေချာတဲ့ နည်းလမ်းအနေနဲ့ကတော့သင့်ခွဲစိတ်ဆရာဝန်ကခွဲရမယ့်နေရာရွေးခြင်းနဲ့ ဘယ်လိုနေရာက အမာရွတ်ရှိတာ အဆင်ပြေမလဲ သူတို့ပဲဆုံးဖြတ်ကြပါတယ်။ သင့်ဆရာဝန်က အောက်ပါနေရာတွေမှာ ဓါးရာပေးနိုင်ပါတယ်။

    -နို့သီးခေါင်းဘေးတစ်ဝိုက်

    -နို့သီးခေါင်းဘေးကနေ အောက်ဘက် ရင်သားရှိတဲ့ဘက်

    ကိုပေးခြင်း

    -ရင်သား အကြောင်းအတိုင်း ရေပြင်ညီမျဉ်းအတိုင်း ပေးခြင်း။

    သင့်ဆရာဝန်က ချုပ်ရိုးတွေကို သင့်ရင်သားထဲထိ နှစ်ြင်္ပိးချုပ်ပါလိမ့်မယ်။ လိုအပ်ပါက နို့သီးခေါင်းဘေးက အမဲနေရာ ဧရိယာကို သေးအောင် လုပ်ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က ပိုနေတဲ့ ရင်သား အရေပြားတွေကို ခွဲထုတ်ပြီးတော့ နို့သီးခေါင်းကို ပိုမြင့်တဲ့နေရာကို ရွှေ့ပါလိမ့်မယ်။ နောက်ပြီးရင်တော့ ရင်သားအရေပြားအားလုံးကို ပြန်ချုပ်ပြီး အနာကို အုပ်ပေးပါလိမ့်မယ်။

    ၃။ ခွဲစိတ်ပြီးတဲ့နောက်မှာ ဘာဖြစ်မှာလဲ။

    ခွဲစိတ်ပြီးပါက သင့်ရင်သားများကို အနာကပ်တာနဲ့သေချာကပ်ထားပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးဝတ်ရတဲ့ ရင်သားအထောက်အကူပြု ဘရာစီယာကို ဝတ်ရပါလိမ့်မယ်။ ရင်သားရဲ့ခွဲတဲ့နေရာနားလေးမှာ အထဲကအရည်ပိုတွေ သွေးတွေ ထွက်လု့ိရအောင် ပိုက်ပြွန်လေးတစ်ခု ထည့်ထားပေးပါမယ်။ သင့်ရင်သားက ရောင်လာခြင်းနဲ့ အညိုအမည်းစွဲခြင်းက နှစ်ပတ်လောက်ထိဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ခွဲထားတဲ့နေရာမှာ နာကျင်ခြင်း၊ စူးခြင်း၊ နီခြင်း၊ ပန်းရောင်ဖြစ်နေခြင်းတို့ကို ခွဲပြီး လအနည်းငယ်လောက်ထိ ခံစားရမြင်ရနိုင်ပါတယ်။ နို့သီးခေါင်းလေးထုံခြင်း၊ နို့သီးခေါင်းဘေးအမည်းကွက်နဲ့ ရင်သားအရေပြား ထုံခြင်းတို့ကို ခြောက်ပတ်လောက်အထိခံစားရနိုင်ပါတယ်။

    နောက်ဆက်တွဲပြသနာများနှင့် ဘေးထွက်ဆိုးကျိုးများ။

    ၁။ ရင်သားပင့်တင်ပြုပြင်ခြင်းကနေ ဘယ်လိုနောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်သလဲ။

    များစွာသော နောက်ဆက်တွဲပြသနာများ ဖြစ်နိုင်ခြင်း

    -အမာရွတ်ကျန်ခြင်း။

    အမာရွတ်တွေက တစ်သက်လုံးကျန်တယ်ဆိုပေမယ့်လည်း သူတို့တွေက ပျော့ပြီးတော့ တစ်နှစ်မှ နှစ်နှစ်လောက်မှာ မှုန်ပြီးပျောက်သွားပါလိမ့်မယ်။ ဒီလိုခွဲစိတ်ပြီးကျန်တဲ့အရာကို ဘရာဝတ်ခြင်း သို့မဟုတ် ရေကူးဝတ်စုံများဝတ်ခြင်းတို့နဲ့ ဖုံးထားလို့ရပါတယ်။ ရှားပါးစွာနဲ့ပဲအနာကျက်တာနှေးခြင်းကြောင့်အမာရွတ်က ပိုကြီးပြီးပိုကျယ်လာခြင်းတို့ ကြုံတတ်ပါတယ်။

    -နို့သီးခေါင်း သို့မဟုတ် ရင်သားအရေပြား ခံစားမှုများပြောင်းလြဲခင်း။

    ခံစားမှုများက အပတ်အနည်းငယ်အကြာမှာပြန်ရတတ်သော်လည်း တစ်ချို့သော ခံစားမှုများကတော့ တစ်သက်လုံးပြန်မရတတ်ပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာဖြစ်တဲ့ လိင်စိတ်နှိုးဆော်တဲ့နေရာမှာတော့ အထိအခိုက်မရှိပါဘူး။

    -ပုံမမှန်ခြင်း သို့မဟုတ် ရင်သားများရဲ့ ပုံစံနဲ့အရွယ်အစားမတူညီခြင်း။

    ဒီဟာကတော့ အနာကျက်တဲ့ အချိန်မှာ ရလာဒ်တစ်ခုအနေနဲ့ရနိုင်ပါတယ်။ ခွဲစိတ်မှုလုပ်တယ်ဆိုပေမယ့် လည်းအစကတည်းက ရှိတဲ့ မတူညီနေမှုကို အောင်မြင်စွာ ပြန်ပြင်လု့ိ မရတတ်ပါဘူး။

    -နို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက် တစ်စိတ်တစ်ပိုင်းသို့မဟုတ် အကုန်လုံး ဆုံးရှုံးခြင်း။

    ရှားပါးစွာနဲ့ပဲ ရင်သားပင့်တင်ပြုပြင်ခြင်းပြုလုပ်တဲ့အခါမှာနို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက်ကို သွားတဲ့သွေးစီးဆင်းမှုက ပြတ်တောက်သွားတတ်ပါတယ်။ အဲ့ကနေပဲ ရင်သားတစ်ရှုးတွေပျက်စီးပြီး တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးဆုံးရှုံးရတတ်ပါတယ်။

    -နို့တိုက်ရ ခက်ခဲခြင်း။

    -ရင်သားပင့်တင်ပြုပြင်ခြင်း ပြုလုပ်ပြီးပါက နို့တိုက်လို့ ရပါသော်လည်း တစ်ချု့ိအမျိုးသမီးတွေကတော့ နို့ကို လုံလောက်စွာ ထုတ်ဖို့အတွက်ခက်ခဲသွားပါတယ်။ အရမ်းကြီးတဲ့အကြီးစားခွဲစိတ်မှုတွေလိုပဲ ရင်သားပင့်တင်

    ပြုပြင်ခြင်းမှာလည်း သွေးထွက်လွန်ခြင်းအန္တရာယ်၊ ပိုးဝင်ခြင်း နှင့် မေ့ဆေးကို မတည့်ခြင်းတွေ ကြုံရနိုင်ပါတ်။ နောက်ပြီးတော့ ခွဲနေစဉ်နှင့်ခွဲပြီးသုံးတဲ့ ပစ္စည်းတွေနဲ့ဓါတ်မတည့်မှုတွေလည်းကြုံရနိုင်ပါတယ်။

    ၂။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုး

    ကျိုးတွေက ဘာတွေလဲ။

    အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

    -ရောင်ခြင်း

    -နာခြင်း

    -အညိုအမည်းစွဲခြင်း

    -နာကျင်ခြင်း

    -ထုံခြင်းတို့ ဖြစ်ကြပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandy Kyaw မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement