backup og meta

မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ


Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ

    ဒီနေ့ခေတ်မှာ ခေတ်သစ်ဆေးပညာတွေအရ ချစ်မှုရေးရာကိစ္စတွေမှာ တိုးတက်ဖို့ နည်းလမ်းအမျိုးမျိုး ရှိလာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျဉ်းစေတဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု လို့ခေါ်တဲ့ မိန်းမကိုယ်ပြုပြင်သော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ဘာတွေလဲ

    မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှုဆိုတာ တဖြည်းဖြည်း ခံစားမှုလျော့ကျနေတဲ့ ဒါမှမဟုတ် အသက်ကြီးခြင်းနဲ့ ကလေးမွေးခြင်းကြောင့် လျော့ရဲလာတဲ့ မိန်းမကိုယ်ကို ပြန်လည်တင်းရင်းကျဉ်းမြောင်းစေသည့် မိန်းမကိုယ်ခွဲစိတ်ကုသမှု ပလတ်စတစ်ဆာဂျရီဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အဲဒီ နည်းလမ်းနဲ့ ချစ်သူ၂ယောက်ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ခံစားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

    မိန်းမကိုယ်ဆိုတာ ကျုံ့ဆန့်နိုင်တယ်ဆိုပေမယ့် ခွဲစိတ်ပြုပြင်ပြီး ကျဉ်းအောင်ပြုလုပ်ခြင်းဟာ လိင်စိတ်တုန့်ပြန်မှုမှာ တိုးတက်စေနိုင်ဆိုတာ မသေချာသေးပါဘူး။ လိင်စိတ်ပေါ်အောင် နှိုးဆွခြင်း၊ လိင်စိတ်ပြည့်ဝခြင်းဆိုတာတွေက အတော်ရှုပ်ထွေးပါတယ်၊ ရင်းနှီးမှု၊ စိတ်ခံစားချက်၊ ပင်ကိုယ်စိတ်သဘောထားတွေမှ တယောက်ချင်းဆီက မြင့်မားတဲ့ တုန့်ပြန်မှုတွေက ချစ်မှုရေးရာရဲ့ ရသတွေပါပဲ။ ဒါ့အပြင် လိင်စိတ်ခံစားမှုဆိုတာ လွယ်လွယ်ကူကူနဲ့ နှစ်သက်ကြည်နူးမှုရနိုင်တာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ နာကျင်မှုကိုလဲ ခံစားရနိုင်ပါတယ်။

    မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ကတော့ မိန်းမကိုယ်အဝမှာရှိတဲ့ နှုတ်ခမ်းသားကို ပြုပြင်သော ပလတ်စတစ်ဆာဂျရီပဲ ဖြစ်ပါတယ်။ သူ့ကို မိန်းမကိုယ် ပလတ်စတစ်ဆာဂျရီ နဲ့အတူ ဒါမှမဟုတ် သူ့ချင်းသက်သက် ပြုလုပ်နိုင်ပါတယ်။ မိန်းမကိုယ်အပြင်မှာရှိတဲ့ နှုတ်ခမ်းသားအကြီး ဒါမှမဟုတ် သေးငယ်ပြီးအတွင်းမှာရှိတဲ့ နှုတ်ခမ်းသားအသေး ကို ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ ယောနိနှုတ်ခမ်းသားရဲ့ အရွယ်အစားနဲ့ ပုံစံကို ပြောင်းလဲနိုင်ပါတယ်။ သူတို့ရဲ့ အရွယ်အစားမတူညီမှု ပြင်ဆင်နိုင်တာ၊ သေးငယ်စေတာတွေ ပြုလုပ်နိုင်ပါတယ်။

    ပြန်လည်တည်ဆောက်ခြင်း နှင့် အလှအပရေးရာခွဲစိတ်ပြုပြင်မှု

    မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု မှာ ဘာကိုရွေးရမလဲ ဆိုတာသိဖို့အတွက် ပြန်လည်တည်ဆောက်ခြင်း နှင့် အလှအပရေးရာခွဲစိတ်ပြုပြင်မှုတို့ရဲ့ ကွဲပြားခြားနားမှုတွေကို နှိုင်းယှဉ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ပြန်လည်တည်ဆောက်သော ခွဲစိတ်မှုက ကိုယ်ခန္ဓါရဲ့ အသွင်သဏ္ဍာန်ကို တက်လာစေပြီး၊ အလှအပရေးရာခွဲစိတ်မှုကတော့ ကိုယ်ခန္ဓါရဲ့ အရေးပါတဲ့ အသားအရေချောမွေ့မှုကို ပြောင်းလဲပေးပါတယ်။

    သူတို့နှစ်ခုက တကယ်ကိုကွာခြားတာပါ။ ဘာကြောင့်လဲဆိုတော့ အမေရိကန် မီးယပ်သားဖွား ကောလိပ် (ACOG) က ဆီးမထိန်းနိုင်ခြင်းလိုမျိုး လုပ်ငန်းဆောင်တာ ပြဿနာတွေကို ဖြေရှင်းရန် ခွဲစိတ်မှုနဲ့ ရလဒ်တွေကို အကဲဖြတ်ပါတယ်။ ဒါပေမယ့် ACOG က အလှအပရေးရာမိန်းမကိုယ်ခွဲစိတ်မှု ကို သူ့ရဲ့ ဆိုးကျိုးနဲ့ လုံခြုံမှု၊ ထိရောက်မှုတို့နဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ ရှားပါးမှုကြောင့် သံသယရှိပြီး သတိပြုနေတုန်းပါပဲ။

    တချို့ မိန်းမကိုယ်ပြုပြင်နည်းလမ်းတွေက ပြန်လည်တည်ဆောက်ရေးအဖြစ် ကနဦး ဖွံ့ဖြိုးလာတာပါ။ ဥပမာအားဖြင့် အမျိုးသမီးတွေ ကလေးမွေးပြီးနောက် ပုံမှန် ချစ်တင်းနှောရန်၊ ဆီးသွားရန်၊ ရာသီလာရန် ပုံပျက်သွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ မိန်းမကိုယ်ကို ပြန်လည် ခွဲစိတ်ခြင်းမျိုးကို ဆိုလိုတာပါ။

    မိန်းမကိုယ် နှင့် မိန်းမကိုယ်နှုတ်ခမ်းသား ခွဲစိတ်ပြုပြင်မှု အန္တရာယ်များ

    မိန်းမကိုယ် နှင့် မိန်းမကိုယ် နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှုများ ကြောင့် အမျိုးသမီးတွေမှာ ရရှိမယ့် ရေရှည် စိတ်ကျေနပ်မှု နဲ့ ရှုပ်ထွေးမှုတွေကို မသိရှိနိုင်သေးပါဘူး။ ဒါ့အပြင် အခြားခွဲစိတ်မှုတွေရဲ့ နည်းလမ်းတွေက ဖော်ပြထားပြီး အတည်ပြုထားပြီး ဖြစ်သော်လည်း ဒီခွဲစိတ်မှုတွေက ဆေးဖက်ဆိုင်ရာဂျာနယ်တွေရဲ့ ပြန်လည်စိစစ်မှုမှာ အတည်ပြုချက်မရသေးပါဘူး။ ဒါကြောင့် သူတို့ဟာ တချို့ အချိန်တွေမှာ တရားမဝင်ဘူးလို့ ပြောနိုင်ပါတယ်။

    မိန်းမကိုယ် အလှအပရေးရာခွဲစိတ်မှုအန္တရာယ်

    • ရောဂါပိုးကူးစက်နိုင်ခြင်း
    • အထိအတွေ့ခံစားမှုပြောင်းလဲခြင်း (တစ်သက်တာ ပြောင်းလဲမှု)
    • နာကျင်မှု ခံစားရခြင်း
    • အမာရွတ်ဖြစ်ပေါ်ခြင်း

    မိန်းမကိုယ်ခွဲစိတ်မှုကို ပြုလုပ်လိုတဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံး အကြံဉာဏ်ကတော့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ် ဘယ်လို အနှောက်အယှက်ဖြစ်တယ်၊ ခွဲစိတ်မှုအပေါ်ထားတဲ့ မျှော်လင့်ချက်၊ အားနည်း လျော့ရိလာတဲ့ မိန်းမကိုယ်ရဲ့ ကြွက်သားတွေအတွက် မခွဲစိတ်ပဲ လုပ်နိုင်သည့် လေ့ကျင့်ခန်း၊ လိင်စိတ်နှိုးဆွစေတဲ့အကြောင်း တို့ကို ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အကြံပေးနဲ့ တွေ့ဆုံခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ မိမိကိုယ်ကိုတန်ဖိုးထားခြင်းနဲ့ ယုံကြည်မှုရှိခြင်း ကိစ္စတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

    သင့်ကိုယ်သင် ခွဲစိတ်မှုအတွက် အသင့်ဖြစ်မဖြစ် သိနိုင်ဖို့ သင့်ခွဲစိတ်ဆရာဝန်ကို မေးရမယ့် မေးခွန်းလေးတွေကို အောက်တွင် ဖော်ပြထားပါတယ်။

    • ခွဲစိတ်မှုပေါ်ထားတဲ့ ငါ့မျှော်လင့်ချက်တွေက လက်တွေ့ကျရဲ့လား။
    • မခွဲစိတ်ပဲ ဘာလုပ်လို့ ရနိုင်သေးလဲ။
    • ခွဲစိတ်မှုရဲ့ ရေတိုရေရှည် ဆိုးကျိုးတွေ၊ ရှုပ်ထွေးမှုတွေက ဘာတွေလဲ။
    • ခွဲစိတ်မှုက ဘာအကျိုးကျေးဇူးရမလဲ။
    • ခွဲစိတ်မှုက နောက်ပိုင်း ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းကို ထိခိုက်စေမှာလား။
    • ဒီခွဲစိတ်မှုတွေအတွက် အာမခံရှိလား။

    ကျန်းမာရေးအာမခံအများစုကတော့ မိန်းမကိုယ်ခွဲစိတ်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသား ခွဲစိတ်မှု အပြင် အခြား ပလတ်စတစ်ဆာဂျရီများ အတွက် အာမခံ မပေးပါဘူး။ ဒါတွေက ကျန်းမာရေးလိုအပ်ချက်ထက်စာရင် ရွေးချယ်လို့ရတဲ့ အရာတွေဖြစ်လို့ပါ။

    ဘာပဲဖြစ်ဖြစ် လူတိုင်း ချစ်မှုရေးရာတွေမှာ စိတ်ကျေနပ်မှု ရသင့်ရထိုက်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ထင်တာ လုပ်ပါ။ ဒါပေမယ့် ဂရုတစိုက်တော့ ရွေးချယ်ဖို့ လိုအပ်ပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement