backup og meta

ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား

    ပျိုပျိုမေတိုင်းကတော့ ဝဝတုတ်တုတ် မဖြစ်ချင်ကြပါဘူး။ လူတကာ ငေးကြည့်ရတဲ့ ကျစ်လစ်သေးသွယ် ပြီး လှပတဲ့ ခန္ဓါကိုယ်လေးပဲ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ရဖို့ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးပါ။ ဘာတွေ လုပ်ဆောင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

    ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား

    ဘယ်သူပဲ ဖြစ်ဖြစ် ခန္ဓါကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်အားကျရတဲ့သူတော့ ရှိကြတာပါပဲ။ ဒီတော့ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားတဲ့သူကို ကြည့်ပါ။ ကိုယ်လိုချင်တဲ့ အလေးချိန်ကိုလည်း သတ်မှတ်ပါ။ ကိုယ်စားသုံးတဲ့ အစားအစာတွေမှာလည်း ကယ်လိုရီ ဘယ်လောက် ပါဝင်တယ်ဆိုတာ သိထားရင် အကောင်းဆုံးပါပဲ။ ကယ်လိုရီ မများဖို့ ဂရုစိုက်ပါမယ်။

    မနက်စာ

    မိန်းကလေးတော်တော်များများကတော့ မနက်စာ စားခြင်းကို ရှောင်ရှားကြပါတယ်။ မနက်စာ မစားတာက ကယ်လိုရီတွေ လျှော့ချနိုင်မယ်လို့ တွေးထင်တာကြောင့် မစားကြတာပါ။

    တကယ်တော့ မနက်စာက စားရမှာပါ။ အကယ်လို့ မနက်စာ မစားဘူးဆိုရင် နေ့လည် ဗိုက်ဆာတဲ့အခါမှာ ကယ်လိုရီတွေ အများကြီး စားမိနိုင်ပါတယ်။

    ရေ

    ခန္ဓာကိုယ်လေး ကျစ်လစ်ဖို့ ဆိုရင်တော့ ရေဓါတ် လိုပါတယ်။ ရေက ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပြီး ရေဓါတ်ရစေတာမို့ ခန္ဓါကိုယ်ကို အားအင်ရှိစေပါတယ်။

    Mayo Clinic အရ ရေဓါတ်နည်းတာဟာ မောပန်းလွယ်ခြင်းကို ဖြစ်စေပြီး သွက်သွက်လက်လက် လှုပ်ရှားတာတွေ မရှိတော့ပါဘူး။ ဒါဆိုရင်တော့ ကိုယ့်ဆီမှာ ဇီဝဖြစ်ပျက်မှုလည်း ကောင်းမှာ မဟုတ်ဘူး ဝတာတွေလည်း ဖြစ်စေပါတယ်။ ရေဓါတ်ကို အသီးအရွက်၊ အသီးအနှံတွေကနေလည်း ရရှိနိုင်ပါတယ်။

    အစားမစားခြင်း

    အစားမလျှော့နိုင်လို့ ဝတယ်ဆိုတဲ့သူတွေ အများကြီးပါ။ ဒီတော့ အစားလျှော့စားနိုင်ဖို့ နည်းလမ်းလိုပါတယ်။ လုံးဝမစားတာမျိုး မဟုတ်ဘဲ နည်းနည်းပဲ စားဖြစ်အောင် ကြိုးစားပါ။ အစားကို ကြေညက်အောင် ဝါးပါ။

    ပြီးရင် ဖြည်းဖြည်းချင်းစားပါ။ စားနေရင်းမှာ ဗိုက်ပြည့်လာသလို ခံစားလာရမှာပါ။ ဒါဆိုရင်တော့ အစားနည်းနည်းပဲ စားဖြစ်မှာပါ။ ဇွန်းနဲ့ စားတာကလည်း အစားစားချင်စိတ်ကို နည်းနည်းတော့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

    အစားစားပြီးရင်

    ခန္ဓါကိုယ်မှာ အဆီပိုတွေ မရှိဖို့ဆိုတာ လှုပ်ရှားမှု လိုပါတယ်။ အစားစားပြီးတိုင်း လမ်းလျှောက်ပေးပါ။ အစားစားပြီးတိုင်း ဆယ်မိနစ်လောက် လမ်းလျှောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို အစာခြေလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။

    ဒါ့ကြောင့် ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းချင်တယ်ဆိုရင်တော့ အစားစားပြီးရင် တန်းထိုင်တာမျိုး မလုပ်ပါနဲ့။

    အမျှင်ဓါတ်

    အမျှင်ဓါတ်ကတော့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်သူတိုင်းအတွက် အလိုအပ်ဆုံးပါ။ အမျှင်ဓါတ်တွေက ကျန်းမာရေး ကောင်းမွန်စေပြီး အဆီလည်း ကျစေပါတယ်။ အမျှင်ဓါတ် များများ စားသုံးတာက တခြားကယ်လိုရီတွေ မစားမိတော့အောင် ထိန်းချုပ်ပေးပါတယ်။

    အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေက ကြာကြာလည်း ဝါးရတာမို့ ဗိုက်ခဏခဏ ပြန်ဆာတာကို သက်သာစေပါတယ်။ အသီးအရွက်လေးတွေ ပိုစားပေးနော်။

    လေ့ကျင့်ခန်း

    ခန္ဓာကိုယ်လေးတော့ ကျစ်လစ်ချင်ပါရဲ့ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်၊ GYM ဆော့တာတွေ လုပ်ပေးပါ။ အနည်းဆုံးတော့ လမ်းလျှောက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 09/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement