သင့်ရင်သွေး၏ အချက်အလက်များ

ရင်သွေးလေးရဲ့ ကာကွယ်ဆေးထိုး အချိန်ဇယားတွက်ချက်ပေးမည့် ကိရိယာ

ချစ်စရာ ကလေးလေးတစ်ယောက် ဖေဖေမေမေတို့ ဘဝထဲကို ရောက်လာပြီဆိုတော့ တစ်နေ့တစ်‌နေ့ လုပ်စရာတွေလည်း အများကြီးဖြစ်နေမှာသေချာပါတယ်။ ဒီလို လုပ်ဆောင်ပေးရမယ့် အရာတွေ အများကြီးထဲမှာ မဖြစ်မနေထည့်သွင်းဖို့ လိုမယ့် အချက်လေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ ရင်သွေးလေးကို အသက်အရွယ်အလိုက် ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံပေးဖို့ပါ။

MMR (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ကစလို့ မေးခိုင်ကာကွယ်ဆေးအထိ ရင်သွေးလေးကို ကာကွယ်ဆေး စုံလင်အောင် ထိုးနှံပေးဖို့ လိုပါမယ်။ ရင်သွေးလေးအတွက် လိုအပ်မယ့် ကာကွယ်ဆေးတွေကို သိရှိနိုင်စေဖို့ ဒီနေရာမှာ ရင်သွေးလေးရဲ့ အချက်အလက် အသေးစိတ်ကို ဖြည့်သွင်းပြီး ကာကွယ်ဆေးထိုးနှံပေးရမယ့် အချိန်နဲ့ ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေကို ဖတ်ကြည့်လိုက်ပါ မေမေဖေဖေတို့ရေ...........