backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Stones (ဆီးကျောက်တည်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Kidney Stones (ဆီးကျောက်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Stones (ဆီးကျောက်တည်ခြင်း) ကဘာလဲ

ဆီးကျောက်ဆိုသည်မှာ ဆီးအတွင်း၌ပါသော ပစ္စည်းများမှ ကျောက်ကပ်အတွင်း မာခဲခဲအနည်များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ်အား ဆီးကျောက်တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များသည် သေးသေးလေးမှ လက်မလောက်ထိ ကြီးတတ်ပါ၏။

ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက်အကြီးကြီးများကိုStaghorn (စတက်ဟွန်း)ကျောက်ဟုခေါ်သည်။

Kidney Stones (ဆီးကျောက်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးကျောက်တည်ခြင်းသည် တွေ့ရများ၏။ ၎င်းသည် အသက် ၄၀ ကျော်သော လူနာများတွင် တွေ့ရများသည်။ ၎င်းဖြစ်ပွားနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများအား လျှော့ချခြင်းဖြင့် စီမံနိုင်သည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Kidney Stones (ဆီးကျောက်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးကျောက်တည်သူလူနာတွေမှာ တစ်ဝက်လောက်သာ လက္ခဏာများ ပြတတ်သည်ဖြစ်သည်။ လက္ခဏာ မပေါ်လျှင်တောင်မှ ဆီးကျောက်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ခြင်းများကဲ့သို့ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ဆီးပြွန်တွင် ပိတ်ဆို့မိနေသောကျောက်များသည် လက္ခဏာများကိုပေါ်စေပါသည်။

ယေဘုယျအကျဆုံးလက္ခဏာသည် အလွန်အမင်းနာကျင်ခြင်းဖြစ်ပြီးထိုနာကျင်မှုသည် ခါးနေရာက ပေါ်လာကာ ဗိုက်အောက်ပိုင်းဆီသို့ ရွေ့သွားတတ်၏။ တခြားလက္ခဏာများမှာ-

• ခါး၊ ပေါင်၊ ပေါင်ခြံနှင့် လိင်အင်္ဂါများနာခြင်း

• ဆီးတွင်သွေးပါခြင်း

• ပျို့အန်ခြင်း

ဆီးကျောက်သည် ပိုးကူးစက်မှုကိုဖြစ်စေပါကထပ်ဆောင်းလက္ခဏာအနေနှင့် ချမ်းတုန်ဖျားခြင်း၊ မကြာခဏနှင့်ရုတ်တရက် ဆီးသွားလိုစိတ်ဖြစ်ခြင်းနှင့် ဆီးသွားလျှင်နာခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်စေပါလိမ့်မည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့တွင်တစ်ခုခုရှိပါက ဆရာဝန်နှင့်ဆက်သွယ်သင့်ပါသည်။

• အလွန်အမင်းအန်ခြင်း၊ မနေနိုင်လောက်အောင် အလွန်နာခြင်း

• နာကျင်မှုနှင့်အတူပျို့ခြင်းအန်ခြင်း

• နာကျင်မှုနှင့်အတူချမ်းတုန်ဖျားခြင်း

• ဆီးတွင်သွေးပါခြင်း

• ဆီးသွားရခက်ခဲခြင်း

အကြောင်းရင်းများ

Kidney Stones (ဆီးကျောက်တည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကယ်လ်စီယမ်၊ ယူရစ်အက်ဆစ် (uric acid)၊ စစ်စတင်း (cysteine) သို့မဟုတ် စတူးဗိုက် (struvite) (ဖော့စဖိတ်၊ မဂ္ဂနီစီယမ် နှင့် အမိုနီယမ် တို့ပါသည့် အရော) ကဲ့သို့သောအချို့ဓါတုပစ္စည်းများ ဆီးထဲ၌ အများအပြားပါလျှင် ဆီးကျောက်တည်စေပါသည်။ ပရိုတင်းပါသော အစာများ အစားများခြင်းနှင့် ရေသောက်နည်းခြင်းသည် ဆီးကျောက်တည်မှုကို ပိုဖြစ်စေနိုင်ပါသည်။

၈၅ရာခိုင်နှုန်းသော ဆီးကျောက်များသည် ကယ်လ်စီယမ်ကြောင့်ဖြစ်သည်။ ယူရစ် အက်စစ် (uric acid) ကျောက်များကိုတော့ ဂေါက်ရောဂါရှိလျှင် ပိုတွေ့ ရ၏။ စတူးဗိုက် (Struvite)ကျောက်များသည် များသောအားဖြင့် ရောဂါပိုးကူးစက်ခံရသောဆီး (ပိုးကူးစက်ခံရသောဆီးကျောက်)များ တွင် တွေ့ရများသည်။

Risk factors

Kidney Stones (ဆီးကျောက်တည်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆီးကျောက်တည်နိုင်ချေကိုမြင့်မားစေသည့် အကြောင်းများစွာရှိပါသည်။

• မိသားစုတွင် ဆီးကျောက်တည်မှုရှိခြင်း

• ရေဓါတ်ဆုံးရှုံးခြင်း

• တစ်ချို့အစားအစာများ – ပရိုတင်း၊ ဆိုဒီယမ်နှင့် သကြားများသောအစာများ စားခြင်းသည် အချို့ဆီးကျောက်အမျိုးအစား တည်နိုင်ခြေကို မြင့်မားစေပါသည်။

• အဝလွန်ခြင်း

• အစာချေစနစ်ရောဂါများနှင့် ခွဲစိတ်မှု – အစာအိမ်လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု၊ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသောရောဂါ သို့မဟုတ် နာတာရှည်ဝမ်းသွားခြင်းတို့သည် ကယ်လစီယမ်နှင့် ရေစုပ်ယူသောဖြစ်စဉ်များကို ပြောင်းလဲစေပြီး ဆီးတွင် ကျောက်ဖြစ်စေမည့်ပစ္စည်းများကို တိုးပွားစေပါသည်။

• အခြားရောဂါအခြေအနေများ – ဆီးကျောက်တည်နိုင်ခြေကို မြင့်စေသောရောဂါများနှင့် အခြေအနေများတွင် renal tubular acidosis၊ ဆီးထဲတွင် စစ်စတင်း (Cystine)ပါခြင်း၊ ပါရာသိုင်းရွိုက်ဟော်မုန်းများခြင်း၊ အချို့ဆေးများနှင့် အချို့ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ ပါဝင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kidney Stones (ဆီးကျောက်တည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊ဆီးစစ်ခြင်းများ ပြုလုပ်ပါမည်။ X-rays ဓါတ်မှန်ရိုက်ခြင်းသို့မဟုတ် အာထရာဆောင်း ရိုက်၍ ဝမ်းဗိုက်တွင်းကိုလေ့လာရန် လိုအပ်ပါမည်။ ဒီလေ့လာမှုများတွင် ကျောက်တုံးအများစု (ကယ်လ်စီယမ်၊ cysteine နှင့် struvtieကျောက်များ)ကို တွေ့နိုင်သည်။

X –rays ဓါတ်မှန်သည် ယူရစ်အက်ဆစ် (uric acid) ကျောက်တုံးများကို မပြသနိုင်ပါ။

သေးငယ်သောကျောက်တုံးများကိုလဲ မမြင်ဘဲလွတ်သွားနိုင်ပါသည်။ ကွန်ပျူတာဓါတ်မှန်သည် ဆီးကျောက်ရောဂါရှာဖွေရန် အလွန်သင့်တော်ကောင်းမွန်ပြီး ဆီးကျောက်နှင့်လက္ခဏာတူအခြားရောဂါများကိုလည်း ရှာဖွေဖော်ထုတ်နိုင်ပါသည်။

ရှားပါးသောဖြစ်ခဲသည့် ရောဂါအမည်ကောင်းကောင်းမတပ်နိုင်သော အခြေအနေမျိုးတွင် (intravenous pyelogramIVP) ဟု ခေါ်သော အထူးဓါတ်မှန်တစ်မျိုး ရိုက်ရနိုင်သည်။ ဒီဓါတ်မှန်တွင် ဆိုးဆေးကိုသုံးပြီးဆီးလမ်းကြောင်းပုံပေါ်အောင် လုပ်ကာ ဆီးကျောက်ကို ရှာနိုင်မည်ဖြစ်သည်။

Kidney Stones (ဆီးကျောက်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် ကျောက်အရွယ်အစား၊ အရေအတွက်၊ တည်ရှိသည့်နေရာ၊ ပိုးကူးစက်မှုရှိမရှိပေါ်မူတည်၍ ကုသရပါမည်။ ကျောက်အများစုသည် ဆရာဝန်အကူအညီမလိုဘဲနှင့် အလိုလိုထွက်သွားတတ်ပါသည်။ သေးငယ်သောကျောက်များကို ကုသရန် အရိုးရှင်းဆုံးနည်းမှာ ရေများများသောက်ခြင်းဖြင့် စွန့်ထုတ်ဖို့ကြိုးစားခြင်းဖြစ်ပါသည်။

ဆေးများကနာကျင်မှုကို သက်သာစေနိုင်သည်။ ပိုးသတ်ဆေးများကို ပိုးဝင်မှုရှိလျှင် ပေးနိုင်ပါသည်။

သူ့အလိုလိုမထွက်သော ကျောက်များကိုတော့ ဆီးနှင့်ကျာက်ကပ် ဆရာဝန်မှ ခွဲစိတ်ဖယ်ရှားပေးရန်လိုနိုင်ပါသည်။ ဆီးနှင့်ကျောက်ကပ် ဆရာဝန်သည် ဆီးလမ်းကြောင်းကြည့်မှန်ပြောင်းကိုသုံးပြီးဖယ်ရှားပေးနိုင်ပါသည်။

တစ်ခါတစ်ရံ ပြင်းထန်သောလှိုင်းတိုများသုံးပြီးဆီးမှစွန့်နိုင်သောအပိုင်းသေးသေးလေးများအထိ ဖြိုခွဲဖယ်ရှားနိုင်ပါသည်။ ဒီကုသမှုကို extracorporeal shock wave lithotripsy (ESWL) ဟုခေါ်သည်။

တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီးဆီးကျောက်ကိုဖယ်ရန် လိုအပ်နိုင်ပါသည်။ (percutaneous nephrolithotomy)

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement