ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ဆီးအိမ်ရောဂါများ

ဆီးရွှင်နေတာ ဘာကြောင့်လဲ

ဆီးရွှင်နေတာ ဘာကြောင့်လဲ ...... ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ၆ကြိမ်ကနေ ၈ကြိမ်လောက်အထိ ဆီးသွားတတ်ပါတယ်။ ဆီးသွားတာ တစ်ရက် ၈ကြိမ်ထက် ပိုရင် ဆီး ခဏခဏသွားတဲ့ အခြေအနေ (Frequent urination) လို့ သတ်မှတ်နိုင်ပါတယ်။ ဆီးသွား များတာများ ဘာပြဿနာရှိလဲ ဆိုပြီး မေးချင်တဲ့သူတွေကို ဒီဆောင်းပါးလေးနဲ့ အဖြေပေးချင်ပါတယ်။ မှန်ပါတယ်။ ကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဆီးသွားခြင်းက ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ရဲ့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နေတယ်လို့တောင် မှတ်ယူနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာမှလုပ်မရ ကိုင်မရအောင် တစ်နေကုန် ရှူရှူးပဲ ပြေးပေါက်နေရရင်တော့ သိပ်မဟုတ်သေးဘူးပေါ့။ ဆီးရွှင်နေတာ ဘာကြောင့်လဲ ရေအများကြီးသောက်မိနေလို့ ဒါမှမဟုတ်လည်း ဘီယာတွေ လှိမ့်သောက်နေလို့ ဆီးသွားရတာ ပြဿနာမဟုတ်ပါဘူး။ စွန့်ပစ်စရာ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။ အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ဆိုတာကို  ပြောပြပေးပါရစေ။ ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ဆိုရင် ပရိုတင်း ပြည့်ဝအောင် စားပါ။  အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်း ပမာဏကို မေးမြန်းပါ။ ကျောက်ကပ်ဆေးနေတဲ့အချိန်မှာ မဆေးခင်ကထက် ပရိုတင်း ပိုလိုနိုင်ပါတယ်။ ပရိုတင်းဆိုတဲ့နေရာမှာလည်း ကွာလတီပြည့်ဝတဲ့ ပရိုတင်းတွေဖြစ်တဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥ စတာတွေကို စားပေးရပါမယ်။ သက်သတ်လွတ်စားတဲ့သူဖြစ်နေရင်တော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ပရိုတင်းရနိုင်တဲ့ […]


ကျောက်ကပ်ရောဂါများ

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။ သွေးအတွင်းယူရီးယားမြင့်တက်ခြင်း၏ လက္ခဏာများ နာတာရှည်ကျောက်ကပ်ရောဂါ အစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။ - အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း - ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း - အစားပျက်ခြင်း - ခေါင်းကိုက်ခြင်း - ပျို့အန်ခြင်း - […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။ ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။ အရည်အိတ်တအိတ်ချင်းစီဖြစ်ပေါ်တဲ့ အခြေအနေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမယ့် အရည်အိတ်များစွာစုပြီး ဖြစ်ပေါ်တဲ့ရောဂါ (polycystic kidney disease) ကတော့ ကြီးထွားလာတာနဲ့အမျှ ကျောက်ကပ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ များသောအားဖြင့် ကျောက်ကပ်အတွင်းမှာ အရည်အိတ်ဖြစ်နေခြင်းကို သတိမပြုမိကြပါဘူး။ လက္ခဏာမပြခဲ့ရင် တခြားပြဿနာတခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မှသာ သိရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အရည်အိတ်များဟာလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရမယ့်အရည်အိတ်မျိုးရှိသလို ဂေါ်လီလုံးပမာဏလောက်ရှိတဲ့ အရည်အိတ်လည်း တွေ့ရတတ်ပါတယ်။ အရည်အိတ်ကြီးမားလာရင်တော့ ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖိမိတဲ့အတွက် နာကျင်မှု […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ကို  ကုသတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စောင့်ကြည့်တာရယ်၊ သောက်ဆေးတွေ ပေးတာရယ်၊ ကျောက်ခြေတာရယ်၊ ခွဲစိတ်ကုသတာရယ်ပေါ့။ ဒီထဲမှာ ကျောက်ခြေတဲ့နည်းလမ်းက တော်တော်ခေတ်စားလာသလို အသုံးလည်း များလာပါတယ်။ ဒါဟာ ဘယ်လိုနည်းလမ်းတွေကို သုံးထားလဲ။ လူနာအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာရှိလဲဆိုတာ ပြောပြပေးပါ့မယ်။ ဆီးကျောက်ခြေတယ်ဆိုတာ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်းတစ်ခုပါပဲ။ Extracorporeal shock wave lithotripsy (ESWL) လို့ ခေါ်ပါတယ်။ Lithotriperလို့ ခေါ်တဲ့ စက်ကနေ လှိုင်းတွေ ထုတ်ပြီး ကျောက်တွေကို ခြေပစ်တာပါ။ ကျောက်မှုန်လေးတွေ ဖြစ်ပြီး ဆီးနဲ့အတူ ပါသွားမှာပါ။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းကောင်းပါပဲ။ ဘယ်သူတွေ ဆီးကျောက်ခြေလို့ရလဲ။ နည်းလမ်းကောင်း ဖြစ်ပေမယ့် လူတိုင်းတော့ ခြေလို့မရပါဘူး။ ကျောက်အနေအထား၊ လူနာအနေအထား ပေါ်လည်း အများကြီး မူတည်ပါသေးတယ်။ များသောအားဖြင့်တော့ ၂ စင်တီမီတာ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာက ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ ကျောက်ကပ်ရောဂါဖြစ်လာရင်တော့ သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကိုတော့ ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ဟာ စတင်ပျက်စီးခါစမှာ လက္ခဏာမပြပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ကြုံလာရတတ်ပါတယ်။ - ဆီးနည်းခြင်း - ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း - အာရုံစူးစိုက်ရန်ခက်ခဲခြင်း - ယားယံခြင်း - ကြွက်သားများ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း - ပါးစပ်အတွင်း သတ္တုအရသာရနေခြင်း - ပျို့အန်ခြင်း - အစားပျက်ခြင်း - တက်ခြင်း - ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖမိုးများ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုဟာ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေနိုင်တာကြောင့် ယေဘုယျအားဖြင့် အဆိုပါပြဿနာတွေ မကြုံရအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။ ၁။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ ဆီးချိုရောဂါရှိရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်း […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဘာတွေ လုပ်ပေးရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဆီးကျောက်တည် တာက လူဆယ်ယောက်မှာ တစ်ယောက်တော့ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့။ အဓိကက ဆီးကျောက်တည်ပြီဆို နာတာက သိပ်ပြင်းထန်လွန်းလို့ မြန်မြန်သက်သာချင်ကြပါတယ်။ ဆေးပညာပိုင်းက ကြည့်မယ်ဆိုရင်လည်း ဆီးကျောက်က သေချာ မကုဘူး ဆိုရင် ဆီးပိုးဝင်တာ၊ ကျောက်ကပ်မှာ ရေဝင်တာတွေ ဖြစ်လာတတ်လို့ သတိထားရမယ့် ဝေဒနာမျိုးပါပဲ။ ဒါပေမယ့် ကံကောင်းတာက ဆီးကျောက်က သေးတယ်။ တစ်ဖက်တည်းမှာပဲ ဖြစ်တယ်။ လူနာက ထွေထွေထူးထူး ခံစားရတာလည်း မရှိဘူးဆိုရင်တော့ ခွဲဖို့ စိတ်ဖို့ မလိုတတ်ပါဘူး။ ဆီးကျောက်ကြေအောင် ဆေးတွေပေး၊ ရေများများသောက်၊ ပုံမှန်ရက်ချိန်း ခေါ်ပြီး စောင့်ကြည့်ရုံနဲ့တင် ကိစ္စက ပြီးပါတယ်။ ဒီလိုလူနာတွေအတွက် တစ်ဖက်ကလည်း ဆေးကုရင်း တစ်ဖက်ကလည်း ဆီးကျောက်အမြန်သက်သာအောင် အိမ်မှာတင်လုပ်လို့ရတဲ့ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်အမျိုးအစား ဘယ်နှမျိုး ရှိသလဲ။

ဆီးကျောက်တည် တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင် ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့ စောစောသိကြပါတယ်။ ဒီဆောင်းပါးမှတော့ ဆီးကျောက်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ဘယ်လိုအပြုအမူအနေအထိုင်တွေကြောင့် ဆီးကျောက်တည်ရတာလဲဆိုတာ ပြောပြပေးမှာပါ။ ဒါမှ ကြိုတင်ဆင်ခြင်လို့ရမှာပေါ့။ ဆီးကျောက်အမျိုးအစား ဆီးကျောက်အမျိုးအစားကို အကြမ်းဖျင်း ကယ်ဆီယမ်ကျောက်၊ စတူးဗိုက်ကျောက်၊ ယူရစ်အက်စစ်ကျောက်နဲ့ စစ်စတင်းကျောက်ဆိုပြီး ခွဲထားလို့ရပါတယ်။ ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ဆီးလမ်းကြောင်းမှာ ခုနက ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။ ကယ်ဆီယမ်ကျောက် (Calcium stone) - ၂မျိုး ပြန်ခွဲလို့ရပါတယ်။ Calcium oxalate stone - အဖြစ်အများဆုံး ဆီးကျောက်အမျိုးအစားပါ။ အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးထဲက သာမန်မဟုတ်တဲ့ အမှုန်အမွှားများ

ရောဂါအခြေအနေပေါ်လိုက်ပြီး ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားတွေအကြောင်း ပြောပြပေးသွားပါ့မယ်။ ဆီးထဲမှာ ကိုယ်တွင်းကစွန့်ပစ်လိုက်တဲ့ ဓာတ်သတ္ထုမျိုးစုံပါဝင်နေပြီး ရံဖန်ရံခါမှာ ဒီဓာတ်တွေက အစိုင်အခဲအနေနဲ့ ဆီးထဲပါလာတတ်ပါတယ်။ အမှုန်အမွှားတွေကသေးငယ်ပြီး အရေအတွက်လည်းနည်းနေရင် ဘာပြဿနာမှ မရှိပေမဲ့ အရွယ်အစားကြီးတဲ့အမှုန်အမွှားတွေ များလာရင်တော့ ဆီးကျောက်တည်နိုင်ပါတယ်။ ဒါ့ကြောင့် ဆီးကျောက်မတည်အောင်ကာကွယ်ဖို့ ဆီးထဲအမှုန်အမွှားတွေပါလာကတည်းက ဂရုစိုက်သင့်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားအမျိုးအစားတွေနဲ့ ဘယ်ရောဂါအခြေအနေတွေမှာ ဒီလိုအမှုန်အမွှားတွေပါလာတတ်သလဲဆိုတာ ရှင်းပြပေးပါ့မယ်။ ဆီးထဲမှာပါလာနိုင်တဲ့အမှုန်အမွှားတွေကတော့ ယူရစ်အက်စစ် (Uric Acid) ယူရစ်အက်စစ်အမှုန်အမွှားတွေက ပုံစံမျိုးစုံရှိပြီး လိမ္မော်ရောင်အရင့် (ဒါမှမဟုတ်) အဝါရောင်ရှိပါတယ်။ အသားဓာတ် (ပရိုတင်းဓာတ်) ကြွယ်ဝတဲ့အစားအသောက်တွေအစားများရင် ဆီးထဲပါလာလေ့ရှိပြီး ဆီးကျောက်တည်တာ၊ ဂေါက်ရောဂါခံစားနေရတာ၊ ကင်ဆာဆေးကုသမှုခံယူနေတာ စတဲ့အခြေအနေတွေမှာလည်း ယူရစ်အက်စစ်တက်နိုင်ပါတယ်။ ယူရစ်အက်စစ်တက်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေလည်း ကွဲပြားနိုင်ပါတယ် (ဥပမာ-ဂေါက်ရောဂါကြောင့်ဆိုရင် အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ၊ တောင့်တင်းနေတာတွေခံစားရနိုင်ပါတယ်)။ ဘာကြောင့်ဖြစ်သလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသနည်းလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ ကယ်လ်စီယမ် အောက်ဇဲလိတ် (Calcium oxalate) ကျောက်ကပ်ကျောက်တည်မှုအတော်များများက ဒီအမှုန်အမွှားတွေကြောင့်ဖြစ်ရတာပါ။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်