backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကဘာလဲ။

ဆီးတွင် ပရိုတိန်းပါခြင်းဆိုသည်မှာ ဆီးထဲတွင် ပရိုတိန်း ပမာဏ ပုံမှန်မဟုတ်စွာ ပါဝင်နေခြင်း ဖြစ်သည်။ ကျောက်ကပ် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်သည်။

ကျန်းမာသော ကျောက်ကပ်သည် သိသာသော ပရိုတိန်း ပမာဏ စစ်ထုတ်ခြင်း မလုပ်ပါ။ သို့သော်လည်း ကျောက်ကပ် ရောဂါကြောင့် စစ်ထုတ်သည့် အရာများ ပျက်စီးသွားပါက သွေးမှ albumin ကဲ့သို့ ပရိုတိန်းများ ဆီးထဲသို့ ရောက်ရှိသွား သည်။

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးတွင်ပရိုတိန်းပါခြင်းသည် အသက်အရွယ်မရွေး ဖြစ်နိုင် သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ဆီးတွင် ပရိုတိန်းပါခြင်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မရှိပါ။ သို့သော် ပုံမှန် ဆီးစစ်ခြင်းတွင် ပရိုတိန်းများ တွေ့ရသည်။ စစ်ဆေးတွေ့ရှိခြင်း သည် ကျောက်ကပ်နှင့် ပတ်သက်သော ပြင်းထန်သော ပြဿနာ ရှိသည်ဟု မဆိုလိုနိုင်ပါ။

ဆီးတွင် ပါသော ပရိုတိန်း ပမာဏသည် အလွန်များလာပါ က nephrotic syndrome ဟုခေါ်သော အခြေအနေတစ်ခု ဖြစ်လာသည်။ Nephrotic syndrome သည် ခန္ဓါကိုယ်တွင် ရေဓါတ် စုပုံစေသည်။ ပိုလျှံသော ရေသည် ခြေကျင်းဝတ် ရောင်ခြင်း၊ လက်ရောင်ခြင်း (လက်ချောင်းတွင် လက်စွပ် ကျပ်ခြင်း) သို့မဟုတ် မျက်လုံးရောင်ခြင်းတို့ ဖြစ်စေသည်။ ပြင်းထန်ပါက ခြေထောက် တစ်လျှောက်နှင့် ကျောပတ်လည် တွင် ဖြစ်လာနိုင်သည်။ အဆုတ်ပတ်လည်တွင် ရေများ ရှိခြင်း ကြောင့် အသက်ရှူမရခြင်း ဖြစ်နိုင်သည်။ အစာအိမ်ဝမ်းဗိုက် ရောင်ခြင်းလည်း ဖြစ်နိုင်သည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်သည် သွေးတွင်းမှ အညစ်အကြေးများကို စွန့် ထုတ်ပြီး ပရိုတိန်းကဲ့သို့ ခန္ဓါကိုယ်အတွက် လိုအပ်သော အရာများကို သိမ်းဆည်းပါသည်။ သို့သော်လည်း အချို့ ရောဂါ နှင့် အခြေအနေများသည် ကျောက်ကပ်ရှိ စစ်ထုတ်သည့်အရာ များမှ ပရိုတိန်းကို ဖြတ်သန်းစေကာ ဆီးတွင် ပရိုတိန်းပါခြင်းကို ဖြစ်စေသည်။

အချို့အခြေအနေများသည် ဆီးတွင် ပရိုတိန်းပမာဏကို ယာယီမြင့်တက်စေနိုင်သည်။ သို့သော် ကျောက်ကပ် ပျက်စီးမှု ဟု မဆိုနိုင်သည်။ ထိုအခြေအနေများမှာ

  • အအေးဖြင့် ထိတွေ့ခြင်း
  • စိတ်ခံစားမှုပိုင်းဆိုင်ရာ စိတ်ဖိစီးမှု
  • အဖျားတက်ခြင်း
  • အပူဖြင့် ထိတွေ့ခြင်း
  • ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်း

ဆီးတွင် ပရိုတိန်းပမာဏ အနည်းငယ်ပါခြင်းသည် ပုံမှန် အားဖြင့် ပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဆီးတွင် ပရိုတိန်း များစွာ ပါခြင်းသည် မကောင်းပါ။ ကျောက်ကပ်ရောဂါ ဖြစ်စေ သော ဆီးတွင် ပရိုတိန်းပမာဏ ကြာရှည်စွာ မြင့်တက်စေသော ရောဂါများ၊ အခြေအနေများမှာ

  • Amyloidosis ( ကိုယ်တွင်းအင်္ဂါများတွင် ပုံမှန်မဟုတ် သော ပရိုတိန်းများ စုပုံခြင်း)
  • အချို့ဆေးများ
  • နာတာရှည် ကျောက်ကပ်ရောဂါ
  • ဆီးချိုသွေးချို
  • Glomerulonephritis ( သွေးမှ အညစ်အကြေးများကို စစ်ထုတ်သော ကျောက်ကပ်ဆဲလ်များ ရောင်ခြင်း)
  • Goodpasture’s syndrome ( ကျောက်ကပ်နှင့် အဆုတ် ကို ထိခိုက်သော ရောဂါ)
  • နှလုံးရောဂါ
  • ရုတ်တရက် နှလုံးခုန်ရပ်ခြင်း
  • သွေးပေါင်တက်ခြင်း
  • Hodgkin’s lymphoma ( Hodgkin’s ရောဂါ)
  • IgA nephropathy (Berger’s disease) (antibody immunoglobulin A စုပုံခြင်းကြောင့် ဖြစ်သော ကျောက်ကပ် ရောင်ခြင်း)
  • ကျောက်ကပ် ရောဂါပိုးဝင်ခြင်း
  • သွေးကင်ဆာ
  • Lupus
  • ငှက်ဖျားရောဂါ
  • Multiple myeloma
  • Orthostatic proteinuria ( မတ်တပ်ရပ်နေပါက ဆီးတွင်း ပရိုတိန်း ပမာဏ မြင့်တက်ခြင်း)
  • Pericarditis ( နှလုံးကို ဝန်းရံထားသော အိတ်ရောင် ခြင်း)
  • Preeclampsia
  • ကိုယ်ဝန်
  • လေးဖက်နာရောဂါ
  • Sarcoidosis ( ကိုယ်တွင်းအင်္ဂါများတွင် ရောင်ရမ်း သော ဆဲလ်များ ကြီးထွားလာခြင်း)
  • Sickle cell anemia

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆီးတွင် ပရိုတိန်းပါခြင်း ဖြစ်နိုင်ချေကို မြင့်တက်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-

  • ဆီးချိုသွေးချို
  • သွေးတိုးခြင်း။ သွေးတိုးခြင်းနှင့် ဆီးချိုသွေးချို နှစ်ခုလုံး သည် ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်စေပြီး ဆီးတွင်း ပရိုတိန်းပါခြင်းကို ဖြစ်စေသည်။

သွေးတိုးခြင်း၊ ဆီးချိုသွေးချိုနှင့် မဆက်နွယ်သော အခြား ကျောက်ကပ်ရောဂါများသည်လည်း ဆီးတွင်း ပရိုတိန်းပါခြင်းကို ဖြစ်စေနိုင်ပါသည်။ အခြားအကြောင်းရင်းများမှာ

  • ဆေးဝါးများ
  • ထိခိုက်ဒဏ်ရာရခြင်း
  • အဆိပ်အတောက်များ
  • ရောဂါပိုးကူးစက်ခြင်း
  • ကိုယ်ခံအားစနစ် ရောဂါများ
  • ခန္ဓါကိုယ်တွင် ပရိုတိန်းများ ပို၍ ထုတ်လုပ်ခြင်းသည် ဆီးတွင်း ပရိုတိန်းပါခြင်းကို ဖြစ်စေနိုင်သည်။ ဥပမာ multiple myeloma နှင့် amyloidosis ဖြစ်သည်။

အခြား ဖြစ်နိုင်ချေ မြင့်စေသော အချက်များမှာ

  • အဝလွန်ခြင်း
  • အသက် ၆၅ ကျော်ခြင်း
  • မိသားစုထဲတွင် ကျောက်ကပ် ရောဂါ ဖြစ်ဖူးခြင်း
  • Preeclampsia ( ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း နှင့် ဆီးတွင် ပရိုတိန်းပါခြင်း)
  • လူမျိုး၊ မျိုးနွယ်။ အာဖရိကန် အမေရိကန်၊ မူလ အမေရိ ကန်၊ စပိန်လူမျိုး နှင့် ပစိဖိတ် ကျွန်းလူမျိုးများသည် လူဖြူများထက် သွေးတိုး ပိုဖြစ်နိုင်ပြီး ကျောက်ကပ် ရောဂါနှင့် ဆီးတွင် ပရိုတိန်းပါခြင်း ဖြစ်နိုင်သည်။

အချို့လူများသည် လဲလျောင်းနေသည်ထက် မတ်တပ်ရပ် နေပါက ဆီးတွင် ပရိုတိန်း ပိုပါသည်။ ၎င်းကို orthostatic proteinuria ဟုခေါ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးတွင်ပါသော ပရိုတိန်းကို ပုံမှန် ဆီးစစ်ခြင်းဖြင့် စစ်ဆေး နိုင်သည်။ dipstick ( ညွှန်ပြသော စက္ကူပါသော ပလက်စတစ် ချောင်း) ဖြင့် စစ်ခြင်းသည် ပရိုတိန်း ပမာဏ အနည်းငယ်ကို စစ်ဆေးသိရှိနိုင်သည်။ စစ်ဆေး တွေ့ရှိခြင်းသည် ကျောက်ကပ် တွင် ဆိုးရွားသော ပြဿနာ ရှိသည်ဟု မဆိုလိုနိုင်ပါ။

ဆီးနမူနာ အနည်းငယ်တွင် ရိုးရှင်းသော dipstick စစ်ခြင်းဖြင့် ပရိုတိန်း တွေ့ရှိရပါက နောက်ထပ် စစ်ဆေးမှုများ လိုအပ်ပါသည်။ ဤ dipstick စစ်ခြင်းသည် ဆီးတွင် ပရိုတိန်း ဘယ်လောက်များများ ပါသလဲ အတိအကျ မစစ်နိုင်ပါ။ တိကျ စွာ တိုင်းတာနိုင်ရန် ဆီးနမူနာ အချို့ကို ဓါတ်ခွဲခန်းသို့ ပို့ရ သည်။ ဓါတ်ခွဲခန်းတွင် ပရိုတိန်းနှင့် creatinine ပမာဏ ( ပရိုတိန်း-creatinine အချိုး-PCR) ကို တိုင်းတာသည်။ ဆီးတွင်း ပရိုတိန်း ပမာဏကို albumin စစ်ခြင်းဖြင့် တိုင်းတာခြင်းသည် ပို၍ လူသုံးများလာသည်။ albumin-creatinine အချိုး (ACR) ကို ရရှိသည်။ albumin သည် ခန္ဓါကိုယ်ရှိ ပရိုတိန်းများ၏ အစိတ် အပိုင်းကြီး တစ်ခုဖြစ်ပြီး PCR တက်သော လူတိုင်းသည် ACR တက်သည်။ သို့သော် ACR သည် အနည်းငယ် နိမ့်သည်။

  • ACR 3mg/mmol အောက် နည်းခြင်းသည် နောက်ထပ် ဆောင်ရွက်မှု မလိုအပ်ပါ။
  • ACR 3-30 သည် များသောအားဖြင့် ဆောင်ရွက်မှု မလိုသော်လည်း ပုံမှန် စစ်ဆေးသင့်သည်။
  • ACR 30 ထက်များပါက ကျောက်ကပ်မှ ပရိုတိန်း အတော်အတန် ထွက်နေပြီ ဖြစ်သည်။ ပမာဏများလေ ပို၍ စိုးရိမ်ရလေ ဖြစ်သည်။ အထူးသဖြင့် 100 ကျော်သွားပါက။

ACR များပါက ဆရာဝန်သည် မှတ်တမ်း အပြည့်ယူပြီး မိသားစုတွင် ကျောက်ကပ်ရောဂါ ဖြစ်ဖူးသလား စစ်ပါလိမ့် မည်။ သွေးစစ်မှု များစွာ ပြုလုပ်ပြီး သွေးပေါင်ချိန် တိုးပါလိမ့် မည်။ ဓါတ်မှန်ဌာနတွင် ultrasound scan ဖြင့် ကျောက်ကပ်၏ အရွယ်အစားနှင့် ပုံစံကို စစ်ဆေးပါလိမ့်မည်။

တစ်ခါတစ်ရံ ဆီးတွင် ပရိုတိန်းပါခြင်း၏ အကြောင်းရင်းကို သေချာ သိရှိရန် ကျောက်ကပ် တစ်ရှူးစယူရန် လိုအပ်သည်။ အပ်ကို အသုံးပြု၍ ကျောက်ကပ်မှ တစ်ရှူးစ သေးသေး ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် လေ့လာ စစ်ဆေးပါသည်။

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆီးတွင် ပရိုတိန်းပါခြင်းသည် သီးခြားရောဂါတစ်ခု မဟုတ်ပါ။ ထို့ကြောင့် ကုသမှုသည် ဖြစ်စေသော အကြောင်းရင်းခံကို ရှာဖွေပြီး ထိန်းချုပ်ခြင်း ဖြစ်သည်။ ကျောက်ကပ်ကြောင့် ဖြစ်ပါက သင့်တော်သော ဆေးကုသမှု လိုအပ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါကို မကုသပါက ကျောက်ကပ် ပျက်စီးခြင်း ဖြစ်စေသည်။ သို့သော်လည်း မပြင်း ထန်သော သို့မဟုတ် ယာယီ ဆီးတွင်း ပရိုတိန်းပါခြင်းအတွက် ကုသမှု မလိုအပ်ပါ။

တစ်ခါတစ်ရံ ဆေးပေးသည်။ အထူးသဖြင့် ဆီးချို နှင့် သွေးတိုးရှိသူများတွင် ဖြစ်သည်။ ဆေး အမျိုးအစား နှစ်မျိုး ရှိသည်။

  • ACE inhibitors (angiotensin-converting enzyme inhibitors);
  • ARBs (angiotensin receptor blockers)

အထူးသဖြင့် ဆီးချို၊ သွေးတိုး စသော နာတာရှည် ရောဂါ ရှိသူများတွင် ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ရန် သင့်တော်သော ကုသမှုလိုအပ်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ဆီးတွင် ပရိုတိန်းပါခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ဆီးတွင် ပရိုတိန်းပါခြင်း ကို ထိန်းချုပ်နိုင် ပါသည်။

  • ဆီးတွင် ပရိုတိန်းပါခြင်းကို ဖြစ်စေသော ရေဆွဲယူသည့် အခြေအနေ ရှိပါက နေ့စဉ် အစာတွင်ပါသော ဆားနှင့် ရေ ပမာဏကို လျော့ချပါ။
  • သွေးတိုးရှိပါက အစာတွင် ဆားပါဝင်ခြင်းကို လျော့ချ ပါ။ လေ့ကျင့်ခန်း များများလုပ်ပြီး သင့်တော်သော အစာ ထိန်းချုပ်မှု ( အဆီ နည်းနည်းစားခြင်း) ပြုလုပ် ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement