backup og meta

Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Polycystic Kidney	 (ကျောက်ကပ်ရေအိတ်တည်ခြင်း)

    Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ဆိုတာဘာလဲ။

    Polycystic Kidney ဟာ ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်အိတ်ဟာ အရည်တွေနဲ့ ပြည့်နေတဲ့ ပုံမှန်မဟုတ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ ကျောက်ကပ်တွေရဲ့ ပုံမှန် တည်ဆောက်ပုံကို အစားထိုးပြီး ကျောက်ကပ်တွေ ကြီးလာကာ နာတာရှည်ကျောက်ကပ်ရောဂါကိုဖြစ်စေပြီး အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ် လုပ်ငန်းဆောင်တာကို လျော့ကျစေပါတယ်။

    Polycystic kidney disease ရဲ့ အဓိက အမျိုးအစား နှစ်မျိုးကတော့ autosomal dominant Polycystic kidney disease နဲ့ autosomal recessive Polycystic kidney disease တို့ပဲ ဖြစ်ပါတယ်။

  • Polycystic kidney disease cysts တွေဟာ အသက်ကြီးလာချိန်မှာ ကျောက်ကပ်မှာ ဖြစ်နိုင်တဲ့ အန္တရာယ်မရှိတဲ့ အရည်အိတ်တွေပဲ ဖြစ်ပါတယ်။
  • Polycystic kidney disease cysts တွေဟာ အရေအတွက်များပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့သွေးပေါင်တက်ခြင်း၊ အသည်းမှာ အရည်အိတ်ဖြစ်ခြင်း၊ ဦးနှောက်နဲ့ နှလုံးအတွင်းက သွေးကြောတွေ ပြဿနာဖြစ်ခြင်းတွေပဲ ဖြစ်ပါတယ်။
  • Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Polycystic kidney ရောဂါဖြစ်နှုန်းဟာ လူအယောက် ၁၀၀၀မှာ ၄၀၀ လောက်ဖြစ်ပါတယ်။ Polycystic kidney disease ဟာ တစ်ကမ္ဘာလုံးမှာဖြစ်ပြီး လူမျိုးတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးပါ တူညီစွာဖြစ်ကြပြီး အမျိုးသားတွေမှာတော့ ပိုပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ကိုယ်ဝန်သုံးယောက်နဲ့ အထက်ဆောင်ထားပြီး Polycystic kidney disease ရှိသူ အမျိုးသမီးတွေဟာ ပိုပြီးကျောက်ကပ်ပျက်စီးနိုင်ပါတယ်။

    ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    လူအတော်များများဟာ လက္ခဏာမရှိပဲ Polycystic kidney disease နဲ့ နှစ်ပေါင်းများစွာ နေထိုင်ကြပါတယ်။ ရောဂါလက္ခဏာ ရှိမရှိဟာ အရည်အိတ်ရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ အရည်အိတ် လက်မဝက် (သို့) ဒီထက်ကြီးလာမယ်ဆိုရင် လက္ခဏာ ပေါ်လာနိုင်ပါတယ်။ Polycystic kidney disease နဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့

    • ဝမ်းဗိုက်နာကျင်ခြင်း
    • ဆီးအတွင်း သွေးပါခြင်း
    • မကြာခဏ ဆီးသွားခြင်း
    • ဘေးဘက်တွေနာကျင်ခြင်း
    • ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း
    • ကျောက်ကပ်ကျောက်တည်ခြင်း
    • ခါးနာခြင်း
    • အညိုအမဲ အလွယ်တကူ စွဲခြင်း
    • ပင်ပန်းခြင်း
    • အဆစ်နာကျင်ခြင်း
    • ခြေသည်းလက်သည်း ပုံမှန်မဟုတ်ခြင်း

    Autosomal recessive Polycystic kidney disease ရှိတဲ့ ကလေးငယ်တွေမှာ အောက်ပါ လက္ခဏာတွေ ရှိတတ်ပါတယ်။

    • သွေးပေါင်တက်ခြင်း
    • ဆီးမကြာခဏသွားခြင်း

    ကလေးတွေမှာ ဖြစ်တဲ့ လက္ခဏာတွေဟာ အခြားရောဂါလက္ခဏာတွေနဲ့ ဆင်တူတတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဘာတွေက Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း) ဖြစ်ပွားစေသလဲ။

    Polycystic kidney disease ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ပြီး မျိုးရိုးလိုက်နိုင်ပါတယ်။ ရှားရှားပါးပါး genetic mutation ကြောင့် Polycystic kidney disease ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ Polycystic kidney disease အမျိုးအစား နှစ်မျိုးရှိပါတယ်။

    • Autosomal dominant polycystic kidney disease (ADPKD) – ADPKD ရဲ့ လက္ခဏာတွေဟာ အသက် ၃၀နဲ့ ၄၀ ကြားမှာ ပြတတ်ပါတယ်။ ဟိုအရင်တုံးကတော့ ဒီအမျိုးအစားကို လူကြီးတွေမှာ ဖြစ်တဲ့ polycystic kidney disease လို့ခေါ်ပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

    ဒီရောဂါကိုဖြစ်ဖို့ မိဘတစ်ဦးဦးကသာ ဒီရောဂါဖြစ်နေဖို့ လိုအပ်ပါတယ်။ မိဘတစ်ဦးမှာ ADPKD ဖြစ်နေရင် ကလေးတစ်ယောက်စီမှာလည်း ဒီရောဂါဖြစ်ဖို့ ၅၀% ရှိပါတယ်။ ဒီအမျိုးအစားဟာ polycystic kidney disease တွေရဲ့ ၉၀%လောက်ဖြစ်ပါတယ်။

    Autosomal recessive polycystic kidney disease (ARPKD) – ဒီရောဂါကတော့ ADPKD ထက်အဖြစ်နည်းပါတယ်။ လက္ခဏာတွေက မွေးပြီးမကြာခင် ပျောက်သွားတတ်ပါတယ်။ တခါတရံမှာ လက္ခဏာတွေဟာ ကလေးအသက်ကြီးလာချိန် (သို့) လူပျိုဖေါ်အပျိုဖေါ် ဝင်ချိန်အထိ ဖြစ်မလာတတ်ပါဘူး။

    ဘယ်အရာတွေက Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Polycystic kidney disease ဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တာကြောင့် သူ့ကို ကာကွယ်လို့မရပါဘူး။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    Polycystic kidney disease ကိုအတည်ပြုဖို့အတွက် အချို့စစ်ဆေးမှုတွေဟာ အရည်ဖုတွေရဲ့ အရွယ်အစားနဲ့ အရေအတွက်ကို ဖေါ်ပြပေးပြီး ကျန်းမာတဲ့ ကျောက်ကပ်တစ်ရှူးတွေပမာဏကိုပါ တွက်ဆပေးပါတယ်။

    Ultrasound exam – Ultrasound ရိုက်နေစဉ်မှာ transducer လို့ခေါ်တဲ့ ကိရိယာလေးကို ကိုယ်ခန္ဓါပေါ်မှာ အသုံးပြုမှာဖြစ်ပါတယ်။ သူဟာ မကြားနိုင်တဲ့ အသံလှိုင်းတွေကို ထုတ်လုပ်ပြီး transducer ပေါ်ကို sonar လိုမျိုးပြန်ကျလာပါတယ်။ ကွန်ပျူတာက ကျောက်ကပ်ပုံရိပ်တွေပေါ်က အသံလှိုင်းတွေကို ဘာသာပြန်ပေးပါတယ်။

    CT scan – ရွေ့လျားနိုင်တဲ့ စားပွဲတစ်ခုပေါ်မှာ လဲလျောင်းနေရမှာဖြစ်ပြီး ဒိုးနပ်ပုံစက်ထဲကို ဝင်ရမှာဖြစ်ကာ ထိုစက်က ကိုယ်ခန္ဓါပေါ်ကို X-rays တွေ ထိုးလိုက်ပါတယ်။ ဆရာဝန်က ကျောက်ကပ်တွေရဲ့ ထောင့်ဖြတ်ပုံ ပုံရိပ်တွေကို မြင်နိုင်မှာဖြစ်ပါတယ်။

    MRI – ကြီးမားတဲ့ cylinder ထဲမှာ လဲလျောင်းနေရမှာဖြစ်ပြီး magnetic fields နဲ့ ရေဒီယိုလှိုင်းတွေဟာ ကျောက်ကပ်တွေရဲ့ ထောင့်ဖြတ်ပုံ ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။

    Polycystic Kidney(ကျောက်ကပ်ရေအိတ်တည်ခြင်း)ကို ဘယ်လိုကုသလဲ။

    Polycystic kidney disease ကိုကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက္ခဏာတွေကို သက်သာစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးဖို့ပဲဖြစ်ပါတ်။ သွေးပေါင်ထိန်းခြင်းဟာ ကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အချို့ကုသမှုတွေကတော့

    • အကိုက်အခဲပျောက်ဆေးများ (ibuprofen မှလွဲပြီး) Ibuprofen ဟာ ကျောက်ကပ်ရောဂါကို ပိုဆိုးစေတာကြောင့် သူ့ကို အသုံးမပြုသင့်ပါဘူး။
    • သွေးပေါင်ကျစေသော ဆေးများ
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသဖို့ ပိုးသတ်ဆေးများ
    • ဆိုဒီယမ်းနည်းသော အစားအသောက်များ
    • ကိုယ်ခန္ဓါမှ အရည်ပိုတွေကို ထုတ်ပစ်ဖို့ ကူညီပေးမယ့် ဆီးဆေးများ
    • အရည်အိတ်တွေကို ဖေါက်ပြီး သက်တောင့်သက်သာဖြစ်စေမယ့် ခွဲစိတ်ကုသခြင်း

    ဆိုးရွားပြီး ကျောက်ကပ်ပျက်စီးစေတဲ့ Polycystic kidney disease တွေမှာတော့ ကျောက်ကပ်ဆေးခြင်းနဲ့ ကျောက်ကပ်အစားထိုးခြင်းတွေ လိုအပ်နိုင်ပါတယ်။ ကျောက်ကပ်တစ်ခု (သို့) နှစ်ခုလုံးကို ဖယ်ထုတ်ရနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အစားအသောက်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်က မှန်ကန်တဲ့ အစားအသောက်တွေ ရွေးချယ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ Polycystic kidney disease အပါအဝင် ကျောက်ကပ်ရောဂါရှိသူတွေဟာ သူတို့အစားသောက်ထဲကို ဘာတွေထည့်စားရမလဲဆိုတာနဲ့ ဘယ်အစားအစာက ဆိုးကျိုးဖြစ်စေလဲဆိုတာကို ကျွမ်းကျင်သူနဲ့ စကားပြောသင့်ပါတယ်။

    Polycystic kidney disease ဟာ သွေးပေါင်ထိန်းချုပ်ဖို့အတွက် အစားအသောက်ပြောင်းလဲခြင်းတွေလိုအပ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါဟာ အစားအသောက်ပြောင်းလဲမှုတွေ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement