Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း)


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ကဘာလဲ။

ကျောက်အောက်ပိုင်းမှာတည်ရှိနေတဲ့ အင်္ဂါအစုံဖြစ်ပါတယ်။ ကျောက်ကပ်တစ်လုံးက ကျောရိုးရဲ့တစ်ဘက်တစ်ချက်စီမှာ ရှိပါတယ်။ သွေးတွေကိုစစ်ပေးပြီး ကိုယ်အတွင်းအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်တွေဟာ အဆိပ်တွေကို ဆီးအိတ်ဆီပို့ပေးပါတယ်။ ခန္ဓါကိုယ်က ဆီးသွားစဉ်မှာ အဆိပ်တွေကိုဖယ်ထုတ်လိုက်ပါတယ်။

ကျောက်ကပ်တွေက ခန္ဓါကိုယ်အတွင်းအညစ်အကြေးတွေကို လုံလုံလောက်လောက်မစစ်ပေးနိုင်တော့တဲ့အခါကျာက်ကပ်ပျက်စီးခြင်း ဖြစ်ပါတယ်။

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်ပျက်စီးခြင်းက အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဆီးပမာဏနည်းခြင်း
  • ကျောက်ကပ်က အညစ်အကြေးတွေကို မဖယ်ထုတ်ပေးနိုင်တော့တာေကြောင့် အရည်တွေစုမိပြီး ခြေထောက်၊ ခြေချင်းဝတ်ရောင်ခြင်းဖောခြင်း၊ခြေဖဝါးရောင်ခြင်း
  • အသက်ရှူတိမ်ခြင်း
  • အလွန်အမင်းအိပ်ချင်ငိုက်မျည်းခြင်း မောပန်းခြင်း
  • နာတာရှည်မူးဝေခြင်း
  • မရေမရာဖြစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်းကျပ်ခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်ပျက်စီးခြင်းဖြစ်နိုင်ချေများတာတွေကတော့ အောက်ပါအချက်တွေထဲကတစ်ခုသို့ တစ်ခုထက်ပိုပြီးခံစားနေရသူတွေမှာ အများဆုံးဖြစ်နိုင်ချေရှိပါတယ်။

ကျောက်ကပ်ဆီသို့သွေးအရောက်နည်းခြင်း – ရုတ်တရက်ကျောက်ကပ်ဆီကို သွေးအရောက်နည်းခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်သွေးအရောက်နည်းခြင်းကို ဖြစ်စေနိုင်တဲ့ရောဂါတွေကတော့

  • နှလုံးတိုက်ခိုက်ခံရဖူးခြင်း
  • နှလုံးရောဂါ
  • အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း
  • ရေဓါတ်ခန်းခြောက်ခြင်း
  • ဆိုးရွားသောမီးလောင်ဒဏ်ရာ
  • ဓါတ်မတည့်မှုဖြစ်စဉ်များ
  • သွေးဆိပ်သင့်ခြင်းကဲ့သို့သော ပြင်းထန်တဲ့ကူးစက်ပိုးဝင်ခြင်း

သွေးပေါင်ညှိပေးတဲ့ဆေးတွေနဲ့အရောင်ကျဆေးတွေကလည်း သွေးအရောက်နည်းစေနိုင်ပါတယ်။

ဆီးစွန့်ခြင်းဆိုင်ရာပြဿနာများ- ခန္ဓါကိုယ်က ဆီးမစွန့်နိုင်တော့တဲ့အခါမှာ အဆိပ်အတောက်တွေစုပုံလာပြီး ကျောက်ကပ်ကိုဝန်ဖြစ်စေနိုင်ပါတယ်။ ကင်ဆာရောဂါအချို့က ဆီးလမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။ ဆီးကျိတ်( ယောင်္ကျားများတွင်အများဆုံးတွေ့ရလေ့ရှိသောအမျိုးအစား)၊ အူမကြီး၊ သားအိမ်ခေါင်းနဲ့ ဆီးအိတ်ကင်ဆာတို့ပါဝင်ပါတယ်။ အခြားအခြေအနေတွေကနေလည်း ဆီးစွန့်ခြင်းကိုအဟန့်အတားဖြစ်စေနိုင်ပြီး ကျေက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ကျောက်ကပ်ကျောက်တည်ခြင်း
  • ဆီးကျိတ်ကြီးခြင်း
  • ဆီးလမ်းကြောင်းအတွင်း သွေးခဲခြင်း
  • ဆီးအိတ်ကို ထောက်ပံ့ပေးတဲ့အာရုံကြောများ ပျက်စီးခြင်း

အခြားအကြောင်းရင်များ- အချို့သောရောဂါနဲ့အခြေအနေတွေကြောင့်လည်း ကျေက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ကျောက်ကပ်အတွင်းဒါမှမဟုတ်အနီးတစ်ဝိုက်တွင် သွေးခဲခြင်း
  • ကူးစက်ပိုးဝင်ခြင်း
  • သတ္တုအဆိပ်သင့်ခြင်း
  • ဆေးအရက်
  • သွေးကြောရောင်ခြင်း
  • ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း လူးပတ်စ်ရောဂါ
  • ကျောက်ကပ်မှာရှိတဲ့ သွေးကြောငယ်လေးတွေရောင်ရမ်းခြင်း
  • များသောအားဖြင့် အူတွေကိုကူးစက်ဝင်ရောက်လေ့ရှိတဲ့ ဘတ်တီးရီးယားများကူးစက်ဝင်ရောက်ခြင်းကြောင့် သွေးနီဥများပေါက်ကွဲခြင်းရောဂါစု
  • ရိုးတွင်းချဉ်ဆီအတွင်း သွေးဆဲလ်များမှဖြစ်တဲ့ကင်ဆာ
  • အရေပြားကိုသက်ရောက်တဲ့ ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း
  • သွေးကြောငယ်များအတွင်း သွေးခဲခြင်းကိုဖြစ်စေတဲ့ ရောဂါ
  • ကင်ဆာကုဆေးများနဲ့ ခုခံအားစနစ်ဖောက်ပြန်ခြင်းကြောင့်ဖြစ်သောရောဂါတွေမှာ အသုံးပြုတဲ့ဓါတုကုထုံးဆေးများ
  • ခန္ဓါကိုယ်အစိတ်အပိုင်းမှန်းဆပုံဖော်စစ်ဆေးခြင်းများ ပြုလုပ်ရာတွင်အသုံးပြုသောဆိုးဆေးများ
  • အချို့သောပဋိဇီဝဆေးများ

ဖြစ်နိုင်ခြေများ

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • နှလုံးရောဂါ
  • ကျောက်ကပ်ပျက်စီးဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စစ်ဆေးစမ်းသပ်မှုနည်းလမ်းတွေ အများကြီးရှိပါတယ်။

  • ဆီးစစ်ခြင်း –

ဆီးနမူနာကိုယူပြီး ဆီးအတွင်းပုံမှန်မဟုတ်ဘဲပရိုတိန်း၊သကြားပါဝင်နေခြင်း ကဲ့သို့သောပုံမှန်မဟုတ်ခြင်းများကို စမ်းသပ်နိုင်ပါတယ်။ သင့်ဆရာဝန်က သွေးနီဥ၊သွေးဖြူဥပမာဏ၊ ဘတ်တီးရီးယားများနဲ့ ပါဝင်သမျှဆဲလ်များအားလုံးအရေအတွက်

ကိုတိုင်တာနိုင်တဲ့ ဆီးအနည်ထိုင်ခြင်းစမ်းသပ်နည်းကိုလည်း အသုံးပြုပါလိမ့်မယ်။

  • ဆီးပမာဏတိုင်းတာခြင်း-

ဆီးသွားတဲ့ပမာဏကိုတိုင်းတာခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို အလွယ်ကူဆုံးရောဂါအတည်ပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးနည်းနည်းသွားခြင်းက အမျိုးမျိုးသောနေမကောင်းခြင်းများ၊ ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်တဲ့ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့ ကျောက်ကပ်ေရောဂါကို ညွှန်ပြနေပါတယ်။

  • သွေးနမူနာများ-

ကျောက်ကပ်ကနေစွန့်ထုတ်စစ်ထုတ်ပေးလိုက်တဲ့ blood urea nitrogen (BUN) and creatinine (Cr)ကဲ့သို့သောပစ္စည်းများကို တိုင်းတာနိုင်ပါတယ်။ သွေးတွင်းပမာဏများနေခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ညွှန်ပြနေပါတယ်။

  • ပုံဖော်မှန်းဆခြင်း-

အယ်လ်ထရာဆောင်း၊ အမ်အာအိုင်၊ စီတီစကန်စတဲ့နည်းတွေနဲ့ ဆီးလမ်းကြောင်းတစ်လျှေက်နဲ့အတူ ကျောက်ကပ်ကိုပါပုံဖော်မှန်းဆနိုင်ပါတယ်။ ကျောက်ကပ်များအတွင်း ပိတ်ဆို့မှု၊ ပုံမမှန်မှုများရှိမရှိ ဆရာဝန်ကအဖြေရှာနိုင်ပါလိမ့်မယ်။

  • ကျောက်ကပ်တစ်ရှူးနမူနာ-

တစ်ရှူးနမူနာတွေကို ပုံမှန်မဟုတ်ဘဲအနည်ထိုင်ခြင်း၊ ဒဏ်ရာဖြစ်ခြင်းဒါမှမဟုတ် ကူးစက်ပိုးတွေကို စမ်းသပ်ဖို့အတွက် သုံးနိုင်ပါတယ်။ ကျောက်ကပ်တစ်ရှူးစထုတ်ခြင်းနည်းနဲ့ တစ်ရှူးနမူနာကိုထုတ်ယူပါတယ်။ တစ်ရှူးစထုတ်ယူခြင်းနည်းက များသောအားဖြင့်နိုးနေတဲ့အချိန်မှာ လုပ်ဆောင်လေ့ရှိတဲ့ရိုးရှင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ မသက်မသာဖြစ်ခြင်းတွေကိုရှောင်နိုင်ဖို့ ထုံဆေးအသုံးပြုနိုင်ပါတယ်။ တစ်ရှူးထုတ်ယူတဲ့အပ်ကို အရေပြားမှဖောက်ပြီး ကျောက်ကပ်အတွင်းထိထိုးထည့်လိုက်ပြိး အသားစကိုယူပါတယ်။ အိက်စ်ရေး၊ အယ်လ်ထရာဆောင်းစက်တွေနဲ့ ကျောက်ကပ်တည်နေရာကိုသိနိုင်ပြီး ဆရာဝန်ကိုအပ်ထိုးရာမှာ အကူအညီပေးပါတယ်။

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်ပျက်စီးခြင်းအတွက် ကုသမှုမြောက်များစွာရှိပေမဲ့ ကျောက်ကပ်ပျက်စီးရခြင်းအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုအမျိုးအစားကွဲပါတယ်။ သင့်ဆရာဝန်က သင့်အတွက်အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

  • သွေးသန့်စင်ခြင်း-

စက်ကိုအသုံးပြုပြီး သွေးကိုစစ်ထုတ်သန့်စင်ပေးခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်အတိုင်းလုပ်ဆောင်ပေးပါတယ်။ သွေးသန့်စင်ခြင်းအမျိုးအစားပေါ်မူတည်ပြီး ကြီးမားတဲ့စက်နဲ့ချိတ်ဆက်ထားတာမျိုး ဒါမှမဟုတ် အိတ်နဲ့ဆကာ်ထားနိုင်ပါတယ်။ သွေးသန့်စင်ခြင်းပြုနေစဉ်အတွင်း ပိုတက်ဆီယမ်၊ ဆားနည်းတဲ့အစားအစာတွေကိုသာ ညွှန်းလေ့ရှိပါတယ်။ သွေးသန့်စင်ခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ပျောက်ကင်းအောင်မကုသနိုင်ပေမဲ့ ပုံမှန်ကုသမှုခံယူနေခြင်းမယ်ဆိုရင် သင့်သက်တမ်းကိုရှည်စေနိုင်ပါတယ်။

  • ကျောက်ကပ်အစားထိုးခြင်း-

နောက်ထပ်ကုသမှုနည်းလမ်းကတော့ ကျောက်ကပ်အစားထိုးခြင်းဖြစ်ပါတယ်။ သင့်ခန္ဓါကိုယ်နဲ့ကိုက်ညီတဲ့ ကျောက်ကပ်ကိုလက်ခံရရှိုနိင်ဖို့ အကြာကြီး စောင့်ရလေ့ရှိပါတယ်။ အစားထိုးကုသခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ကျောက်ကပ်အသစ်ကအလုပ်ကောင်းကောင်းလုပ်နိုင်တာကြောင့် သွေးသန့်စင်ခြင်းထပ်လုပ်စရာမလိုတော့ပါဘူး။ မကောင်းတာကတော့ ခုခံအားဖိနှိပ်ပေးတဲ့ဆေးတွေကို ခွဲစိတ်ကုသမှုနောက်ပိုင်း အသုံးပြုရမှာဖြစ်ပါတယ်။ ဒီဆေးတွေမှာ သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေရှိနေပြီး အချို့ကပြင်းထန်ပါတယ်။ အစားထိုးခွဲစိတ်ခြင်း မအောင်မြင်တာမျိုးလည်း ဖြစ်သွားနိုင်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဆေးဆိုင်တွေမှာအလွယ်တကူဝယ်နိုင်တဲ့ဆေးတွေရဲ့ ဆေးညွှန်းအတိုင်းလိုက်နာပါ။ (အက်စပရင်ကဲ့သို့သောအသုံးများတဲ့ဆေး)ပမာဏအများကြီးသုံးစွဲခြင်းက အချိန်တိုအတွင်း အဆိပ်အတောက်တွေများလာနိုင်ပြိး ကျောက်ကပ်ကိုဝန်ပိစေနိုင်ပါတယ်။

အိမ်တွင်းအသုံးပြုသန့်စင်ဆေး၊ ဆေးရွက်ကြီး၊ ပိုးသတ်ဆေးနဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ပစ္စည်းများ စတဲ့ဓါတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကိုရှောင်ခြင်း

ဆရာဝန်အကြံပေးသည့်အတိုင်း၊ ဆေးညွှန်းမှာပါသည့်အတိုင်း လိုက်နာခြင်း

ကျန်းမာတဲ့လူနေမှုပုံစံကို ထိန်းသမ်းထားခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement
advertisement
advertisement
advertisement