backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း)


Dr. K Zin Thwe မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကဘာလဲ။

ကျောက်ကပ်ပြည်တည်ခြင်းသည် ကျောက်ကပ်တွင် ပြည်များစုဝေးလာပြီး ရောဂါပိုးများဝင်ရောက်လာသော နေရာတဝိုက်တွင် ပြည်များစုဝေးလာခြင်း ဖြစ်သည်။ ကျောက်ကပ်ပြည်တည်ခြင်းသည် အဖြစ်များသော ရောဂါတော့မဟုတ်ပါ။

ထိခိုက်ဒဏ်ရာရခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့မှ ရောဂါပိုးဝင်ရာမှတဆင့် ဖြစ်လာခြင်းဖြစ်သည်။ ကျောက်ကပ်တွင် ပြည်တည်နာ အသေး နှင့် အကြီးဟူ ၂ မျိုးရှိပါသည်။

  • ပြည်တည်နာ အသေးသည် ကျောက်ကပ်အသားထဲတွင်ဖြစ်ပြီး ယင်းသည် ရှားပါးသော်လည်း ဖြစ်လာပါက ကျောက်ကပ်၏လုပ်ဆောင်မှုများကို ပျက်စီးသွားစေသည်။
  • ပြည်တည်နာ အကြီးသည် ကျောက်ကပ်အသားပတ်လည်တွင်ဖြစ်ခြင်းဖြစ်သည်။
  • ကျောက်ကပ်ရောင်ခြင်းကြောင့် သွေးကြောများကျဉ်းခြင်း ဖြစ်ကာ နောက်ဆက်တွဲအနေနှင့် ကျောက်ကပ်ပြည်တည်ခြင်းများဖြစ်လာရသည်။
  • Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    ကျောက်ကပ်ပြည်တည်ခြင်းသည်လူ ၁၀၀၀၀ တွင် ၁ယောက်မှ ၁၀ယောက်အထိဖြစ်နိုင်ပါသည်။

    အမျိုးသားနှင့် အမျိုးသမီးများဖြစ်နိုင်ချေတူညီပါသည်။ ကျောက်ကပ်ပြည်တည်သူများ၏ ၃ပုံ ၁ပုံသည် ဆီးချိုရောဂါရှိသူများ ဖြစ်ပါသည်။

    ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    လက္ခဏာများ

    Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    တွေ့ရများသော ရောဂါလက္ခဏာများမှာ

    မတိကျသော ရောဂါလက္ခဏာများ

    • ကိုယ်အလေးချိန်ကျဆင်းခြင်း
    • နေသာထိုင်သာ မရှိခြင်း

    တိကျသော ရောဂါလက္ခဏာများ

    • ချမ်းတုန်ဖျားခြင်း
    • ထိန်းမရအောင် ခြေတုန်လက်တုန်ဖြစ်ခြင်း
    • ချွေးထွက်လွန်ခြင်း
    • ဗိုက်နာခြင်း
    • ဆီးသွားလျှင် နာကျင်ခြင်း
    • ဆီးတွင် သွေးပါခြင်း
    • သွေးပေါင်ကျခြင်း
    • ဖြူဖျော့သွားခြင်း
    • နှလုံးခုန်မြန်ခြင်း

    (အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    အကြောင်းရင်းများ

    Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    ကျောက်ကပ်ပြည်တည်ခြင်းကိုဖြစ်စေသော အကြောင်းများစွာရှိသည့်အနက်

    အောက်ပါတို့သည် အများဆုံး ဖြစ်စေသော အကြောင်းများဖြစ်သည်။

    • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
    • သွေးထဲသို့ပိုးဝင်ခြင်း
    • Mycoplasma ရောဂါပိုးဝင်ခြင်း
    • ဆီးလမ်းကြောင်းကျောက်တည်ခြင်း
    • ကျောက်ကပ်ရောင်ခြင်း
    • အကြောထဲသို့ မူးယစ်ဆေးထိုးသွင်းခြင်း
    • ဆီးအိမ်ရှိ အာရုံကြောများအားနည်းခြင်း

    ဖြစ်နိုင်ခြေများ

    Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ကျောက်ကပ်ပြည်တည်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • ဆီးချိုရောဂါ
  • ကိုယ်ဝန်ရှိခြင်း
  • အသက် ၆၅ နှစ်အထက်လူကြီးများ
  • သွေးနီဥများသည် တံစဉ်ပုံစံဖြစ်နေသော မွေးရာပါရောဂါ
  • ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့်ဖြစ်သောရောဂါ
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်တွင် ကျောက်ကပ်ပြည်တည်ခြင်းဖြစ်နေပြီဟု သံသယရှိပါကပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။

    ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။ ပုံမှန်အားဖြင့် ကျောက်ကပ်ပြည်တည်ခြင်းအတွက် စစ်ဆေးမှုများမှာ

    • ဆီးစစ်ခြင်း
    • သွေးစစ်ခြင်း
    • ဓါတ်မှန်ရိုက်ခြင်း
    • အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း
    • ကွန်ပျူတာနှင့် သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါသည်။

    Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကျောက်ကပ်ပြည်တည်နာ၏ အခြေအနေနှင့် အရွယ်အစားအပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။

    • ပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • သွေးတိုးရောဂါ ကိုကုသခြင်း
    • ဆီးချိုရောဂါ ကိုကုသခြင်း
    • အရေပြားပေါ်မှတဆင့် ပြည်ကို စုပ်ထုတ်ခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ကုသနိုင်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ကျောက်ကပ်ပြည်တည်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    • ရေနွေးအိတ်ကပ်ခြင်း
    • အနာပျောက်ဆေးများမှီဝဲခြင်း
    • ရေဓါတ်ပြည့်ဝအောင်စားသောက်ခြင်း

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement