backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ)


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကဘာလဲ။

နာတာရှည်ကျောက်ကပ်ရောဂါ မှနေပြီး ကျောက်ကပ်၏ပုံမှန်လုပ်ငန်းများ တဖြည်းဖြည်းချို့ယွင်း ဆိုးရွားလာခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ ဟုခေါ်သည်။ သင်၏ကျောက်ကပ်က ခန္တာကိုယ်၏လိုအပ်ချက် နှင့်အလိုက် လုပ်ငန်းမလုပ်ဆောင်နိုင်တော့ပါဘူး။

ကျောက်ကပ်က အညစ်အကြေးတွေနှင့် ခန္တာကိုယ်အတွက် ပိုနေသော အရည်များကို စစ်ထုတ်ပေးပြီး ဆီးအနေနှင့်စွန့်ထုတ်ပေးပါတယ်။

ကျောက်ကပ်ကစစ်ထုတ်မှုမလုပ်နိုင်တော့ဘူးဆိုရင်

အရည်တွေ၊အညစ်အကြေးတွေဟာ ခန္တာကိုယ်ထဲ

မှာ အန္တရာယ်ရှိတဲ့ ပမာဏ တစ်ခုထိစုပုံလာပါတယ်။

နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါမှာဆိုရင် အသက်ရှင်ဖို့အတွက်ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်လဲလည်ခြင်းတို့ပြုလုပ်ဖို့လိုပါတယ်။

ကျောက်ကပ်ဆေးခြင်းနှင့် လဲလည်ခြင်းမပြုလုပ်ဘူးဆိုရင်လည်းသင့်ရဲ့ကျန်ရှိနေတဲ့ ဘဝမှာရောဂါလက္ခဏာတွေသက်သာဖို့သင့်တော်သော ဆေးကုသမှုခံယူသင့်ပါတယ်။

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်း

အခြေအနေမှာရောဂါ ကက္ခဏာတွေမပြတတ်ပါဘူး

နာတာရှည်ကျောက်ကပ်ရောဂါကနေပြီးတော့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ ပြောင်းသွားတဲ့

အခါ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရမှာပါ။

ပျို့ခြင်း

အန်ခြင်း

အစားအသောက်ပျက်ခြင်း

မောပန်းနွမ်းနယ်ခြင်း

အိပ်စက်ခြင်းနှင့် ပတ်သတ်သည့်ရောဂါများရှိခြင်း

ဆီးသွားသည့်ပမာဏပြောင်းလဲသွားခြင်း

ညဏ်ရည်လျော့နည်းလာခြင်း

ကြွက်တက်ခြင်း

ခြေထောက်နှင့် ခြေချင်းဝတ်များရောင်ခြင်း

နှလုံးပတ်လည်တွင်အရည်စုသောကြောင့် ရင်ဖတ်အောင့်ခြင်း

အဆုတ်ဘေးတွင် အရည်စုသောကြောင့် အသက်ရှုကျပ်ခြင်း

သွေးတိုးခြင်း( ထိန်းထားရန်ခက်ခဲသည်။)

ရောဂါလက္ခဏာများ သည်တစ်ခါတစ်ရံ အပေါ်တွင်ဖော်ပြထားသည့်အတိုင်းအတိအကျ မဖြစ်နိုင်ပါ။ အခြားသောရောဂါများကလည်း ကျောက်ကပ်ကိုပျက်ဆီးစေသည်။

ကျောက်ကပ်သည် ပျက်ဆီးသွားသောလုပ်ငန်းများကို အစားထိုးလုပ်ဆောင်ပေးနေနိုင်သော အခြေအနေတွင် ရောဂါလက္ခဏာများ မပေါ်နိုင်ပါ။ နောက်ဆုံးအဆင့် ပြန်လည် အစားထိုးမလုပ်ဆောင်နိုင်တော့မှသာလျှင် ရောဂါ လက္ခဏာများပေါ်လာသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်ရောဂါ များဟာ ကျောက်ကပ်ရဲ့

စစ်ထုတ်မှုပြုလုပ်တဲ့ သေးငယ်တဲ့ ကျောက်ကပ်ဆဲလ် အဖွဲ့အစည်းတွေကို တိုက်ခိုက်ပါတယ်။ သွေးတွင်း အညစ်အကြေး စွန့်လုပ်မှုကို

ထိခိုက်လာပြီး နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်ဆီးခြင်း

အဆင့်ကို ရောက်ရှိသွားပါတယ်။ သွေးချိုနှင့်သွေးတိုးတို့

ကြောင့်ပိုဖြစ်စေပါတယ်။ ဆီးချိုရောဂါရှိခဲ့မယ်ဆိုရင် ခန္တာကိုယ် က သကြားဓါတ်ကို မဖြိုခွဲနိုင်တဲ့အတွက် သင့်၏သွေးထဲမှာသကြားဓါတ်ပမာဏများနေမှာပါ။

သကြားဓါတ်ပမာဏ များနေခြင်းကနေ သင့်ရဲ့ ကျောက်ကပ် ဆဲလ် တွေကို ပျက်ဆီးစေပါတယ်။

သွေးတိုးရှိခဲ့မယ်ဆိုရင် ကျောက်ကပ်ထဲကသွေးကြောငယ်လေးတွေထဲမှာ တွန်းအား များလာပြီး ပျက်ဆီးစေပါတယ်။ ထိုသို့ပျက်ဆီး

မှုတွေကနေပြီး ကျောက်ကပ် သွေးကြောတွေရဲ့ သွေးတွင်း

အညစ်အကြေးစစ်ထုတ် မှု ကို တားဆီးပါတယ်။

အခြား နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်ဆီးစေသော အကြောင်းများမှာ

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ၊ ဆီးကျိတ်ကြီးခြင်း ၊

သို့ ကျောက်ကပ် ကင်ဆာ

ဆီးလမ်းကြောင်း ပြောင်းပြန်ဆီးခြင်း ကျောက်ကပ်ဆီသို့ ဆီး ပြန်ဆီးခြင်း

မွေးရာပါ ချို့ယွင်းခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဆီးချို

သွေးတိုး

နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ မျိုးရိုးရှိခြင်း

ကျောက်ကပ်တွင် အရည်အိတ်များပါရှိခြင်း

မျိုးရိုးလိုက်သောကျောက်ကပ်ရောဂါတစ်မျိုး (အမြင်အာရုံ

အကြားအာရုံ ချို့ယွင်းခြင်း တို့နှင့်တွဲနေတက်သည် ) ALPORT ရောဂါ

ကျောက်ကပ်ရောင်ခြင်း

ကျောက်ကပ်ပြည်တည်ခြင်း

အခြားသော မိမီဆဲလ် မိမိသတ်သော ခုခံအားအလွန်ကောင်း သော ရောဂါများ ( Lupus )

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ဆရာဝန် အနေနှင့် စမ်းသပ် မှုတွေနှင့်ကျောက်ကပ်လုပ်ငန်း စစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။

ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုတွေဟာ

  • ဆီးစစ်ဆေးခြင်း : ဆီးထဲတွင် အသားဓါတ်နှင့် သွေး ကို စစ်ဆေးသည်၊ ထိုအရာများတွေ့လျှင် သင့်ကျောက်ကပ် က အညစ်အကြေးစွန့်ထုတ်ခြင်း ကို ကောင်းမွန်စွာ မလုပ်နိုင်တော့ပါဘူး ။
  • သွေးတွင်း creatinine ပမာဏ: သွေးတွင်း တွင် စုပုံနေသောပမာဏ ကို သိနိုင်သည် ။ ကျောက်ကပ်ကစွန့်ထုတ်ရမည့် ပစ္စည်းဖြစ်သည်။
  • သွေးတွင်း urea nitrogen ပမာဏ : သွေးတွင်း nitrogen ပမာဏကိုသိရှိနိုင်သည်။
  • ကျောက်ကပ်မှ ပျမ်းမျှစစ်ထုတ်မှုပမာဏ : ကျောက်ကပ် မှ အညစ်အကြေးစွန့်ထုတ်နိုင်မှုကို သိရှိနိုင်သည်။

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုများကတော့ ကျောက်ကပ်ဆေးခြင်းနှင့် လဲလှယ်ခြင်း တို့ဖြစ်ပါတယ်။ အစားအသောက် အနေအထိုင် ပြောင်းလဲခြင်းနှင့် တရားထိုင်ခြင်းတို့ က လည်းကူညီပေးနိုင်သည်။

ကျောက်ကပ်ဆေးခြင်း

ကျောက်ကပ်ဆေးခြင်း နှစ်မျိုးရှိသည်။

တစ်ခုမှာ သွေးတွင်းမှဆေးခြင်းဖြစ်သည်။ သွေးတွင်းမှ အညစ်အကြေးများကို ဖျော်ရည်တစ်ခုနှင့် စက်မှ စစ်ထုတ်သည်။ ထို့နောက် သန့်စင်သွားသောသွေးများကို ပြန်လည် ထည့်ပေးသည်။ တစ်ပတ်လျှင် သုံးကြိမ်လုပ်နိုင်ပြီး တစ်ခါလျှင် သုံးနာရီမှ လေးနာရီ ကြာနိုင်သည်။

ဝမ်းဗိုက် အတွင်း မှဆေးခြင်းဖြစ်သည်။ ဖျော်ရည်တစ်ခုကို ဗိုက်အတွင်း ထည့်ပြီး ပိုက်နှင့်ပြန်လည် စုပ်ယူပြီးဖယ်ရှားသည် ။ သေချာသင်ကြားမှုပြုလုပ်ထားပါက အိမ်တွင် ပြုလုပ်နိုင်သည်။ သင်အိပ်နေသော အချိန်တွင် တစ်ညတာ ပြုလုပ်သည် ။

ကျောက်ကပ်လဲလှယ်ခြင်း

သင်၏မကောင်းသောကျောက်ကပ်ကို ဖယ်ရှားပြီး လှုဒါန်းထားသော ကောင်းမွန်သော ကျောက်ကပ်နှင့် အစားထိုးသည်။ ကောင်းသော ကျောက်ကပ်တစ်ခြမ်းသာ လိုအပ်သောကြောင့် အသက်ရှင်နေသောသူများမှလှုဒါန်းနိုင်သည် ။ ကျောက်ကပ်တစ်ခြမ်းလှုဒါန်းပြီးပါကလည်း အခြားလူများလို ပုံမှန် ကျောက်ကပ်လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်။

ဆေးများ

သွေးတိုး ၊ဆီးချိုရှိသူများ အနေနှင့် နောက်ဆုံးအဆင့်ကျောက်ကပ် ပျက်ဆီးခြင်း မဖြစ်စေရန် ဆေးပုံမှန်သောက်ရန်လိုအပ်ပါတယ်။ ဆေးအနေနှင့် ACEI နှင့်ARB သောက်နိုင်ပါတယ်။ အချို့သော ကာကွယ်ဆေးများက နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါပျက်ဆီးခြင်း မှ ကာကွယ်ပေးသည်။

သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အရည်များ စုပုံလာခြင်းဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ ပြောင်းလဲလာနိုင်သည်။ ကိုယ်အလေးချိန်ပြောင်းလဲမှုကို စောင့်ကြည့် ရန်လိုသည်။

ကယ်လိုရီများများစားရန်လိုအပ်သော်လည်း အသားဓါတ်ကို လျော့စားရမည်။ ဆိုဒီယမ် ၊ ပိုတက်ဆီရန်၊ နှင့် စသည်များ ကိုလျော့ စားရန်လိုအပ်သည်။ ရေကို လိုအပ်သောပမာဏသာ သောက်ပေးရန် လိုအပ်သည်။

အောက်ဖော်ပြပါ ဆားဓါတ်ပါသော အစာများကို လျော့စားရန်လိုသည်။

ငှက်ပျောသီး

ခရမ်းချဉ်သီး

လိမ္မော်သီး

ချောကလက်

မြေပဲထောပတ်

ဟင်းနုနွယ်

ထောပတ်သီး

ဖြည့်စွက်ဗိုက်တာမင်များ (ကယ်ဆီရယ်၊ ဗိုက်တာမင် စီ ၊ ဒီ၊နှင့် သံဓါတ်များ) စားသုံးခြင်းဟာ ကျောက်ကပ် လုပ်ငန်းကို ကောင်းစေပြီး လိုအပ်သော အဟာရများစုပ်ယူခြင်းကိုလည်းကောင်းမွန်စေသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement