backup og meta

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

    ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။

    ဒီတစ်ခါတော့ ကျောက်ကပ် ကျန်းမာအောင် ဘာတွေ စားသင့်လဲ ဆိုတာ အကြံပြုပေးချင်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ နေ့စဉ် အစားအစာတွေပေါ့ –

    ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

    (၁) ပန်းသီး

    ပန်းသီး ဟာ ကိုလက်စထရော နဲ့ ဂလူးကို့စ် ပမာဏကို လျော့စေနိုင်တဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခွံပါ စားဖို့တော့ မမေ့ပါနဲ့။ ပန်းသီးရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်သလို ပန်းသီးစီမ်းမှာဆို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။

    (၂) ဘလူးဘယ်ရီ

    ဘလူးဘယ်ရီသီးတွေက ကယ်လိုရီနည်းပြီး ဗီတာမင် စီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ ဒီအသီးက ကင်ဆာရောဂါ၊ နှလုံးရောဂါ တို့ကို ကာကွယ်ပေးပြီး ဦးနှောက်ကို အကျိုးပြုတယ်လို့ ‌လေ့လာမှုတွေက ဆိုပါတယ်။

    (၃) Omega-3 Fatty Acids

    အကျိုးပြုအဆီဓာတ် လို့ ခေါ်တဲ့ Omega-3 Fatty Acids တွေကို ပင်လယ်ငါး တွေဆီကနေ ရရှိနိုင်တယ်။ အကျိုးပြုအဆီတွေက အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်တယ်၊ နှလုံးကြွက်သားတွေကို အားကောင်းစေတယ်၊ ခုခံအားစနစ်ကိုအားကောင်းစေတယ်၊ လိုအပ်တဲ့အာဟာရတွေ စုပ်ယူတဲ့နေရာမှာ အကူအညီပေးတယ်၊ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက်လည်း သူက အဓိကပါတယ်။

    Omega-3 Fatty Acids တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေတယ်၊ သွေးတွင်းကိုလက်စထရောကို ကျစေတယ်၊ သွေးတိုးကို ကျစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။

    (၄) ကိုက်လန်

    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ ကိုက်လန်ရဲ့ အကျိုးကျေးဇူးတွေက အတော်များပါတယ်။ သူ့မှာ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ကယ်လ်စီယမ်အပါအဝင် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ carotenoids နဲ့ flavonoids တို့ ကြွယ်ဝလို့ မျက်စိကျန်းမာရေးနဲ့ ကင်ဆာကာကွယ်နိုင်စွမ်း တို့မှာ အကျိုးကျေးဇူးများတဲ့ အရွက်ပါ။

    (၅) စတော်ဘယ်ရီ

    စတော်ဘယ်ရီ နီရဲရဲလေးတွေက အနံ့အရသာ ကောင်းသလို ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများတဲ့ အသီးတွေပါ။ သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်တွေလည်း ပါရှိပါတယ်။

    (၆) ဟင်းနုနွယ်

    သူ့မှာ ဗီတာမင် အေ ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ နဲ့ ဖောလိတ်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အပြင် ဘီတာကယ်ရိုတင်း ကြောင့်လည်း ကိုယ်ခံအား ကို ကောင်းစေနိုင်ပါတယ်။ အမြင်အာရုံ အတွက် ကောင်းတဲ့ အစိမ်းရောင် အသီးအရွက်တစ်မျိုး လည်း ဖြစ်တာမို့ မကြာမကြာ စားသုံးသင့်တဲ့ အစားအစာပါ။

    (၇) ကန်စွန်းဥ

    ကန်စွန်းဥ မှာ ဗီတာမင် အေနဲ့ ဗီတာမင် စီ ကြွယ်ဝတယ်၊ ဗီတာမင် B-6 နဲ့ ပိုတက်စီယမ် လည်း ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်မှု မနည်းပါဘူး။ ပိုတက်စီယမ် အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက  ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ်အပေါ် သက်ရောက်မှု လျော့နည်းအောင် ကူညီပေးပါတယ်။

    ဒီလို ဘေးကင်းပြီး အာဟာရကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်ပုံ အတွင်း ထည့်သွင်း စားသုံးမယ်ဆို ကျောက်ကပ် တင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှာ သေချာပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement