backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Obstructive jaundice (ပြွန်ပိတ်အသားဝါရောဂါ)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ပြွန်ပိတ်အသားဝါရောဂါ ဆိုတာဘာလဲ။

ပြွန်ပိတ်အသားဝါရောဂါဆိုတာက အသည်းကနေထွက်တဲ့ သည်းခြေရည်ပြွန်ပေါက် ပိတ်တာကနေဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပိုနေတဲ့သည်းခြေရည်တွေနဲ့ သည်းခြေပစ္စည်းတွေ သွေးထဲကိုကန်ထွက်လာပြီး သည်းခြေရည်စွန့်ထုတ်မှုကို အပြည့်အဝမလုပ်နိုင်တော့ပါဘူး။ သည်းခြေရည်မှာ သွေးနီဥတွေကိုဖျက်တာကနေလာတဲ့ ဘီလီရူဘင် ရောင်ခြယ်ပစ္စည်းပါဝင်ပါတယ်။ ဘီလီရူဘင်က အဝါရောင်ပါ။ ဒါကြောင့် အသားဝါရောဂါဖြစ်တဲ့အခါ အသားရေ၊ မျက်လုံးနဲ့ အမြှေးပါးတွေ အဝါရောင်ဖြစ်လာပါတယ်။

ပြွန်ပိတ်အသားဝါရောဂါ ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

ပြွန်ပိတ်အသားဝါရောဂါ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပြွန်ပိတ်အသားဝါရောဂါ ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့

  • မျက်လုံးအဖြူသားနဲ့ အသားအရည် ဝါလာခြင်း
  • ဆီးအရောင်ရင့်ပြီး ဝမ်းဖျော့ဖျော့သွားခြင်း
  • အပြင်းအထန်ယားယံခြင်း

အခြေအနေဆိုးလာတာနဲ့ တခြားလက္ခဏာတွေလည်း ပေါ်လာပါတယ်။

  • ဗိုက်အရမ်းနာခြင်း
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • အန်ခြင်းနှင့်ပျို့ခြင်း

ပြွန်ပိတ်ရတဲ့အောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ မောပန်းနေသလို ခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ပြွန်ပိတ်အသားဝါရောဂါ ဖြစ်ပွားစေသလဲ။

ပြွန်ပိတ်အသားဝါရောဂါက အသည်းကနေ အူဆီကို သည်းခြေရည်စီဆင်းတဲ့လမ်းကြောင်းပိတ်သွားပြီး သွေးထဲရောက်သွားတာကနေ ဖြစ်လာပါတယ်။ ပိတ်ရတဲ့အကြောင်းရင်းတွေမှာ သည်းခြေကျောက်တည်တာ ဒါမှမဟုတ် သည်းခြေပြွန်နဲ့ အူသိမ်ဦးဆက်တဲ့နေရာတစ်ဝိုက်မှာ အကျိတ်ဖြစ်တာတွေပါဝင်ပါတယ်။ ဒီလိုအကျိတ်ဖြစ်တာက ကင်ဆာလည်းဖြစ်နိုင်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာက ဆက်တဲ့နေရာဖြစ်တဲ့ ampulla of Vater (မုန့်ချိုအိတ်နဲ့ အူသိမ်ဦးကိုဆက်သောနေရာ) မှာ အဖြစ်များတာကြောင့် သူကလည်း အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ပြွန်ပိတ်အသားဝါရောဂါဖြစ်နိုင်တဲ့ တခြားအခြေအနေတွေကတော့ သည်းခြေပြွန်ကို ဖိအားများစေတဲ့ ပြန်ရည်ကျိတ်ရောင်ခြင်း၊ (ယခင်က ပိုးဝင်ဖူးခြင်း သို့မဟုတ် ခွဲစိတ်ဖူးခြင်းမှ) အမာရွတ်တစ်ရှူးဖြစ်ခြင်း သို့မဟုတ် အရည်အိတ်တည်ခြင်းတို့ ဖြစ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက ပြွန်ပိတ်အသားဝါရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

ပြွန်ပိတ်အသားဝါရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ပြွန်ပိတ်အသားဝါရောဂါက ပြင်းထန်တဲ့ရောဂါဖြစ်ပြီး သေနှုန်းမြင့်တဲ့အတွက် စောစောသိဖို့က အရေးကြီးပါတယ်။ စောစောသိရတဲ့အခါ ပိတ်ရတဲ့အကြောင်းကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် လက္ခဏာတွေကိုသက်သာစေမယ့် ကုသမှုတွေကိုသာပေးနိုင်မှာဖြစ်ပြီး တစ်သက်လုံးဆေးသုံးစွဲနေရပါမယ်။

ပြွန်ပိတ်အသားဝါရောဂါကို စစ်ဆေးမှုအမျိုးမျိုးနဲ့ အတည်ပြုနိုင်ပါတယ်။ ဘီလီရူဘင်လယ်ဗယ်ကို သွေးစစ်ကြည့်ခြင်းအပြင် အသည်းနဲ့သည်းခြေပြွန် အာထရာဆောင်းရိုက်ကြည့်ခြင်းက ပြွန်ပိတ်ရတဲ့အကြောင်းရင်းကို သိနိုင်ပါတယ်။ CT scan ကလည်း ပိတ်ရတဲ့အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာ အထောက်အကူရပါတယ်။

ပြွန်ပိတ်အသားဝါရောဂါ ကို ဘယ်လိုကုသလဲ။

အောက်ခံအကြောင်းရင်ပေါ်မူတည်ပြီး သည်းခြေကျောက်ကြောင့်ဆိုရင်တော့ ဆရာဝန်က ကနဦးမှာ အနာသက်သာဆေးတွေ၊ ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။

Percutaneous Transhepatic Cholangiography (PTC) ဆိုတဲ့ လုပ်ထုံးနဲ့တွဲပြီး အရေပြားကနေတစ်ဆင့် သည်းခြေရည်ဖောက်ထုတ်ခြင်းလုပ်ထုံးကိုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ အသည်းမှာစုပုံနေတဲ့ သည်းခြေရည်တွေကို ဒီနည်းနဲ့ ထုတ်ပေးနိုင်ပါတယ်။ အတိအကျကုသမှုတွေကတော့ အသားဝါရောဂါဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။

သည်းခြေကျောက်ကြောင့်ဆိုပါက မှန်ပြောင်းကြည့်ပြီး သည်းခြေပြွန်ကနေကျောက်ဖယ်ထုတ်တာကို လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုမစခင်မှာ သည်းခြေပြွန်ပိတ်တာကို ခဏတာသက်သာစေဖို့ မှန်ပြောင်းကနေစတင့် လမ်းကြောင်းလွှဲတာမျိုး၊ ပိုးဝင်တာသက်သာစေဖို့ ဆေးပေးတာမျိုး လုပ်ထားနိုင်ပါတယ်။ အဲ့ဒီနောက် ဝမ်းခေါင်းတွင်းကြည့် မှန်ပြောင်းကနေတစ်ဆင့် သည်းခြေအိတ်ကို ဖယ်ထုတ်ပစ်ဖို့ အကြံပြုနိုင်ပါတယ်။

ပြွန်ပိတ်အသားဝါရောဂါရောဂါရဲ့ဇစ်မြစ်က ကင်ဆာအကျိတ်ကြောင့်ဆိုရင် အကျိတ်ကိုခွဲထုတ်မှသာ လူနာအတွက် ရေရှည်အခြေအနေကောင်းပါလိမ့်မယ်။

ကံဆိုးတာက ကင်ဆာကျိတ်ရှိတဲ့လူနာအများစုက ခွဲစိတ်မှုလုပ်ဖို့မသင့်တော်ကြဘူး။ ဒါကြောင့် ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးတွေကို ရွေးချယ်ရပါတယ်။ ဒီလိုလူနာတွေအတွက် ပြွန်ပိတ်အသားဝါရောဂါကို သက်သာစေနိုင်တာက ကင်ဆာဆိုတာသချာတာနဲ့ မှန်ပြောင်းကိုသုံးပြီး ဒါမှမဟုတ် ဓါတ်မှန်ကိုသုံးပြီး လမ်းလွှဲပြွန်ထည့်တာမျိုး ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပြွန်ပိတ်အသားဝါရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

သည်းခြေကျောက်တည်ပြီး အသားဝါရောဂါမရဖို့ ကျန်းမာသော မျှတသောအစားအသောက်တွေကို စားသုံးပါ။ အဆီများတာတွေ အရက်တွေကိုရှောင်ပါ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement