backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Measles (ဝက်သက်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Measles (ဝက်သက်ရောဂါ) ကဘာလဲ။

ဝက်သက် ဒါမှမဟုတ် ဂျိုက်သိုး ရောဂါဟာ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါဆိုတာ တအားကိုကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး ၎င်းက ပိုးရှိတဲ့ချွဲတွေ သွားရည်တွေကနေတစ်ဆင့် ပြန့်နှံကူးစက်ပါတယ်။ ဒီရောဂါပိုးရှိသူဟာ သူတို့ချောင်းဆိုးချိန် နှာချေချိန်မှာ လေထဲကိုပိုးတွေ ထုတ်လွှတ်လိုက်သလိုဖြစ်တတ်ပါတယ်။

Measles (ဝက်သက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဝက်သက် ဗိုင်းရပ်စ် ရောဂါပိုးဟာ မျက်နှာပြင်အမျိုးမျိုးမှာ အချိန်အကြာကြီး ရှင်သန်နေပါတယ်။ ပိုးရှိတဲ့ အမှုန်လေးတွေက လေထဲတွေ မျက်နှာပြင်အမျိုးမျိုးတွေမှာ ကျလာခြင်းကြောင့် အဲ့ဒီအမှုန်တွေနဲ့ နီးကပ်စွာရှိနေမယ်ဆို ပိုးကကူးစက်နိုင်ပါတယ်။ ကူးစက်ခံထားရတဲ့လူရဲ့ သောက်ပြီးသားခွက် ဒါမှမဟုတ် သူစားသောက်ထားတဲ့ ပန်းကန် အသုံးအဆောင်တွေကို အတူတူ သုံးမိမယ်ဆိုပါက ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ဝက်သက်ရောဂါဟာ ကလေးသေနှုန်းရဲ့ ထိပ်ဆုံးအကြောင်းအရင်းတွေထဲမှာပါနေပါတယ်။ ၂၀၁၄မှာ ဝက်သက်ရောဂါကြောင့်သေဆုံးမှုဖြစ်တဲ့ ၁၁၄၉၀၀ ယောက်သေဆံးမှုမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အစီရင်ခံတင်ပြထားတာက ဒီသေဆုံးမှုမှာ အများဆုံးခံရတဲ့သားကောင်တွေကတော့ အသက်၅နှစ်အောက်ကလေးငယ်တွေဖြစ်ပါတယ်တဲ့။

(တစ်ခြား သတင်းအချက်အလက်တွေသိရှိရဖို့ သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

လက္ခဏာများ

Measles (ဝက်သက်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝက်သက်ရောဂါရဲ့ လက္ခဏာတွေဟာ ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၁၄ရက်အတွင်းမှာ များသောအားဖြင့်ပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

  • ချောင်းဆိုးခြင်း
  • ဖျားနာခြင်း
  • မျက်လုံးနီရဲခြင်း
  • အလင်းရောင်ကိုမခံနိုင်ခြင်း
  • ကြွက်သားနာကျင်ခြင်း
  • နှာစေးခြင်း
  • လည်ပင်းနာခြင်း
  • ပါးစပ်ထဲမှာ အဖြ ူရောင်အစက်များပေါ်ခြင်း

တစ်ကိုယ်လုံးမှာအနီစက်တွေပေါ်လာတယ်ဆိုတာကတော့ ဝက်သက်ရောဂါရဲ့ အကောင်းဆုံးလက္ခဏာပါပဲ။ ဒီလိုအနီစက်တွေက ၇ရက်အထိကြာတတ်ပြီး များသောအားဖြင့် ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၃ရက်ကနေ ၅ရက်အတွင်းပေါ်လာတတ်ပါတယ်။ ဝက်သက်ရောဂါရဲ့ အနီစက်တွေဟာ နီရဲမယ် ယားတဲ့အဖုလေးတွေထမယ် အများအားဖြင့် ခေါင်းပိုင်းမှာစဖြစ်တတ်ပြီး တစ်ကိုယ်လုံးကို တစ်ဖြည်းဖြည်း ပြန့်သွားတတ်ပါတယ်။

(အပေါ်မှာ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာပြောပြတဲ့အချက်တွေသင့်ဆီမှာ ရှိနေတယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့တွေ့သင့်ပါတယ်

  • ရောဂါလက္ခဏာတွေက သက်သာမလာဘူး ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင်
  • အဖျားက ၃၈ဒီဂရီ စင်တီဂရိတ်ထက်များလာတယ်ဆိုရင်
  • တစ်ခြားရောဂါလက္ခဏာတွေသက်သာသွားတယ် ဒါပေမယ့် အဖျားကျန်နေခဲ့တယ်ဆိုရင်

(အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။)

အကြောင်းရင်းများ

Measles (ဝက်သက်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဝက်သက်ရောဂါကို ရူဘီးအိုလာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ် ပိုးက ပိုးကူးစက်ခံရတဲ့ ကလေးတွေ ဒါမှမဟုတ် လူကြီးတွေရဲ့ နှာခေါင်း နဲ့လည်ပင်းထဲက ချွဲတွေမှာ နေထိုင်ပါတယ်။ ရောဂါပိုးကူးစက်ပုံတွေကတော့

  • ရောဂါပိုးရှိသူကို ထိမိကိုင်မိခြင်း
  • ကူးစက်ခံထားရသူကနေ ချောင်းဆိုးခြင်း နှာချေခြင်းတို့ပြ ုလုပ်ချိန် နီးနီးကပ်ကပ်နေထားခြင်း
  • ပိုးအမှုန်အမွှားတွေ ချွဲတွေကပ်နေတဲ့ မျက်နှာပြင်ကို လက်နဲ့ထိမိကိုင်မိခြင်း ပြီးတော့အဲ့လက်နဲ့ပဲ ပါးစပ်ထဲထည့်မိခြင်း၊မျက်လုံးနဲ့နှာခေါင်းကိုပွတ်ခြင်း၊
  • ဒီဗိုင်းရပ်စ်ပိုးဟာ ၂နှစ်နာရီလောက်အထိ ကြာအောင် အသက်ရှင်နေနိုင်ပါတယ်။

အန္တရာယ်ဖြစ်စေသောအချက်များ

ဝက်သက်ရောဂါကို ဘာတွေကြောင့်အန္တရာယ် ပိုဖြစ်စေသလဲ

ဝက်သက်ရောဂါက အဓိကအားဖြင့်တော့ ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ တစ်ချို့သောကလေးမိဘတွေက သူတို့ရဲ့ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ ကြောက်ကြပါတယ် ကာကွယ်ဆေးကနေရမယ့် ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ကြလို့ဖြစ်ပါတယ်။ ဒါပေမယ့်ဝက်သက်ကာကွယ်ဆေးထိုးထားတဲ့ကလေးတွေနဲ့ လူကြီးတော်တော်များများကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို သိပ်ကြုံတွေ့ရတာမျိုးမရှိပါဘူး။ ဗီတာမင်အေ ဓါတ်ချို့တဲ့ခြင်းကလည်း ဝက်သက်ရောဂါဖြစ်စေတဲ့ အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေ ချို့တဲ့ နေတဲ့ကလေးတွေမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရဖို့ အခြေအနေပိုများတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Measles (ဝက်သက်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဝက်သက်ရောဂါလို့ ဘယ်လိုနာမည်တပ်ကြမလဲ။

သင့်ရဲ့ဆရာဝန်က သင့်ရဲ့ အရေပြားကအနီစက်တွေကို စမ်းသပ်ကြည့်ရှုပြီးတော့ ဝက်သက်လို့ အတည်ပြ ုနိုင်ပါတယ် ဒါ့အပြင် ဝက်သက်ရဲ့လက္ခဏာတွေဖြစ်တဲ့ ပါးစပ်ထဲမှာအဖြူစက်ရှိခြင်း၊ဖျားခြင်း၊ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းတို့ကနေလည်း သိနိုင်ပါတယ်။ တကယ်လို့ စမ်းသက်ကြည့်ရှုရုံနဲ့ ရောဂါနာမည်တပ်ဖို့ မသေချာဘူးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ ဆရာဝန်က ဝက်သက်ရောဂါဗိုင်းရပ်စ် ရှိမရှိကို သွေးစစ်ခိုင်းပါလိမ့်မယ်။

Measles (ဝက်သက်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဝက်သက်ရောဂါပျောက်ဖို့အတွက်ဆေးဆိုပြီး မရှိပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေဟာ ၂ပတ် ကနေ ၃ပတ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ သို့သော်လည်း သင့်ဆရာဝန်က အကြံပေးပါလိမ့်မယ်

  • acetaminophen သောက်ဖို့ ဖျားတာနဲ့ ကြွက်သားနာတာတွေသက်သာစေဖို့
  • သင့်ရဲ့ ကိုယ်ခံအားတက်စေဖို့ အနားယူခိုင်းပါမယ်
  • အရည်တွေအများကြီးသောက်ဖို့(တစ်ရက်ကို ရေ၆ခွက်မှ၈ခွက်ထိသောက်ဖို့)
  • ချောင်းဆိုးတာနဲ့ လည်ပင်းနာတာ သက်သာဖို့ အငွေ့နွေးနွေးရှုခိုင်းခြင်းမျိုး
  • ဗီတာမင်အေ သောက်ခိုင်းတာမျိုး

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဝက်သက်ရောဂါ သက်သာစေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ ကဘာတွေလဲ

အောက်မှာပြောပြမယ့် လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကနေ သင့်ရဲ့ ဝက်သက်ရောဂါကို ခံနိုင်ရည်ရှိအောင် ကူညီပေးမှာပါ။

  • ဝက်သက်ရောဂါတစ်ခါကူးစက်ခံထားပြီးသားလူဟာ ပိုးပြီးနေတတ်ပြီး သူတို့ကနောက်တစ်ခါ ကူးစက်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး
  • တကယ်လို့ ဝက်သက်ရောဂါပိုးမပြီးဘူးဆိုရင်တော့ ဝက်သက်ရောဂါကာကွယ်ဆေးထိုးဖို့စဉ်းစားသင့်ပါတယ်။

(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement