backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ကဘာလဲ။

ဒူးခေါင်းရှိအရိုးနုပျော့ခြင်းခြင်း ဒူးခေါင်းဆစ်အတွင်းရှိအရိုးနုများပုံမှန်မဟုတ်ပဲပျော့နေခြင်းဖြစ်သည်။ ထို့ကြောင့် ဒူးခေါင်းရှေ့ပိုင်းနာကျင်ခြင်းကိုဖြစ်စေသည်။ ဒူးခေါင်းရှိအရိုးနုပျော့ခြင်းသည် နှာတာရှည်ဒူးခေါင်းနာခြင်းတွင်အဖြစ်အများဆုံးသောအကြောင်းအရာဖြစ်သည်။ ဒူးခေါင်းရှိအရိုးနုပျော့ခြင်သည် ဒူးခေါင်းအရိုးပုံမှန်မဆက်သောကြောင့်အရိုးနုများပျက်ဆီးခြင်းဖြစ်သည်။ ထိုအခြေအနေကို ဒူးခေါင်းနှင့် ပေါင်ရောဂါဟုခေါသည်။

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာငယ်ရွယ်သော၊ အားကစားသမားများတွင်ပိုဖြစ်တတ်သော်လည်း အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒူးခေါင်းရှိအရိုးနုပျော့ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဒူးခေါင်းပတ်ပတ်လည်တွင်နာခြင်း။ များသောအားဖြင့်ဒူးခေါင်းအရှေ့ ပတ်ပတ်လည် သို့မဟုတ်အနောက်တွင်နာတတ်သည်။ လှေကားအတက်အဆင်းတွင်သိသိသာသာပိုနာတတ်သည်။ ကြာရှည်ထိုင်သူများတွင်ပိုဖြစ်တတ်သည်။

ဒူးခေါင်းလှုပ်ခြင်းကြောင့်အသံများကြားခြင်း(ခရပ်ပစ်တပ်)

ရှားပါးစွာ အချို့အရည်များ(အဖျူးရှင်း) ဒူးခေါင်းတွင်စုပုံတတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒူးခေါင်းအဖုံးသည်များသောအားဖြင့် ဒူးခေါင်းအရွတ်ရှေ့ကသွားသည်။ ဒူးခေါင်းကွေးပါက ဒူးခေါင်းအဖုံးနောက်သို့ဆုတ်ခြင်းနှင့်အတူပေါင်၏အရိုးနုသည်လည်း ရွေ့လျားလာသည်။ အရွတ် တွယ်ဆက်အမျှင် များက ဒူးခေါင်းအဖုံးကို ခြေသလုံးနှင့်ပေါင်ကြွက်သားများအားတွယ်ဆက်ပေးသည်။ ထိုထဲက တစ်ခုခုသာကောင်းစွာမလုပ်နိုင်လျင်ဒူးခေါင်းအရိုးဖုံးကို ပေါင်အရိုးနှင့်ပွတ်တိုက်စေသည်။ ခဏခဏပွတ်တိုက်ပါက ဒူးခေါင်းအရိုးပါးလာပြီး ဒူးခေါင်းရှိအရိုးနုပျော့ခြင်း သို့မဟုတ် အပြေးသမားခြေထောက်ဖြစ်လာလိမ့်မည်။

ပုံမမှန်မဟုတ်သော ဒူးခေါင်းဆစ်အဖုံးလှုပ်ရှားမှုများသည်အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။

မွေးရာပါအခြေအနေကြောင့် မညီညာဖြစ်နေခြင်း

ဒူးခေါင်းကြောအားနည်းခြင်း နှင့် ကွာထရီစတ်( ပေါင်အရှေ့အနောက်ရှိကြွက်သား) အားနည်းခြင်း

စုဆုံသည့်ကြွက်သား နှင့် ခွာပေးသည့်ကြွက်သားမညီမျှခြင်း( ပေါင် အတွင်းနှင့်အပြင်ရှိကြွက်သား)

သင့်ဒူးခေါင်းအဆစ်အားခဏခဏဖိအားပေးခြင်း ဥပမာ မြေးခြင်း စကိတ်စီးခြင်းနှင့်ခုန်ခြင်း

ဒုူးခေါင်းသို့တိုက်ရိုက်ထိခိုက်မှုများ။

ဖြစ်နိုင်ခြေများ

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်။ အရွယ်ရောက်ချိန်နှင့်ငယ်သောသူများတွင်ပိုဖြစ်တတ်သည်။ ဖွံဖြိုးနေသောအချိန်တွင် ကြွက်သားနှင့် အရိုးများအမြန်ဖွံဖြိုးလာခြင်းကြောင့် ခဏတာ ကြွက်သားမညီမျှမှုများဖြစ်တတ်သည်။

လိင်။ မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ ကြွက်သားများပိုနည်းသောကြောင့်ဖြစ်သည်။ ထိုကြောင့် ဒူးခေါင်းပုံမမှန်ခြင်းနှင့် ဒူးခေါင်းဘေးရှိ ဖိအားပိုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

ခြေဖဝါးပြားခြင်း။ ခြေဖဝါးအကွေးမြင့်ခြင်းထက် ပြားနေပါက ဒူးခေါင်းတွင်ပိုဖိအားများစေတတ်သည်။

အရင်ထိခိုက်မှုရှိခြင်း။ ဒူးခေါင်းအရင်ထိခိုက်မှု ဥပမာ အဆစ်ချော်ခြင်းတို့ရှိဖူးကပိုဖြစ်နိုင်သည်။

လှုပ်ရှားမှုများခြင်း။ လှုပ်ရှားမှုများခြင်းသို့မဟုတ် ခဏခဏလေ့ကျင်းခန်းလုပ်ခြင်းတို့ကလည်းဒူးခေါင်းတွင်ဖိအားများစေတတ်သည်။ ထိုကြောင့်ဒီအခြေအနေကိုပိုဖြစ်စေနိုင်သည်။

အဆစ်ယောင်ခြင်း။ အဆစ်ယောင်ခြင်းလက္ခဏာရှိသူများတွင်လည်း ဒီရောဂါပိုဖြစ်နိုင်သည်။ ယောင်နေပါက ဒူးခေါင်းအဖုံးပုံမှန်အလုပ်လုပ်ခြင်းကိုတားဆီးသောကြောင့်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဟု ဒူးခေါင်းအရှေ့ပိုင်းနာခြင်း အဓိကအားဖြင့် ဆယ်ကျော်သက်မိန်းကလေးများနှင့် ငယ်သောသူများတွင်ရှိပါက သတိထားသင့်သည်။ ကွာဒရီဆက် ကြွက်သားမာချိန်တွင် ဒူးခေါင်းအားလက်ဖြင့်ဖိထားခြင်းကြောင့်လည်းနာနိုင်သည်။ ထိုအရာကို ရှရက် လက္ခဏာရှိသည်ဟုဆိုသည်။ ပုံမှန်အားဖြင့် ဒူးခေါင်းဖောင်းခြင်း အရည်ရှိခြင်းနှင့်မတွဲတတ်ပါ။

ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် သံဓါတ်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်းတို့ကို ဒူးခေါင်းနောက်ပိုင်းယောင်မယောင်အတွင်သေချာစေရန်သုံးသည်။

Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း) ကို ဘယ်လိုကုသပါသလဲ

အဓိကကုသမှု၏ရည်ရွယ်ချက်မှာ ဒူးခေါင်းဆစ်အား ဖိအားလျော့ချစေရန်ဖြစ်သည်။ အနားယူခြင်း၊ ရေခဲကပ်ခြင်းတို့က ပထမဆုံးကုသနည်းများဖြစ်သည်။ အရိုးနုပျက်ဆီးခြင်းကြောင့် ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဖြစ်ပြီး အနားယူလိုက်ရုံဖြင့်ပြန်သက်သာသွားနိုင်သည်။

ဆရာဝန်မှ အပါတ်အနည်းငယ်ထိ အယောင်ကျဆေး ဥပမာ အိုင်ဗျူပရိုဖန် ကိုပေးလိမ့်မည်။ ဖောင်းခြင်း နာခြင်းဆက်ရှိနေပါက အောက်ပါကုထုံးများလုပ်နိုင်သည်။

ရုပ်ပိုင်းဆိုင်ရာကုထုံး

ဒီကုထုံးသည် ကွာဒရီဆက် ဒူးကောက်ကြော စုစုံကြွံက်သား ခွာပေးသောကြွက်သားများသန်မာလာစေခြင်း ထိန်းညှိနိုင်ခြင်းများခြင်းတို့ကိုဖြစ်စေသည်။ ကြွက်သားများကောင်းမွန်စွာထိန်းညှိနိုင်ခြင်းကြောင့် ဒူးခေါင်းအဆစ်လွဲခြင်းကိုပိုကောင်းလာစေသည်။

အဓိကအနေနှင့်အလေးမပါသော အားကစားများ ဥပမာ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းအားပေးသည်။ ထို့အပြင် လှုပ်ရှားမှုမပါသောလေ့ကျင့်ခန်းများ ဥပမာ ကြွက်သားတင်းခြင်းပျော့ခြင်းလုပ်သောနည်းများကလည်း ကြွက်သားကြီးလာစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဒူးခေါင်းရှိအရိုးနုပျော့ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဒူးခေါင်းရှိအရိုးနုပျော့ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ဒူးခေါင်းကိုထပ်ခါထပ်ခါဖိအားပေးခြင်းရှောင်ပါ။ ဒူးခေါင်းကိုကြာရှည်အသုံးပြုရမည်ဆိုပါက ဒူးခေါင်းအစွပ်ကိုသုံးပါ။

ကြွက်သားထိန်းညှိမှုမှန်စေရန် ကွာဒရီဆက် စုဆုံကြွက်သားခွာပေးသောကြွက်သားကိုသန်မာအောင်လုပ်ပါ။

ခြေဖဝါးပြားခြင်းကိုပြင်ပေးထားသောဖိနပ်ကိုစီးပါ။ ထိုကြောင့်ဒူးခေါင်းအားဖိသော ဖိအားကိုနည်းစေပြီး ဒူးခေါင်းအထိန်းကိုပုံမှန်စေသည်။

နောက်ဆုံး ကိုယ်အလေးချိန်ထိန်းပါ။ ကျန်းမာသောကိုယ်အလေးချိန်ထိန်းခြင်းဖြင့်ဒူးခေါင်းနှင့်အခြားအဆစ်များအားဖိအားများစေခြင်းကိုလျော့ချနိုင်သည်။ ပိန်စေရန် သကြားလျော့စားခြင်း အဆီလျော့စားခြင်း အသီးအရွက် များများစားခြင်း တစ်ပါတ် ငါးရက် တစ်ရက်အနည်းဆုံး နာရီဝက်လောက်အားကစားလုပ်ခြင်းတို့ပြုလုပ်သင့်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement