backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bleeding disorder (သွေးမတိတ်ရောဂါ)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bleeding disorder (သွေးမတိတ်ရောဂါ) ကဘာလဲ။

သင့်ခန္ဓါကိုယ်ကသွေးတွေ ပုံမှန်အတိုင်း ခဲမသွားနိုင်တဲ့ အခြေအနေမျိုးကို သွေးမတိတ်ရောဂါလို့ ခေါ်ပြီး သွေးခဲခြင်းဆိုတာကတော့ သွေးရည်ဘဝကနေ သွေးခဲအဖြစ်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကိုဆိုလိုပါတယ်။ သင်ထိခိုက်ဒါဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ထဲကနေ သွေးပမာ အမြောက်အများ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့အတွက် သင့်သွေးတွေဟာ စတင်ပြီး ခဲပေးရပါတယ်။ ဒါပေမယ့် အကြောင်းတစုံတရာကြောင့် ပုံမှန်အတိုင်း သွေးမခဲနိုင်တဲ့အခါ ပမာဏများပြားစွာ သွေးထွက်လွန်ခြင်း၊ကြာရှည်စွာ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်လာပါတော့တယ်။ သွေးမတိတ်နိုင်ခြင်းဟာ ခန္ဓါကိုယ်ရဲ့ အပြင်ဖက်မှာရော၊အတွင်းဖက်မှာပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အချို့သော သွေးမတိတ်ရောဂါတွေကြောင့် သင့်ခန္ဓါကိုယ်ထဲက သွေးအများအပြား ဆုံးရှုံးရနိုင်ပါတယ်။ သွေးမတိတ်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်တတ်သလို ဦးနှောက်ကဲ့သို့သော အဓိကအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။

အဖြစ်အများဆုံး သွေးမတိတ်ရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • Hemophilia A နဲ့ B —- သင့်သွေးကိုခဲစေတဲ့ ဓါတ်ပစ္စည်းတွေရဲ့ ပမာဏနည်းပါးတဲ့အတွက် ဒီရောဂါဖြစ်လာရပြီး အဆစ်အမြစ်တွေထဲမှာ မူမမှန်တဲ့ သွေးယိုစီးမှုကို ပြင်းထန်စွာ ဖြစ်ပွားစေပါတယ်။ ဒီရောဂါဟာ ရှားပါးပေမယ့် ဖြစ်ပြီဟေ့ဆိုရင်လည်း အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
  • Factor II, V, VII, X, သို့မဟုတ် XII ဓါတ်များ ချို့တဲ့ခြင်း —- အဆိုပါ ဓါတ်တွေ လျော့နည်းချို့တဲ့ရင်လည်း သွေးခဲခြင်းကို အနှောင့်အယှက်ပေးတဲ့အတွက် မူမမှန်သွေးယိုစီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Von Willebrand’s ရောဂါကတော့ အဖြစ်အများဆုံး မွေးရာပါ သွေးမတိတ်ရောဂါ ဖြစ်ပါတယ်။ သွေးခဲခြင်းကို ကူညီပေးတဲ့ Von Willebrand factor လို့ခေါ်တဲ့ ပစ္စည်းလေးတမျိုး မရှိခြင်းကြောင့် ဒီရောဂါဖြစ်ပေါ်လာရပါတယ်။

Bleeding disorder (သွေးမတိတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Bleeding disorder (သွေးမတိတ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးမတိတ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

သွေးမတိတ်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေဟာ ရောဂါအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

အဖြစ်အများဆုံး လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အကြောင်းရင်းမရှိဘဲ သွေးခြေဥလွယ်ခြင်း။
  • ဓမ္မတာများခြင်း။
  • မကြာခဏ နှာခေါင်းသွေးလျှံတတ်ခြင်း။
  • ဒါဏ်ရာအသေးစားလေးများမှ သွေးအလွန်အကျွံထွက်တတ်ခြင်း။
  • အဆစ်များထဲတွင် သွေးယိုစီးခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Bleeding disorder (သွေးမတိတ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက သွေးမတိတ်ရောဂါ ဖြစ်ပွားစေသလဲ။

သင့်ခန္ဓါကိုယ်ထဲက သွေးတွေခဲသွားဖို့အတွက် သွေးမွှားဥတွေနဲ့ သွေးခဲစေတဲ့ ပရိုတင်းတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာ သွေးမတိတ်ရောဂါရှိနေတယ်ဆိုရင် သွေးမွှားဥ ဒါမှမဟုတ် သွေးခဲစေတဲ့ ပရိုတင်းတွေ လုံလုံလောက်လောက် မရှိဘူး ဒါမှမဟုတ် ပုံမှန်ပမာဏရှိသော်ငြား ကောင်းစွာ အလုပ်မလုပ်ဘူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ သွေးမတိတ်ရောဂါအများစုဟာ မျိုးရိုးလိုက်ပြီး မိဘကနေ သားသမီးဆီကို လက်ဆင့်ကမ်းပါတယ်။ ဒါပေမယ့် အသည်းရောဂါကဲ့သို့သော အခြေအနေတွေကြောင့်လည်း အချို့သော သွေးမတိတ်ရောဂါအမျိုးအစားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အောက်ပါအချက်တွေကြောင့် သွေးမတိတ်ရောဂါ ဖြစ်လာနိုင်ပါတယ်။

  • သွေးနီဥနည်းပါးခြင်း။
  • ဗီတာမင် K ချို့တဲ့ခြင်း။
  • အချို့သော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရခြင်း။

သွေးခဲတဲ့ဖြစ်စဉ်ကို အနှောင့်အယှက်ပေးတဲ့ ဆေးဝါးတွေကိုတော့ သွေးကျဲဆေးလို့ခေါ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bleeding disorder (သွေးမတိတ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်အချက်အလက်တွေသိနိုင်ဖို့ ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bleeding disorder (သွေးမတိတ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးမတိတ်ရောဂါ ဟုတ်မဟုတ်ကို အဖြေရှာအတည်ပြုနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ သင့်ရောဂါလက္ခဏာတွေရယ်၊ရောဂါရာဇဝင်တွေရယ်ကို မေးမြန်းပါလိမ့်မယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေကိုလည်း ပြုလုပ်မှာပါ။ ဆရာဝန်နဲ့ ပြသတဲ့အချိန်မှာ အောက်ပါအချက်တွေကို မမေ့မလျော့ပြောပြပါ။

  • သင်လက်ရှိသုံးစွဲနေသောဆေးများ။
  • သုံးစွဲဖို့အစီအစဉ်ရှိတဲ့ ဆေးဝါးများ၊ဖြည့်စွက်ဆေးများ။
  • လတ်တလော ထိခိုက်ဒါဏ်ရာရရှိထားခြင်း၊အမြင့်မှပြုတ်ကျခြင်း ရှိမရှိ။
  • မကြာခဏသွေးထွက်ခြင်း ရှိမရှိ။
  • သွေးတခါထွက်လျင် ကြာချိန်။

သွေးမထွက်ခင် ဘာတွေလုပ်နေလဲ စသဖြင့်ပေါ့။

အချက်အလက်တွေ စုဆောင်းပြီးတဲ့အခါ ရောဂါကို ပိုမိုတိကျစွာ အဖြေထုတ်နိုင်ဖို့အတွက် သွေးစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အဆိုပါ သွေးစစ်ဆေးမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးနီဥတွေနဲ့ သွေးဖြူဥတွေရဲ့ ပမာဏကို တိုင်းတာခြင်း။
  • သွေးမွှားဥတွေတခုနဲ့တခု ကောင်းစွာ ကပ်ခဲသွားခြင်းရှိမရှိကို စစ်ဆေးခြင်း။

သွေးထွက်နေတာကို တိတ်ဖို့အချိန်ဘယ်လောက်ကြာသလဲဆိုတာကို တိုင်းတာခြင်း။

Bleeding disorder (သွေးမတိတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

သွးမတိတ်ရောဂါအမျိုးအစားနဲ့ ပြင်းထန်မှုတို့အပေါ်မူတည်ပြီးတော့ ကုသမှုပုံစံတွေ ကွဲပြားပါလိမ့်မယ်။ ကုသလိုက်လို့ ရောဂါအရှင်းမပျောက်သွားနိုင်ဘူးဆိုပေမယ့် ဆက်စပ်ရောဂါလက္ခဏာတွေကိုတော့ သက်သာသွားစေမှာပါ။

ံဓါတ်အားဖြည့်ဆေးဝါးများ သုံးစွဲခြင်း

သွေးအလွန်အကျွံထွက်တာကြောင့် သင့်ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ သံဓါတ်ကို ပြန်လည်ဖြည့်ပေးဖို့အတွက် သံဓါတ်အားဖြည့်ဆေးဝါးတွေ သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ သံဓါတ်လျော့နည်းခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်စေနိုင်တဲ့အတွက်ပါ။ သွေးအားနည်းရောဂါဖြစ်လာပြီဆိုရင် သင့်အနေနဲ့ အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ သံဓါတ်အားဖြည့်ဆေးဝါးတွေ သုံးစွဲရုံနဲ့ ရောဂါလက္ခဏာတွေ မသက်သာလာဘူးဆိုရင်တော့ သွေးသွင်းကုသမှုခံယူရပါမယ်။

သွေးသွင်းကုသခြင်း

ဆုံးရှုံးသွားတဲ့ သွေးတွေကို သွေးလှူရှင်ဆီက သွေးအကူအညီနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သွေးလက်ခံမယ့်လူနဲ့ သွေးလှူမယ့်လူတို့ရဲ့ သွေးအုပ်စုတွေ တူညီရပါမယ်။ ဒါမှသာ မလိုလားအပ်တဲ့ ပြဿနာတွေကနေ ရှောင်ရှားနိုင်မှာပါ။ သွေးသွင်းကုသခြင်းကို ဆေးရုံမှာပဲ ပြုလုပ်ရပါမယ်။

အခြားကုသမှုများ

အချို့သော သွေးမတိတ်ရောဂါတွေကို လိမ်းဆေး သို့မဟုတ် နှာခေါင်းတွင်းဖြန်းဆေးတွေကို အသုံးပြုပြီး ကုသပေးနိုင်ပါတယ်။ ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါကိုတော့ သွေးခဲစေတဲ့ ပစ္စည်းလေးတွေကို အစားထိုးပေးခြင်းအားဖြင့် ကုသနိုင်ပါတယ်။ အဆိုပါ သွေးခဲစေတဲ့ ပစ္စည်းလေးတွေကို သွေးကြောထဲ ထိုးသွင်းရမှာပါ။ ဒီလိုထိုးသွင်းပေးခြင်းအားဖြင့် သွေးအလွန်အကျွံထွက်ခြင်းကို ကာကွယ်နိုင်၊ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ သင်ဟာ သွေးခဲစေတဲ့ ပစ္စည်းလေးတွေ ချို့တဲ့နေမယ်ဆိုရင် လတ်ဆတ်တဲ့သွေးရည်ကြည်ကိုလည်း သွင်းပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ သွေးရည်ကြည်မှာ သွေးခဲဖို့အတွက် အရေးတကြီးလိုအပ်တဲ့ ပရိုတင်းနှစ်မျိုးဖြစ်တဲ့ factors V နဲ့VIII တို့ ပါဝင်ကြပါတယ်။ သွေးသွင်းကုသခြင်းကို ဆေးရုံမှာပဲ ပြုလုပ်ရမှာပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးမတိတ်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement