ထိခိုက်လွယ်အသားအရေ (sensitive skin) ပိုင်ရှင်တွေဟာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ သုံးရင်းနဲ့ အရေပြားမှာလောင်တာ၊ နီရဲလာတာ၊ အသားအရေခပ်တင်းတင်းဖြစ်နေတာတွေ ကြုံရတတ်ပါတယ်။ အလှကုန်တွေ၊ skin care ပစ္စည်းတွေထဲမှာ ဓါတုပစ္စည်း တွေ အများကြီးပါဝင်သလို အတော်များများကိုလည်း ခန္ဓါကိုယ်က စုပ်ယူသွားတာဖြစ်ပါတယ်။ ကိုယ်သုံးမယ့် skin care ပစ္စည်းတွေမှာ လူကိုထိခိုက်စေနိုင်မယ့် ဓါတုပစ္စည်းတွေ(BHA/BHT၊ Sodium Borate / Boric Acid၊ Triclosan၊ Formaldehyde၊စသည်)ပါမပါ label မှာ သေချာကြည့်ပါ။ ဥပမာ – ပြဒါး -ပြဒါးဓါတ်ကမကောင်းပါဘူး။ ဒါပေမယ့် အသားဖြူစေဖို့ အလှကုန်တွေမှာ တချို့ကထည့်သုံး ကြပါတယ်။ပြဒါးဟာ ခန္ဓါကိုယ်က အရေပြားကတဆင့်လွယ်ကူစွာစုပ်ယူနိုင်ပြီးပြဒါးဆိပ်သင့်ခြင်းကိုဖြစ်စေတတ်ပါတယ်။
အခုနောက်ပိုင်း အွန်လိုင်းဈေးကွက်မှာခေတ်စားလာတဲ့အသားဖြူဆေးတွေကိုလည်း အသားဖြူဖို့အတွက် အသုံးများလာကြပါတယ်။ တခါသုံးရုံနဲ့ သိသိသာသာ အသားဖြူသွားစေနိုင်တဲ့အကြောင်း နမူနာဗီဒိယိုတွေနဲ့ ကြော်ငြာအားကောင်းလှတဲ့ သူတို့ကိုbleaching creams လို့လည်းခေါ်ကြပါတယ်။ တကယ်တော့ အရေပြားထဲက ရောင်ခြယ် melanin ကိုလျော့နည်း အောင်လုပ်ဆောင်ပေး တဲ့ဆေးတွေဖြစ်ပါတယ်။ Skin bleachingဆေးတွေကို အွန်လိုင်းကနေပဲဖြစ်ဖြစ် ဆိုင်တွေမှာဖြစ်ဖြစ် အလွယ်တကူ ဝယ်ယူနိုင် တာကြောင့် အသုံးများလာကြပါတယ်။ ခဏလောက်နဲ့ ချက်ချင်းအသားဖြူလှပစေမယ်လို့ဆိုပေမယ့် တကယ်တမ်းကျ အန္တရာယ်များ လွန်းပါတယ်။ ဒီလိမ်းဆေးခရင်မ်တွေမှာ အဓိကပါဝင်ပစ္စည်းက ပြဒါးဖြစ်နေလို့ပါ။
ဒါတွေပြောလို့ လန့်မသွားပါနဲ့ဦး။ အသားအရေဖြူဝင်းလှပစေဖို့ဘေးဥပါဒ်ကင်းတဲ့ သဘာဝနည်းတွေရှိတယ်ဆိုပေမယ့် အလားတူအစွမ်းအာနိသင်တွေရှိတဲ့ အရည်အသွေးမြင့် အသားအရေထိန်းသိမ်းရေးပစ္စည်းတွေလည်းရှိနေပါတယ်။ အသားအရေအမြဲတမ်း နုပျိုလှပစိုပြေစေဖို့၊ သဘာဝအတိုင်းလှနေစေဖို့ ကူညီပေးမယ့် ထုတ်ကုန်တွေကိုအသုံးပြုနိုင်ပါတယ်။ ကိုယ်က မိတ်ကပ်တွေကို ဓါတ်မတည့်တာများတယ် ဒါမှမဟုတ် မိတ်ကပ်မလိမ်းချင်ဘူးဆိုရင် မျက်နှာအသားအရေအမြဲကြည်လင်လှပနေဖို့ လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။