backup og meta

အသည်းကင်ဆာအတွက် ဆေးဖက်ဝင်ဆေးများ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာအတွက် ဆေးဖက်ဝင်ဆေးများ

    ဆေးဖက်ဝင်ဆေးများသည် အပင်များ သို့မဟုတ် အပင် ပစ္စည်းများ အရောအနှော ကို အသုံးပြုထားပြီး ရောဂါ ကုသ ရန် နှင့် ခန္ဓါကိုယ်၏ ကာကွယ်နိုင်စွမ်းနှင့် ပြန်လည် ကောင်း မွန်နိုင်စွမ်းကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ ဆေးဖက်ဝင် ဆေးများသည် အသည်းကင်ဆာ ကုသရန်တွင် အသုံးများ ပါသည်။ ဓါတုကုထုံး နှင့် ဆေးများနှင့်အတူ အသုံးပြုသည်။

    အသည်းကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသပါက လုံးဝ ပျောက်ကင်းနိုင်သည်။ ဆေးဖက်ဝင် ဆေးများသည် သင့်ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ယူဆောင် နိုင် သော်လည်း ၎င်းတို့ကို မသုံးမပြုမီ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးသင့်သည်။ ပို၍ စဉ်းစာ ဆင်ခြင်နိုင်ရန် ထို ဆေးဖက် ဝင်ဆေးများအကြောင်းကို ကြည့်ကြရအောင်။

    ၁။ ဇီရာ

    ဇီရာသည် အစေ့ပုံ အသီးရှိသော အပင်တစ်မျိုးဖြစ်ပြီး hepatoma ( အသည်း ကင်ဆာအကျိတ်) နှင့် ကူးစက်ပျံ့ ပွားခြင်းကို ထိန်းချုပ်နိုင်သည်။ ထိုဆေးဖက်ဝင်သည် အသည်းဆဲလ်များကို apoptosis သို့မဟုတ် စီစဉ်၍ ဆဲလ်သေခြင်းဖြင့် သတ်ကာ အသည်းကင်ဆာ အကျိတ်များ ကို လျော့ကျရန် ကူညီသည်။

    ၂။ ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကို ဆေးဖက်ဝင်သော နှင့် ချတ်ပြုတ်နိုင် သော စွမ်းရည်များကြောင့် နှစ်ထောင်ပိုင်းများစွာ ကတည်းက အသုံးပြုလာကြသည်။ ကြက်သွန်ဖြူမှ ဆာလဖာပါသော ဒြပ် ပေါင်း အထူးသဖြင့် alicin နှင့် allin တို့သည် အသည်းကင် ဆာဆဲလ်များ တိုးပွားခြင်းနှင့် ရွေ့ပြောင်းခြင်းကို တားမြစ်နိုင် သည်ဟု ယုံကြည်ကြသည်။

    ၃။ ဆူးလေးပင်

    ဆူးလေးပင်သည် အသည်းကို သန်မာစေသည်ဟု သိကြ ပါသည်။ ထိုဆေးဖက်ဝင်သည် ဓါတုကုထုံး ခံယူနေစဉ် အတွင်း အသည်းကို ကာကွယ်ပေးနိုင်သည်ဟု သက်သေ ပြနိုင်ပြီး ဖြစ်သည်။

    ၄။ Wheetgrass

    Wheetgrass သည် သွေးသန့်ဆေး၊ အသည်းနှင့် ကျောက်ကပ်ကို သန့်ရှင်းစေသော ဆေးအဖြစ် ဆောင်ရွက် ပေးသည်။ လေ့လာမှုများအရ နေ့စဉ် အသုံးပြုပြီး နှစ်ပတ် အကြာတွင် သွေးနှင့် တစ်ရှူးတွင်း အောက်စီဂျင် ပမာဏ များလာပြီး သွေးလှည့်ပတ်ခြင်းလည်း တိုးတက်ကောင်းမွန် လာသည်။

    ၅။ Echinacea

    Echinacea ကို ကိုယ်ခံအားစနစ် မြင့်တင်ဆေးဟု သိကြ ပါသည်။ ထိုဆေးဖက်ဝင်သည် အအေးမိခြင်းကို ကုသရာ တွင် နာမည်ကျော်ကြားသည်။ လေ့လာမှုများအရ ၎င်းသည် ခန္ဓါကိုယ်တွင်း ကိုယ်ခံအားနှင့်ဆိုင်သော သွေးဖြူဥ ပမာဏ ကို များစေသည့်အပြင် ဦးနှောက်ကင်ဆာတွင်လည်း အကူ အညီဖြစ်စေသည်။

    ၆။ သွေးမြစ်

    လေ့လာချက်များအရ သွေးမြစ်တွင် လျောကန်သော ကင်ဆာ တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ၎င်းသည် ကင်ဆာအကျိတ်များကို တိုက်နိုင်သည်ကိုလည်း ပြသပြီး ဖြစ်သည်။

    ၇။ Astrgalus

    Astrgalus သည် တရုတ်ဆေးဖက်ဝင်တစ်မျိုး ဖြစ်ပြီး ကိုယ်ခံအား စနစ်ကို ထောက်ပံ့ပေးပြီး ခန္ဓါကိုယ်မှ သဘာဝ အတိုင်း interferon ထုတ်မှုကို လှုံ့ဆော်ပေးသည်။ ၎င်းသည် လေလွင့်နေသော ဆဲလ်များကို ကိုယ်ခံအားစနစ်က ရှာဖွေ ဖော်ထုတ်နိုင်ရန်လည်း ကူညီပေးသည်။

    ၈။ Butcher broom

    ဤ ဆေးဖက်ဝင်၏ ပါဝင်ပစ္စည်း တစ်ခုသည် ruscogenins ဖြစ်ပြီး ၎င်းတွင် အကျိတ်ကို သေးစေသော၊ အရိုးဖြစ်ပေါ်မှုကို ဆန့်ကျင်သော စွမ်းရည်များ ရှိသည်။

    ၉။ PAU D’AECO

    ဤအပင်၏ သစ်ခေါက်သည် အစွမ်းထက်သော ကင်ဆာ ဆန့်ကျင်ပစ္စည်းဟု ပထမဦးစွာ တွေးထင်ကြသည်။ သို့သော် နောက်ပိုင်းတွင် ၎င်း၏ လှုပ်ဆောင်မှုများမှာ ဘတ်တီးရီးယား၊ မှိုနှင့် အဏုဇီဝ ပိုးကောင်များကို တိုက်ထုတ်သည်ဟု ရှင်းလင်းကြသည်။

    ထိုလှုပ်ဆောင်မှု သည်လည်း အချို့ အသည်းကင်ဆာ ဖြစ်ပွားမှုများတွင် လုံလောက်သည်။ ပါဝင်ပစ္စည်းများအပေါ် လေ့လာမှု အသစ် များအရ quinoids သည် ကိုယ်ခံအားကို သန်မာစေပြီး သွေး နှင့် ပြန်ရည်ကြော ကင်ဆာများတွင် အကူအညီရပုံ ပေါ်ပါ သည်။

    ၁၀။ Sweet Wormwood

    ၎င်းသည် တရုတ် ဆေးဖက်ဝင်တစ်မျိုး ဖြစ်ပြီး ငှက်ဖျား ကာကွယ်ဆေး အချို့ထက် ပိုအစွမ်းထက်သည်။ အကူအညီ ပေးသော အေဂျင်စီများတွင် ယခုအသုံးပြုနေသည်။ ၎င်း သည် အဏုဇီဝ ပိုးကောင်များနှင့် မှိုများကို ကောင်းစွာ တိုက် ထုတ်နိုင်သည်။

    Candida မှိုကို ဆန့်ကျင်သော စားသောက် မှု ပုံစံ၏ ထိရောက်သော အစိတ်အပိုင်းတစ်ခုအဖြစ် အသုံး ပြုနိုင်သည်။ အချို့ ကင်ဆာကုသမှုများသည် မှိုများ ပိုပေါက်ခြင်းကို ဖြစ်စေသည် (ဥပမာ သွေးကင်ဆာ ကုသမှု)။ ၎င်းသည် လူနာ၏ ကျန်းမာရေးကို ခြမ်းခြောက်သည်။ မှိုများ အလွန်ပေါက်ခြင်းကို အချို့ ကင်ဆာပညာရှင်များက ကင် ဆာဖြစ်စေသော အကြောင်းရင်းတစ်ခုဟု ပြောသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement