backup og meta

အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ

    အသက်ကြီးတဲ့အထိ သွားလာနိုင်ချင်တယ်၊ အစားတွေကိုကောင်းကောင်းစားနိုင်ချင်ရင် ငယ်ငယ်ကတည်းက အရိုးတွေ၊ သွားတွေကောင်းဖို့လိုပါတယ်။ ကြာကြာဝါးမယ့် သွားအရိုးကြည့်ရှောင်ဖို့ လိုသလို အသက်ကြီးတဲ့အထိ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့ဆိုရင် အစားအစာတွေကို ဂရုစိုက်စားသုံးဖို့လိုပါမယ်။ အစားအစာတစ်ခုတိုင်မျာ သူ့အာဟာရနဲ့သူရှိသလို ခန္ဓါကိုယ်အတွက် တစ်နည်းနည်းနဲ့ အထောက်အပံ့ပေးနေတာပါပဲ။ ဒီတစ်ခေါက်တော့နေ့စဉ်လှုပ်ရှားမှုတွေအတွက် အဓိကဇာတ်လိုက်ဖြစ်တဲ့ အရိုးတွေ သန်မာဖို့ ဘာတွေစားပေးသင့်လဲပြောပြပါရစေနော်။

    အရိုးသန်မာဖို့ ဒါတွေစားပေးပါ

    အာဟာရမျှတတဲ့ အစားအစာတွေက အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အရိုးအတွက်လုံလောက်တဲ့ အာဟာရတွေ မရရှိတဲ့အခါ အရိုးပွတာ၊ အရိုးပျော့တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် သန်မာကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင်နိုင်စေဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှ အခုပြောပြမယ့် အစားအစာလေးတွေကို ပါဝင်အောင် ဂရုစိုက်စားသုံးပေးပါ။

    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

    ကိုက်လန်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေမှာ အရိုးသန်မာဖို့ လိုအပ်တဲ့ ဓါတ်တွေပါဝင်နေတာကြောင့် တစ်နေ့ကို တစ်ခွက်စာလောက်တော့ စားသုံးပေးပါ။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးက အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးသလို Oxidative stressတွေကြောင့် အရိုးပါးလာတာမျိုးတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အရိုးကြံ့ခိုင်ကျန်းမာဖို့ဆိုရင် ခရမ်းချဉ်သီးကလည်းမေ့ထားလို့ မဖြစ်ပါဘူး။

    ကြက်သွန်နီ

    မီးဖိုချောင်ထဲကဆေးစွမ်းတစ်လက်ပါ။ ကိုယ်ခံအား ကောင်းစေဖို့ အထောက်အကူပြုပေးသလို အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့လည်း အားဖြည့်ပေးပါတယ်။ ကြက်သွန်နီမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D အပါအဝင် အရိုးကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။

    သဖန်းသီး

    အရိုးသန်မာအောင်စားပေးသင့်တဲ့ အသီးတွေထဲမှာ သဖန်းသီးကလည်း ထိပ်ဆုံးကနေပါဝင်နေတာပါ။ တစ်နေ့ကို သဖန်းသီး ၅ လုံးလောက်စားပေးမယ်ဆိုရင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်အပါအဝင် အရိုးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ၉၀ မီလီဂရမ်လောက်ရရှိစေမှာပါ။

    ပဲပြား

    ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးတွေသန်စွမ်းစေဖို့ စားပေးသင့်ပါတယ်။ ပဲပြားခွက်တစ်ဝက်စာမှာ ကယ်လ်ဆီယမ် ၈၀၀ မီလီဂရမ်ပါဝင်နေပြီး သွေးဆုံးပြီးအမျိုးသမီးတွေအနေနဲ့ အရိုးပွတာနဲ့ အရိုပါးတာတွေ ကင်းဝေးချင်တယ်ဆိုရင် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပေါ့။

    လိမ္မော်ရည်

    တစ်နေ့တာကို လိမ္မော်ရည်လေး တစ်ခွက်သောက်ပြီး စတင်တာကလည်း တစ်နေ့တာလုံးလန်းဆန်းပြီး အရိုးတွေ သန်မာစေဖို့အတွက်ပါ အထောက်အကူဖြစ်စေမှာပါ။ လိမ္မော်ရည်က ကယ်လ်ဆီယမ်ကြွယ်ဝသလို ဗီတာမင် D လည်းပါဝင်နေတာကြောင့် တစ်နေ့တစ်ခွက်တော့သောက်ပေးသင့်ပါတယ်။

    နို့

    နို့က အရွယ်သုံးပါးစလုံး သောက်သင့်ပါတယ်။ တစ်နေ့ကို နို့တစ်ခွက် ပုံမှန်သောက်သုံးတာက အရိုးတွေ သန်မာစေဖို့ အမှန်တကယ် အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်နေ့တိုင်း နို့တစ်ခွက်သောက်ပြီး အရိုးတွေကို ထိန်းသိမ်းပါ။ ပဲနို့၊ အုန်းနို့ လိုမျိုး အပင်ကနေရတဲ့ နို့တွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။

    ဒိန်ချဉ်

    ဒိန်ချဉ်က ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက် တစ်ခုပါ။ တစ်နေ့ကို ဒိန်ချဉ်တစ်ခွက်သောက်မယ်ဆိုရင် ကယ်လ်ဆီယမ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိရရှိနိုင်ပါတယ်။

    ချိစ်

    ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ပေါင်မုန့်ကို ချိစ်နဲ့ တွဲစားတာဖြစ်ဖြစ် မနက်စာစားသုံးတဲ့အခါ တစ်ခုခုနဲ့ တွဲဖက်ပြီး စားသုံးတာမျိုးဖြစ်ဖြစ်စားပေးပါ။

    ဆယ်လ်မွန်

    ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတို့လိုမျိုး Omega 3 fatty acid ကြွယ်ဝတဲ့ အစားအစာတွေက အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အရိုးအတွက် လိုအပ်တဲ့ အာဟာရပြည့်ဖို့ ငါးစားသုံးပေးပါ။

    ဥအမျိုးမျိုး

    ကြက်ဥ၊ ဘဲဥတွေရဲ့ အနှစ်တွေထဲမှာ ဗီတာမင် D ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကို ပိုကောင်းစေပြီး အရိုးတွေကို သန်မာစေမှပါ။ ဒါကြောင့် ကြက်ဥ၊ ဘဲဥတွေစားပေးပါနော်။

    ကဲနေ့စဉ်စားသုံးတဲ့အစားအစာတွေကို ဂရုတစိုက်စားသုံးရင်း အရိုးတွေ ကြံ့ခိုင်သန်စွမ်းအောင် ထိန်းသိမ်းလိုက်ကြပါနော်……..

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement